×

ထိုမျှမက သူတို့သည် (သူတို့လုပ်ခဲ့သမျှ ပြစ်မှုဒုစရိုက်များ၏အကျိုးဆက်အဖြစ် အရေးယူတော်မူရန်) အရှင့်ထံတော်မှ စမ်းသပ်မှုရှိခဲ့လိမ့်မည်မဟုတ်ဟု တွက်ချက်မှတ်ယူခဲ့ကြသည့်အတွက် (အမှန်တရားနှင့် အရှင်မြတ်၏သွန်သင်မှုများကို နားလည်နိုင်စွမ်းမရှိကြဘဲ) မျက်ကန်းများနှင့်နားပင်းသူများပမာ 5:71 Burmese translation

Quran infoBurmeseSurah Al-Ma’idah ⮕ (5:71) ayat 71 in Burmese

5:71 Surah Al-Ma’idah ayat 71 in Burmese (البورمية)

Quran with Burmese translation - Surah Al-Ma’idah ayat 71 - المَائدة - Page - Juz 6

﴿وَحَسِبُوٓاْ أَلَّا تَكُونَ فِتۡنَةٞ فَعَمُواْ وَصَمُّواْ ثُمَّ تَابَ ٱللَّهُ عَلَيۡهِمۡ ثُمَّ عَمُواْ وَصَمُّواْ كَثِيرٞ مِّنۡهُمۡۚ وَٱللَّهُ بَصِيرُۢ بِمَا يَعۡمَلُونَ ﴾
[المَائدة: 71]

ထိုမျှမက သူတို့သည် (သူတို့လုပ်ခဲ့သမျှ ပြစ်မှုဒုစရိုက်များ၏အကျိုးဆက်အဖြစ် အရေးယူတော်မူရန်) အရှင့်ထံတော်မှ စမ်းသပ်မှုရှိခဲ့လိမ့်မည်မဟုတ်ဟု တွက်ချက်မှတ်ယူခဲ့ကြသည့်အတွက် (အမှန်တရားနှင့် အရှင်မြတ်၏သွန်သင်မှုများကို နားလည်နိုင်စွမ်းမရှိကြဘဲ) မျက်ကန်းများနှင့်နားပင်းသူများပမာ ဖြစ်လာခဲ့ကြသည်။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် (သူတို့ ပြုပြင်နိုင်ရန် အခွင့်အရေးပေးသည့်အနေ ဖြင့် သူတို့အား လမ်းညွှန်မည့် ပုဂ္ဂိုလ်များ ဖြစ်ပေါ်စေတော်မူလျက် အရှင့်မေတ္တာကရုဏာတော်ဖြင့်) သူတို့ဘက်သို့ လှည့်တော်မူခဲ့၏။ သို့သော်လည်း သူတို့ထဲမှ အများစုမှာ မျက်ကန်းများနှင့်နားပင်းသူများအဖြစ်သာ ဆက်လက်ရှိနေခဲ့ကြ၏။ အလ္လာဟ်အရှင်မြတ်သည် သင်တို့ ပြုမူကျင့်ကြံဆောင်ရွက်သမျှကို အကြွင်းမဲ့ မြင်နေတော်မူသောအရှင် ဖြစ်တော်မူ၏။

❮ Previous Next ❯

ترجمة: وحسبوا ألا تكون فتنة فعموا وصموا ثم تاب الله عليهم ثم عموا, باللغة البورمية

﴿وحسبوا ألا تكون فتنة فعموا وصموا ثم تاب الله عليهم ثم عموا﴾ [المَائدة: 71]

Ba Sein
၇၁။ သူတို့သည် ယင်းကျုးလွန်ခြင်းကြောင့် ဘေးဒုက္ခတစ်စုံတစ်ရာခံစားရမည်မဟုတ်ဟု ထင်မှတ်ကြ၏။ ထို့ကြောင့် သူတို့သည် အမင်္ဂလာ မျက်စိကန်း၊ နားပင်းများဖြစ်ကြ၏။ ထို့နောက် အလ္လာဟ်အသျှင် မြတ်သည် သူတို့ဘက်သို့ သနားကြင်နာခြင်းဖြင့် ရှုတော်မူ၏။ ယင်းသို့ ကျေးဇူးပြုတော်မူပြီးနောက် သူတို့အနက် များလှစွာသောသူတို့သည် ယခုပင် အလိုအလျောက် မျက်ကန်း၊ နားပင်းများ ဖြစ်ကြသေး၏။ အလ္လာဟ်အသျှင်မြတ်သည် သူတို့ပြုလုပ်မှုအလုံးစုံကို အကြွင်းမဲ့မြင်တော်မူသော အသျှင်တည်း။
Ghazi Mohammad Hashim
ထိုမျှမကသေးချေ။ ၎င်းတို့သည် (ယင်းကဲ့သို့ရစူလ်တမန်တော်များကို ငြင်းပယ်ခြင်းနှင့် သတ်ဖြတ်ခြင်းအားဖြင့် မိမိတို့၌) ဘေးဥပဒ်အန္တရာယ် တစ်စုံတစ်ရာမျှ ဆိုက်ရောက်လိမ့်မည်မဟုတ်ဟူ၍ပင် ထင်မြင်ယူဆခဲ့ကြလေသည်။ သို့ဖြစ်သောကြောင့် ထိုသူတို့သည် မျက်စိစုံလုံးကန်းခဲ့ကြလေသည်။ နားပင်းခဲ့ကြလေသည်။ ထို့နောက်တစ်ဖန် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့ဘက်သို့ (မိမိ) ကရုဏာတော်နှင့် ပြန်လှည့်တော်မူ၍ (၎င်းတို့အား အပြစ်မှ ချမ်းသာပေးသနားတော်မူ) ခဲ့လေ၏။ ထို့နောက်သော်မှပင် ယင်းသူတို့အနက် များစွာသောသူတို့သည် မျက်စိစုံလုံးကန်းသူများနှင့် နားပင်းသူများပင် ဖြစ်သွားကြပြန်သည်။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့ကျင့်မူသမျှတို့ကို အကြွင်းမဲ့သိမြင်တော်မူသော အရှင်မြတ်ပေတည်း။
Hashim Tin Myint
ထို့ပြင် သူတို့သည် (ထိုကဲ့သို့ ငြင်းပယ်ခြင်းနှင့် သတ်ဖြတ်ခြင်းသည် သူတို့တွင်) မည်သည့်အန္တရာယ်မှ ကျ‌ရောက်လာမည် မဟုတ်‌ပေဟု ထင်မြင်ယူဆခဲ့ကြသည်။ သို့ဖြစ်ရာ သူတို့သည် မျက်စိကန်းပြီး နားပင်းခဲ့ကြသည်။ ထို့‌နောက်ထပ်မံ၍ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့၏‌သောင်ဗဟ် အမှားဝန်ချ‌တောင်းပန်မှုကို လက်ခံခွင့်လွှတ်‌တော်မူခဲ့သည်။ ထို့‌နောက်လည်း သူတို့ထဲမှ များစွာ‌သောသူများသည် (အမှန်တရားမှ)မျက်စိကန်းပြီး နားပင်းသွားကြပြန်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သူတို့ပြုလုပ်သည်များကို အကြွင်းမဲ့မြင်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek