×

အို၊ ယုံကြည်သူအပေါင်းတို့၊ မုချဧကန်၊ အရက်သေစာ၊ လောင်းကစားခြင်း၊ (ရည်းစူးချက် တစ်စုံတစ်ခုဖြင့်) ရုပ်တုဆင်းတု ရှေ့မှောက်တွင် တစ်စုံတစ်ခုကိုစွန့်လှူခြင်း၊ (ကံစမ်းမဲနှိုက်ခြင်းနှင့်အလောင်းအစားပြုခြင်းစသော) မဲမြှားဖြင့် 5:90 Burmese translation

Quran infoBurmeseSurah Al-Ma’idah ⮕ (5:90) ayat 90 in Burmese

5:90 Surah Al-Ma’idah ayat 90 in Burmese (البورمية)

Quran with Burmese translation - Surah Al-Ma’idah ayat 90 - المَائدة - Page - Juz 7

﴿يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓاْ إِنَّمَا ٱلۡخَمۡرُ وَٱلۡمَيۡسِرُ وَٱلۡأَنصَابُ وَٱلۡأَزۡلَٰمُ رِجۡسٞ مِّنۡ عَمَلِ ٱلشَّيۡطَٰنِ فَٱجۡتَنِبُوهُ لَعَلَّكُمۡ تُفۡلِحُونَ ﴾
[المَائدة: 90]

အို၊ ယုံကြည်သူအပေါင်းတို့၊ မုချဧကန်၊ အရက်သေစာ၊ လောင်းကစားခြင်း၊ (ရည်းစူးချက် တစ်စုံတစ်ခုဖြင့်) ရုပ်တုဆင်းတု ရှေ့မှောက်တွင် တစ်စုံတစ်ခုကိုစွန့်လှူခြင်း၊ (ကံစမ်းမဲနှိုက်ခြင်းနှင့်အလောင်းအစားပြုခြင်းစသော) မဲမြှားဖြင့် မဲခွဲ၍ ဝေစုရယူခြင်း စသည်တို့သည် စေတန်မကောင်းဆိုးဝါး၏စက်ဆုပ်ရွံ့ရှာဖွယ်ရာ မကောင်းသော လုပ်ရပ်များအနက်မှ ဖြစ်ကြ၏။ သို့ဖြစ်ပေရာ အသင်တို့သည် ဖွံ့ဖြိုးအောင်မြင်ကြရန်အလို့ငှာ ထို (ဆိုးရွားညစ် ညမ်းသောအရာများ) ကို ရှောင်ကြဉ်ကြလော့။

❮ Previous Next ❯

ترجمة: ياأيها الذين آمنوا إنما الخمر والميسر والأنصاب والأزلام رجس من عمل الشيطان, باللغة البورمية

﴿ياأيها الذين آمنوا إنما الخمر والميسر والأنصاب والأزلام رجس من عمل الشيطان﴾ [المَائدة: 90]

Ba Sein
၉ဝ။ အို-ယုံကြည်သူအပေါင်းတို့ သေရည်၊ သေရက်သောက်ကြူးခြင်း၊ လောင်းကစားခြင်း၊ ဆင်းတု ရုပ်ပွားကိုးကွယ်ခြင်း၊ မြှားပစ်၍ နိမိတ်ဖတ်ခြင်းတို့သည် ရှိုင်တန်မာရ်နတ်၏ အလွန်ယုတ်ညံ့သော လက်ရာခြေရာသာဖြစ်၏။ သင်တို့အောင်မြင်ဖို့ရာ ထိုအရာများကို ရှောင်ရှားကြလော့။
Ghazi Mohammad Hashim
အို-‘မုအ်မင်န်’သက်ဝင်ယုံကြည်သူအပေါင်းတို့ မုချဧကန် သေစာအရက်သည်လည်းကောင်း၊ လောင်းတမ်းကစားခြင်းသည်လည်းကောင်း၊ ရုပ်ထု၊ ဆင်းတု (အစရှိသည့်အရာ) များသည်လည်းကောင်း၊ မြှား (ဖြင့်ကံစမ်းခြင်း) သည်လည်းကောင်း အလွန် ဆိုးရွားညစ်ညမ်းလှသော အမှုကိစ္စများ၊‘ရှိုင်တွာန်’ အပြုအမူများသာလျှင်ဖြစ်၏။ သို့ဖြစ်ပေရာ အသင်တို့သည် ထို (ဆိုးရွားညစ်ညမ်းသောအရာ) ကို ရှောင်ကြဉ်ကြကုန်လော့။ သို့မှသာလျှင် အသင်တို့သည် အောင်မြင်ကြပေမည်။
Hashim Tin Myint
အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အရက်၊ ‌လောင်းကစားမှု၊ ရုပ်တု ဆင်းတု၊ မြားများ(ဖြင့် ကံစမ်းခြင်း)တို့သည် ရှိုင်သွာန်၏လုပ်ရပ်များထဲမှ အလွန်ဆိုးဝါး ညစ်ညမ်း‌သော ကိစ္စများဖြစ်သည်။ သို့ဖြစ်ရာ အသင်တို့သည် ထိုအရာများကို အသင်တို့‌အောင်မြင်ကြရန်အတွက် ‌ရှောင်ကြဉ်ကြပါ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek