Quran with Burmese translation - Surah Al-Ma’idah ayat 89 - المَائدة - Page - Juz 7
﴿لَا يُؤَاخِذُكُمُ ٱللَّهُ بِٱللَّغۡوِ فِيٓ أَيۡمَٰنِكُمۡ وَلَٰكِن يُؤَاخِذُكُم بِمَا عَقَّدتُّمُ ٱلۡأَيۡمَٰنَۖ فَكَفَّٰرَتُهُۥٓ إِطۡعَامُ عَشَرَةِ مَسَٰكِينَ مِنۡ أَوۡسَطِ مَا تُطۡعِمُونَ أَهۡلِيكُمۡ أَوۡ كِسۡوَتُهُمۡ أَوۡ تَحۡرِيرُ رَقَبَةٖۖ فَمَن لَّمۡ يَجِدۡ فَصِيَامُ ثَلَٰثَةِ أَيَّامٖۚ ذَٰلِكَ كَفَّٰرَةُ أَيۡمَٰنِكُمۡ إِذَا حَلَفۡتُمۡۚ وَٱحۡفَظُوٓاْ أَيۡمَٰنَكُمۡۚ كَذَٰلِكَ يُبَيِّنُ ٱللَّهُ لَكُمۡ ءَايَٰتِهِۦ لَعَلَّكُمۡ تَشۡكُرُونَ ﴾
[المَائدة: 89]
﴿لا يؤاخذكم الله باللغو في أيمانكم ولكن يؤاخذكم بما عقدتم الأيمان فكفارته﴾ [المَائدة: 89]
Ba Sein ၈၉။ အလ္လာဟ်အသျှင်မြတ်သည် သင်တို့အား မိမိတို့စိတ်ပါကိုယ်ရောက်မဟုတ်ဘဲ ကျိန်ဆိုသော သစ္စာပြု ချက်များကို စစ်ကြောစီရင်တော်မူမည်မဟုတ်။ သို့သော် သင်တို့ စိတ်အားထက်သန်စွာကျိန်ဆိုသော ကျိန်ဆိုချက်များကို စစ်ကြောတော်မူလိမ့်မည်။ ထိုကျိန်ဆိုသောအပြစ်ကိုဖြေသော ပူဇောသက္ကာရ မှာကား သင်တို့သည် မိမိတို့ အိမ်သူ၊ အိမ်သားများကို ကျွေးမွေးလေ့ရှိသော အစားအစာအားဖြင့် သူဆင်းရဲဆယ်ယောက်ကို ကျွေးမွေးခြင်းသော်လည်းကောင်း၊ သူတို့ကို အဝတ်အစားပေးခြင်းသော် လည်းကောင်း၊ ကျွန်တစ်ယောက်ကို လွှတ်ပေးခြင်းသော်လည်းကောင်း ဖြစ်၏။ ယင်း ပူဇော် သက္ကာရကို ပြုလုပ်ရန် ဥစ္စာငွေကြေးမရှိသူသည် ဥပုသ်သုံးရက်ဆောက်တည်ရလိမ့်မည်။ ဤသည်ကား သင်တို့၏ကျိန်ဆိုချက်ကို ဖြေဖို့ရာကျင့်စဉ်တရားဖြစ်၏။ သင်တို့သည် ကတိသစ္စာတည် ကြလော့။ သင်တို့သည် အသျှင်မြတ်၏ ဂုဏ်ကျေးဇူးများကို ချီးကျူးဖို့ရာ အလ္လာဟ်အသျှင်မြတ်သည် မိမိ၏တရားတော်များကို သင်တို့အား ရှင်းလင်းထင်ရှားစွာ ဗျာဒိတ်ပေးတော်မူ၏။ |
Ghazi Mohammad Hashim အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏ အချည်းနှီးသော ကျိန်ဆိုချက်များနှင့်စပ်လျဉ်း၍ အသင်တို့အား ပြစ်ဒဏ်ပေးတော်မူမည်မဟုတ်။ သို့ရာတွင် အသင်တို့ အခိုင်အမာကျိန်ဆိုကြသော ကျိန်ဆိုချက်များနှင့်စပ်လျဉ်း၍ကား အသင်တို့ကို အပြစ်ဒဏ်ပေးတော်မူမည်ဖြစ်သည်။ သို့ဖြစ်ပေရာ (ယင်းကဲ့သို့သောကျိန်ဆိုချက်များကို