×

သက်ဝင်ယုံကြည်သူတို့အတွက် အလ္လာဟ်အရှင်မြတ်၏ဆုံးမသြဝါဒ သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟစရာ (ကျမ်းတော်မြတ်ကုရ်အာန်) အလို့ငှာလည်းကောင်း၊ အမှန်တရားသစ္စာအဖြစ် ချမှတ်ပေးအပ်တော်မူသမျှကို လိုက်နာရာတွင်လည်းကောင်း၊ သင်တို့မတိုင်မီက ရှိခဲ့ကြသော 57:16 Burmese translation

Quran infoBurmeseSurah Al-hadid ⮕ (57:16) ayat 16 in Burmese

57:16 Surah Al-hadid ayat 16 in Burmese (البورمية)

Quran with Burmese translation - Surah Al-hadid ayat 16 - الحدِيد - Page - Juz 27

﴿۞ أَلَمۡ يَأۡنِ لِلَّذِينَ ءَامَنُوٓاْ أَن تَخۡشَعَ قُلُوبُهُمۡ لِذِكۡرِ ٱللَّهِ وَمَا نَزَلَ مِنَ ٱلۡحَقِّ وَلَا يَكُونُواْ كَٱلَّذِينَ أُوتُواْ ٱلۡكِتَٰبَ مِن قَبۡلُ فَطَالَ عَلَيۡهِمُ ٱلۡأَمَدُ فَقَسَتۡ قُلُوبُهُمۡۖ وَكَثِيرٞ مِّنۡهُمۡ فَٰسِقُونَ ﴾
[الحدِيد: 16]

သက်ဝင်ယုံကြည်သူတို့အတွက် အလ္လာဟ်အရှင်မြတ်၏ဆုံးမသြဝါဒ သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟစရာ (ကျမ်းတော်မြတ်ကုရ်အာန်) အလို့ငှာလည်းကောင်း၊ အမှန်တရားသစ္စာအဖြစ် ချမှတ်ပေးအပ်တော်မူသမျှကို လိုက်နာရာတွင်လည်းကောင်း၊ သင်တို့မတိုင်မီက ရှိခဲ့ကြသော ကျမ်းရပုဂ္ဂိုလ်များကဲ့သို့ မဖြစ်ရန်လည်းကောင်း၊ သူတို့၏နှလုံးသားများကို (အရှင်မြတ်ထံအပ်နှံ၍ အရှင့်လမ်းတော်၌ ရုန်းကန်လျက်) နှိမ့်ချကြရန် အချိန်တန်ပြီ မဟုတ်လော။ အကြောင်းမှာ (ထိုကျမ်းရပုဂ္ဂိုလ်များသည်) အချိန်ကာလကြာညောင်းလာသည်နှင့်အမျှ (အရှင့်အမိန့်တော်များကို ကျောခိုင်းပြောင်းလဲသောကြောင့်) သူတို့၏စိတ်နှလုံးများသည် ခက်ထန်မာကျောလာပြီး သူတို့အနက်မှ အများစုသည် (အရှင်မြတ်က ချမှတ်ပေးအပ်တော်မူသော စည်း​ဘောင်များကို ကျူးလွန်ချိုးဖောက်၍ သွေဖည်ယုတ်မာသူများပင် ဖြစ်ကြလေ၏။)

❮ Previous Next ❯

ترجمة: ألم يأن للذين آمنوا أن تخشع قلوبهم لذكر الله وما نـزل من, باللغة البورمية

﴿ألم يأن للذين آمنوا أن تخشع قلوبهم لذكر الله وما نـزل من﴾ [الحدِيد: 16]

Ba Sein
၁၆။ အယူမှန်သူတို့အတွက် မိမိတို့စိတ်နှလုံးကို နှိမ့်ချ၍ အလ္လာဟ်အရှင်မြတ်ချပေးသနားတော်မူသောသမ္မာတရား တော်ကို အောက်မေ့တသလျက် ကမ္မဋ္ဌာန်းဘာဝနာစီးဖြန်းဖို့ အချိန်ကျရောက်ပြီမဟုတ်လော၊ သူတို့သည် အထက်ကျော်ကာရီက ကျမ်းတော်ချပေးသနားတော်မူခြင်းခံရသောရှေးလူဟောင်းတို့ကဲ့သို့ မဖြစ်ထိုက်ချေ၊ သို့သော်အချိန်ကာလတော်တော်ရွေ့လျောသွားသဖြင့် ထိုလူဟောင်းတို့၏ စိတ်နှလုံးသည် ခက်ရော်တင်းမာ လာကြလေ၏၊ အကြောင်းမူကား သူတို့အနက် အမြောက်အမြားသောသူတို့သည် တရားတော်ကို ကျူးကျော် သည့်သူယုတ်မာများဖြစ်ကြ၏။
Ghazi Mohammad Hashim
မုအ်မင်န် သက်ဝင်ယုံကြည်သူတို့အဖို့ အလ္လာဟ်အရှင်မြတ်၏ဆုံးမဩဝါဒ သတိပေး နှိုးဆော်ချက်၏ ရှေ့ဝယ်လည်းကောင်း၊ ကျရောက်လာပြီး ဖြစ်သော အမှန်တရား၏ရှေ့ဝယ်လည်းကောင်း၊ စိတ်နှလုံးများ ကိုင်းညွှတ်ရန် အချိန်တန်ပြီ မဟုတ်လော။ ထိုမှတစ်ပါး ၎င်းတို့သည် အကြင်သူတို့ကဲ့သို့ မဖြစ်ကြရန်။ ထိုသူတို့သည် ကျမ်းဂန်ကို ချီးမြှင့် ပေးသနားတော်မူခြင်း ခံခဲ့ရလေ၏။ သို့ရာတွင် ၎င်းတို့အပေါ်ဝယ် ကာလပရိစ္ဆေဒသည် အဓွန့်ရှည်ခဲ့သောအခါ၊ ၎င်းတို့၏ စိတ်နှလုံးမှာ ခက်ထန်မာမြင်း၍ လာခဲ့လေ၏။ ထိုမှတစ်ပါး ၎င်းတို့တွင် မြောက်မြားစွာတို့မှာ သွေဖည်သူများပင် ဖြစ်ကြကုန်၏။
Hashim Tin Myint
အီမာန်ယုံကြည်သူများအတွက် အလ္လာဟ်အရှင်မြတ်၏ ဆုံးမဩဝါဒ သတိ‌ပေးနှိုး‌ဆော်ချက်နှင့် ကျ‌ရောက်ပြီးဖြစ်‌သော အမှန်တရား၏ ‌ရှေ့တွင် သူတို့၏ စိတ်နှလုံးများ ယိမ်းညွတ်ရန် အချိန်မတန်‌သေးသ‌လော။ ###၁ဝ ထို့ပြင် သူတို့သည် အကြင်သူများကဲ့သို့ မဖြစ်‌စေကြနှင့်။ ထိုသူများသည် ယခင်က ကျမ်းဂန်ကို ‌ပေးသနား‌တော်မူခြင်းခံခဲ့ ကြရသည်။ ထို့‌နောက်သူတို့အ‌ပေါ်တွင် ကာလရှည်လျားလာသည့်အခါ သူတို့၏ စိတ်နှလုံးများသည် ခက်ထန်မာ‌ကျောလာခဲ့သည်။ ထို့ပြင် သူတို့ထဲတွင် အများအပြားသည် ‌သွေဖည်သူများပင် ဖြစ်ကြသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek