Quran with Burmese translation - Surah Al-Ma’idah ayat 69 - المَائدة - Page - Juz 6
﴿إِنَّ ٱلَّذِينَ ءَامَنُواْ وَٱلَّذِينَ هَادُواْ وَٱلصَّٰبِـُٔونَ وَٱلنَّصَٰرَىٰ مَنۡ ءَامَنَ بِٱللَّهِ وَٱلۡيَوۡمِ ٱلۡأٓخِرِ وَعَمِلَ صَٰلِحٗا فَلَا خَوۡفٌ عَلَيۡهِمۡ وَلَا هُمۡ يَحۡزَنُونَ ﴾
[المَائدة: 69]
﴿إن الذين آمنوا والذين هادوا والصابئون والنصارى من آمن بالله واليوم الآخر﴾ [المَائدة: 69]
Ba Sein ၆၉။ မှတ်သားကြလော့။ ယုံကြည်သူများ၊ ရဟူဒီအမျိုးသားများ၊ ဆာဘီယင်အမျိုးသားများ၊ ခရစ်ယာန် ဘာသာဝင်များ၊ အကြင်သူတို့သည် အလ္လာဟ်အသျှင်မြတ်နှင့် နောက်ဆုံးနေ့တော်ကြီးကို ယုံကြည်လျှက် ဖြောင့်မတ်မှန်ကန်မှုကို ကျင့်ကြံ၏။ သူတို့အပေါ် စိုးရိမ်ကြောင့်ကြမှု ကျရောက်မည် မဟုတ်။ သူတို့သည် ပူဆွေးကြမည်လည်းမဟုတ်ပေ။ |
Ghazi Mohammad Hashim စင်စစ်ဧကန် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူများသည်လည်းကောင်း၊ ယဟူဒီများသည်လည်းကောင်း၊ ဆွာဗီ များသည်လည်းကောင်း၊ ရစ်ယာန်များသည်လည်းကောင်း မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် နောက်ဆုံးနေ့ကိုယုံကြည်ပြီး ကောင်းမြတ်သော ကိုယ်ကျင့်တရားများကို ဆောက်တည်ခဲ့ပါလျှင် ထိုကဲ့သို့သောသူတို့အဖို့ မည်သည့်စိုးရိမ်မှုမျှမရှိ။ ၎င်းတို့သည် ပူဆွေးကြမည်လည်း မဟုတ်ပေ။ |
Hashim Tin Myint အမှန်စင်စစ် အီမာန်ယုံကြည်သူများ၊ ယဟူဒီများ၊ စွာဗိအီ*များ၊ နတ်စ်ွရာနီများ(သူတို့ထဲမှ) မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် နောက်ဆုံးနေ့ကို ယုံကြည်ပြီး ကောင်းမြတ်သောလုပ်ရပ်များကို လုပ်ဆောင်ခဲ့ကြလျှင် ထိုသူများအတွက် မည်သည့်စိုးရိမ်စရာမှ မရှိသည့်အပြင် သူတို့သည် ပူဆွေးကြရမည်လည်း မဟုတ်ပေ။ |