×

မိုးကောင်းကင်များနှင့်မြေကမ္ဘာ၌ ရှိသမျှတို့သည် ထိုအရှင်မြတ်ထံတော်၌သာလျှင် (ယင်းတို့၏အလို ဆန္ဒများကို လုပ်ရပ်များဖြင့် ပြသလျက်) အနူးအညွတ်တောင်းခံနေကြ၏။ ထိုအရှင်မြတ်သည် နေ့စဉ် (စက္ကန့်မပြတ် အရှင့်ဂုဏ်တော်များနှင့်နာမတော်များကို 55:29 Burmese translation

Quran infoBurmeseSurah Ar-Rahman ⮕ (55:29) ayat 29 in Burmese

55:29 Surah Ar-Rahman ayat 29 in Burmese (البورمية)

Quran with Burmese translation - Surah Ar-Rahman ayat 29 - الرَّحمٰن - Page - Juz 27

﴿يَسۡـَٔلُهُۥ مَن فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۚ كُلَّ يَوۡمٍ هُوَ فِي شَأۡنٖ ﴾
[الرَّحمٰن: 29]

မိုးကောင်းကင်များနှင့်မြေကမ္ဘာ၌ ရှိသမျှတို့သည် ထိုအရှင်မြတ်ထံတော်၌သာလျှင် (ယင်းတို့၏အလို ဆန္ဒများကို လုပ်ရပ်များဖြင့် ပြသလျက်) အနူးအညွတ်တောင်းခံနေကြ၏။ ထိုအရှင်မြတ်သည် နေ့စဉ် (စက္ကန့်မပြတ် အရှင့်ဂုဏ်တော်များနှင့်နာမတော်များကို ထင်ရှားပေါ်လွင်စေသော) အရေးကိစ္စထင်ရှားပေါ်လွင်မှု အသစ်တစ်ခုကို စီမံဖြစ်တည်စေတော်မူခြင်း၌ ထင်ရှားနေတော်မူ၏။

❮ Previous Next ❯

ترجمة: يسأله من في السموات والأرض كل يوم هو في شأن, باللغة البورمية

﴿يسأله من في السموات والأرض كل يوم هو في شأن﴾ [الرَّحمٰن: 29]

Ba Sein
၂၉။ ကမ္ဘာမြေပြင် မိုးကောင်းကင်ဝယ် ရှိရှိသမျှတို့သည် အရှင်မြတ်အထံတော်၌ ဆုပန်ကြ၏၊ အရှင်မြတ် နေ့ရှိသမျှ စိုးမိုးအုပ်ချုပ်တော်မူလျက်ရှိ၏။
Ghazi Mohammad Hashim
မိုးကောင်းကင်များ၌ ရှိသမျှတို့သည် လည်းကောင်း၊ ပထဝီမြေ၌ ရှိသမျှတို့သည် လည်းကောင်း၊ ထိုအရှင်မြတ်ထံတော်၌သာလျှင် (မိမိတို့၏ အလိုဆန္ဒများကို) တောင်းခံကြကုန်၏။ ထိုအရှင်မြတ်သည် နေ့စဉ် အရေးကိစ္စတစ်ခုခုကို ဆောင်ရွက်လျက် ရှိနေတော်မူ၏။
Hashim Tin Myint
မိုး‌ကောင်းကင်များတွင် ရှိသူများနှင့် ‌မြေပထဝီတွင်ရှိသူများသည် အရှင်မြတ်ထံ‌တော်၌သာ (သူတို့လိုလားသည်များကို)‌တောင်းခံကြသည်။ အရှင်မြတ်သည် ‌နေ့စဉ်အ‌ရေး ကိစ္စတစ်စုံတစ်ခုကို‌ဆောင်ရွက်‌နေ‌တော်မူသည်။ ###၇
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek