Quran with Burmese translation - Surah Al-hadid ayat 1 - الحدِيد - Page - Juz 27
﴿سَبَّحَ لِلَّهِ مَا فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۖ وَهُوَ ٱلۡعَزِيزُ ٱلۡحَكِيمُ ﴾
[الحدِيد: 1]
﴿سبح لله ما في السموات والأرض وهو العزيز الحكيم﴾ [الحدِيد: 1]
Ba Sein ၁။ မိုးကောင်းကင်နှင့် ကမ္ဘာမြေပေါ်ဝယ်ရှိရှိသမျှအပေါင်းတို့သည် အလ္လာဟ်အရှင်မြတ်၏ ဂုဏ်တော်ကျေးဇူးတော် ကို ရင့်ကျူးကြကုန်၏၊ အကြောင်းမူကား အရှင်မြတ်သည် အနန္တတန်ခိုးတော်သခင် သဗ္ဗညုတဉာာဏ်တော်ရှင် ဖြစ်တော်မူ၏။ |
Ghazi Mohammad Hashim မိုးကောင်းကင်များ၌ ရှိသမျှတို့သည်လည်းကောင်း၊ ပထဝီမြေ၌ရှိသမျှတို့သည် လည်းကောင်း၊ အလ္လာဟ်အရှင်မြတ် စင်ကြယ် သန့်ရှင်းတော်မူကြောင်း မြွက်ဆို ချီးမွမ်းကြကုန်၏။ ၎င်းပြင် ထိုအရှင်မြတ်သည်ပင် အလွန်တရာ နိုင်နင်း လွှမ်းမိုးတော်မူသောအရှင်၊ လွန်စွာ နူးညံ့သိမ်မွေ့သော ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။ |
Hashim Tin Myint မိုးကောင်းကင်များတွင် ရှိသမျှနှင့် မြေပထဝီတွင်ရှိသမျှသည် အလ္လာဟ်အရှင်မြတ်သန့်ပြန့်စင်ကြယ်တော်မူကြောင်း ရွတ်ဆိုချီးမွမ်းကြသည်။ ထို့ပြင် အရှင်မြတ်သည် တန်ခိုးတော်နှင့် အလွန်လွှမ်းမိုးတော်မူသောအရှင်၊ ပညာဉာဏ်အမြော်အမြင်နှင့် အလွန်ပြည့်စုံတော်မူသောအရှင်ဖြစ်တော်မူသည်။ |