ချိုးဖောက်ခဲ့သည်ရှိသော်) ထိုကျိန်ဆိုချက်ကို (ချိုးဖောက်ခြင်း) ၏ အပြစ်အာပတ်ဖြေမှုကား အသင်တို့သည် မိမိတို့၏ အိမ်သူအိမ်သားတို့ကို ကျွေးမွေးလေ့ရှိကြသော ခဲဘွယ်ဘောဇဉ်မျိုးထဲမှ အလတ်စားဖြစ်သောခဲဘွယ်ဘောဇဉ်ကို သူဆင်းရဲဆယ်ယောက်အား ကျွေးမွေးခြင်းသော်လည်းကောင်း၊ ထိုသူ ဆင်းရဲသား (ဆယ်ယောက်) တို့အား အဝတ်အစား (တစ်စုံကျစီ) ပေးခြင်းသော်လည်းကောင်း၊ ကျွန်တစ်ယောက်ကို ကျွန်အဖြစ်မှ လွတ်မြောက်စေခြင်းသော်လည်းကောင်း၊ ဖြစ်ချေသည်။ သို့ရာတွင် အကြင်သူသည် (ဤအချက်များကိုလိုက်နာရန်) မတတ်စွမ်းနိုင်ခဲ့ပါမူ (ထိုသူသည်) သုံးရက် (ဆက်၍) ‘ဆွိယာမ်’ ဥပုသ်ဆောက်တည်ရမည်။ ဤသည်တို့ကား အသင်တို့ ကျိန်ဆိုပြီး (မိမိတို့၏ကျိန်ဆိုချက်များကို ချိုးဖောက်) ခဲ့သည်ရှိသော် အသင်တို့ကျိန်ဆိုချက်များ၏အပြစ်ကို အာပတ်ဖြေခြင်းပင်ဖြစ်သည်။ ၎င်းပြင် အသင်တို့သည် မိမိတို့၏ကျိန်ဆိုချက်များကို စောင့်ထိန်းကြလေကုန်။ ဤသို့အားဖြင့် အလ္လာဟ်အရှင်မြတ်သည် မိမိ၏အမိန့်တော်များကို အသင်တို့အဖို့ ရှင်းလင်းစွာ ထုတ်ဖော်မိန့်ကြားတော်မူလေသည်။ သို့မှသာလျှင် အသင်တို့ ကျေးဇူးသိတတ်ကြပေမည်။ |
Hashim Tin Myint အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏(မရည်ရွယ်ဘဲ)အကျိုးမဲ့ ကျိန်ဆိုခြင်းနှင့်ပတ်သက်၍ အသင်တို့အား အပြစ်ပေးတော်မူမည် မဟုတ်ပေ။ သို့ရာတွင် အသင်တို့ အခိုင်အမာ ကျိန်ဆိုကြသော ကျိန်ဆိုမှုများနှင့်ပတ်သက်၍မူ အသင်တို့အား အပြစ်ဒဏ်ပေးတော်မူမည်ဖြစ်သည်။* သို့ဖြစ်ရာ ထိုခိုင်မာသောကျိန်ဆိုမှု(ကို ချိုးဖျက်ခြင်း)၏အပြစ်အား ပယ်ဖျက်နည်းမှာ အသင်တို့သည် အသင်တို့၏ အိမ်သူအိမ်သားများအား ကျွေးမွေးလေ့ရှိကြသော အစားအစာမျိုးထဲမှ အလတ်စားဖြစ်သော အစားအစာကို ဆင်းရဲသားဆယ်ဦးအား ကျွေးမွေးရမည်၊ သို့မဟုတ် ကျွန်တစ်ဦးကို သူကောင်းပြုရမည်။ သို့ရာတွင် အကြင်သူသည် မတတ်စွမ်းနိုင်ခဲ့လျှင် စွောင်မ်ဥပုသ် သုံးရက်စောင့်ထိန်းရမည်။ ၎င်းသည် အသင်တို့ကျိန်ဆိုပြီး (ချိုးဖျက်)ခဲ့လျှင် အပြစ်ဖြေရန်ဖြစ်သည်။ ထို့ပြင် အသင်တို့သည် အသင်တို့၏ ကျိန်ဆိုချက်များကို စောင့်ထိန်းကြပါ။(မကြာခဏ မကျိန်ဆိုရပေ)။ အလ္လာဟ်အရှင်မြတ်သည် ဤကဲ့သို့ပင် အရှင်မြတ်၏အမိန့်တော်များကို အသင်တို့ ကျေးဇူးသိတတ်ကြရန်အတွက် ရှင်းလင်းစွာ မိန့်ကြားတော်မူသည်။ |