Quran with Burmese translation - Surah AT-Tur ayat 18 - الطُّور - Page - Juz 27
﴿فَٰكِهِينَ بِمَآ ءَاتَىٰهُمۡ رَبُّهُمۡ وَوَقَىٰهُمۡ رَبُّهُمۡ عَذَابَ ٱلۡجَحِيمِ ﴾
[الطُّور: 18]
﴿فاكهين بما آتاهم ربهم ووقاهم ربهم عذاب الجحيم﴾ [الطُّور: 18]
Ba Sein ၁၈။ သူတို့၏ အရှင်သခင်သည် သူတို့အား အောင်ဆုမင်္ဂလာတော်ပေးသနားတော်မူ၏၊ ငရဲမီးညှင်းပန်းခြင်းဘေးမှ ကာဆီးထားတော်မူ၏၊ ထိုအကြောင်းများကြောင့် သူတို့သည် အားရဝမ်းသာရှိကြရ၏။ |
Ghazi Mohammad Hashim ၎င်းတို့သည် ၎င်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်က ၎င်းတို့အား ချီးမြှင့်ပေးသနားတော်မူခဲ့သော သစ်သီးဝလံများကို စားသုံးလျက်ရှိကြပေမည်။ (တစ်နည်း) [ချီးမြှင့်ပေးသနားတော်မူခဲ့သော စည်းစိမ်များကြောင့် ဝမ်းမြောက်ပျော်ရွှင် လျက်ရှိကြပေမည်။] ထိုမှတစ်ပါး ၎င်းတို့ကို ၎င်းတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် အလျှံပြောင်ပြောင် တောက်လောင်လျက်ရှိသော ငရဲမီး ပြစ်ဒဏ်မှလည်း လွတ်ကင်းစေတော်မူပေမည်။ |
Hashim Tin Myint သူတို့သည် သူတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်က သူတို့အား ပေးသနားတော်မူခဲ့သော စည်းစိမ်များကြောင့် ဝမ်းမြောက်ပျော်ရွှင်လျက်ရှိကြမည်။ ထို့ပြင် သူတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်က သူတို့ကို တောက်လောင်နေသည့်ငရဲမီး၏ပြစ်ဒဏ်မှ လွတ်ကင်းစေတော်မူမည်။ |