×

အို၊ ယုံကြည်သူအပေါင်းတို့၊ သင်တို့အတွက် တရားဝင် စားသုံးခွင့်ရှိသောအရာအဖြစ် ခွင့်ပြုထားတော်မူသော (ကျန်းမာရေးနှင့်ညီညွတ်သည့်) ကောင်းမွန်သန့်ရှင်းသော အစားအသောက်များကို (တရားမဝင် ပစ္စည်းအဖြစ်) ပိတ်ပင်တားမြစ်ခြင်း 5:87 Burmese translation

Quran infoBurmeseSurah Al-Ma’idah ⮕ (5:87) ayat 87 in Burmese

5:87 Surah Al-Ma’idah ayat 87 in Burmese (البورمية)

Quran with Burmese translation - Surah Al-Ma’idah ayat 87 - المَائدة - Page - Juz 7

﴿يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا تُحَرِّمُواْ طَيِّبَٰتِ مَآ أَحَلَّ ٱللَّهُ لَكُمۡ وَلَا تَعۡتَدُوٓاْۚ إِنَّ ٱللَّهَ لَا يُحِبُّ ٱلۡمُعۡتَدِينَ ﴾
[المَائدة: 87]

အို၊ ယုံကြည်သူအပေါင်းတို့၊ သင်တို့အတွက် တရားဝင် စားသုံးခွင့်ရှိသောအရာအဖြစ် ခွင့်ပြုထားတော်မူသော (ကျန်းမာရေးနှင့်ညီညွတ်သည့်) ကောင်းမွန်သန့်ရှင်းသော အစားအသောက်များကို (တရားမဝင် ပစ္စည်းအဖြစ်) ပိတ်ပင်တားမြစ်ခြင်း မပြုကြလေနှင့်။ ထို့ပြင် (အရှင်မြတ်၏စည်းဘောင်ကိုလည်း တားမြစ်ခြင်းနှင့် အလွန်အကျွံ စားသုံးခြင်းဖြင့် ဖြုန်းတီးစေလျက်) ဖောက်ဖျက်ကျူးလွန်ခြင်း မပြုကြလေနှင့်။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (အရှင့်စည်းမျဉ်းဘောင်များကို) ဖောက်ဖျက်ကျူးလွန်ကြသောလူတို့အား နှစ်သက်တော် မမူချေ။

❮ Previous Next ❯

ترجمة: ياأيها الذين آمنوا لا تحرموا طيبات ما أحل الله لكم ولا تعتدوا, باللغة البورمية

﴿ياأيها الذين آمنوا لا تحرموا طيبات ما أحل الله لكم ولا تعتدوا﴾ [المَائدة: 87]

Ba Sein
၈၇။ အို-ယုံကြည်သူအပေါင်းတို့ အလ္လာဟ်အသျှင်မြတ်က တရားဝင်မင်္ဂလာရှိသည်ဟု သတ်မှတ်ထား တော်မူသော ကောင်းမြတ်သည့်အရာဝထ္ထုများကို မတားမြစ်ကြလင့်။ တရားတော်ကို မကျူးလွန်ကြ လင့်။ မှတ်သားကြလော့။ အလ္လာဟ်အသျှင်မြတ်သည် တရားတော်ကို ကျူးလွန်သူများကို ချစ်ခင် မြတ်နိုးတော်မမူပေ။
Ghazi Mohammad Hashim
အို- ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် မိမိတို့အဖို့ အလ္လာဟ်အရှင်မြတ်က ခွင့်ပြုထားတော်မူသည့် သန့်ရှင်းစင်ကြယ်သောအရာများကို (မိမိတို့အဖို့) (ဟရာမ်) ဟူ၍ ပိတ်ပင်တားမြစ်ခြင်း မပြုကုန်လင့်။ ထိုမှတစ်ပါး အသင်တို့သည် စည်းကမ်း (ဥပဒေ) ကိုလည်း ဖောက်ဖျက်ကျူးလွန်ခြင်း မပြုကြလေနှင့်။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် စည်းကမ်းဖောက်ဖျက်ကျူးလွန်သော သူတို့ကို နှစ်သက်မြတ်နိုးတော်မူသည်မဟုတ်ချေ။
Hashim Tin Myint
အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် အသင်တို့အတွက် အလ္လာဟ်အရှင်မြတ်က ဟလာလ်ခွင့်ပြုထား‌သော သန့်ပြန့်စင်ကြယ်သည့်အရာများကို ဟရာမ်ဟု တားမြစ်မှုမပြုကြနှင့်။* ထို့ပြင် အသင်တို့သည် စည်းကမ်း‌ဖောက်ဖျက် ကျူးလွန်မှုလည်း မပြုကြနှင့်။* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် စည်းကမ်း‌ဖောက်ဖျက် ကျူးလွန်‌သောသူများကို နှစ်သက်‌တော်မမူ‌ပေ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek