Quran with Burmese translation - Surah Al-hadid ayat 21 - الحدِيد - Page - Juz 27
﴿سَابِقُوٓاْ إِلَىٰ مَغۡفِرَةٖ مِّن رَّبِّكُمۡ وَجَنَّةٍ عَرۡضُهَا كَعَرۡضِ ٱلسَّمَآءِ وَٱلۡأَرۡضِ أُعِدَّتۡ لِلَّذِينَ ءَامَنُواْ بِٱللَّهِ وَرُسُلِهِۦۚ ذَٰلِكَ فَضۡلُ ٱللَّهِ يُؤۡتِيهِ مَن يَشَآءُۚ وَٱللَّهُ ذُو ٱلۡفَضۡلِ ٱلۡعَظِيمِ ﴾
[الحدِيد: 21]
﴿سابقوا إلى مغفرة من ربكم وجنة عرضها كعرض السماء والأرض أعدت للذين﴾ [الحدِيد: 21]
Ba Sein ၂၁။ အို-လူသားအပေါင်းတို့၊ သင်တို့သည် မိမိတို့၏ အရှင်သခင်၏ အပြစ်လွှတ်ခြင်းနှင့် နိဗ္ဗာန်ဥယျာဉ်တော်သို့ သူတပါးထက် သာလွန်လျင်မြန်စွာပြေးကြလော့၊ ထိုဥယျာဉ်တော်သည် ကမ္ဘာမြေပြင်မိုးအပြင်ကဲ့သို့ ကျယ်ဝန်း၏၊ အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ တမန်တော်များကို ယုံကြည်သူအပေါင်းတို့စံစားနေထိုင်အ့ံသောငှာ စီရင်ထားတော်မူသောဥယျာဉ်တော်ဖြစ်၏၊ ဤဥယျာဉ်တော်သည် အလ္လာဟ်အရှင်မြတ်အလိုတော်ရှိသူအား ပေးသနားတော်မူသောအရှင်မြတ်၏ ကောင်းကြီးမင်္ဂလာတော်ဖြစ်၏၊ အကြောင်းမူကား အရှင်မြတ်သည် အနန္တ ကောင်းကြီးမင်္ဂလာတော်သခင်ဖြစ်တော်မူ၏။ |
Ghazi Mohammad Hashim အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ လွတ်ငြိမ်းချမ်းသာခွင့်သို့ လည်းကောင်း၊ မိုးနှင့်မြေ၏ အကျယ်အဝန်းပမာ ကျယ်ဝန်းသော ‘ဂျန္နတ်’သုခဘုံသို့ လည်းကောင်း၊ ပြိုင်ဆိုင် ပြေးကြလေကုန်။ ယင်း’ဂျန္နတ်’သုခဘုံမှာ အလ္လာဟ်အရှင်မြတ်အား လည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်တို့အား လည်းကောင်း၊ သက်ဝင်ယုံကြည်ကြကုန်သော သူတို့အဖို့ အဆင်သင့် ပြုလုပ်ထားရှိပြီး ဖြစ်၏။ ထိုသည်ကား အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်ပင်၊ ထိုအရှင်မြတ်သည် ယင်းကျေးဇူးတော်ကို မိမိအလိုရှိတော်မူသောသူအား ချီးမြှင့်ပေးသနား တော်မူ၏။ စင်စစ်မှာကား အလ္လာဟ်အရှင်မြတ်သည် ကြီးကျယ်လှစွာသော ကျေးဇူးတော်ရှင် ဖြစ်တော်မူပေသတည်း။ |
Hashim Tin Myint အသင်တို့သည် အသင်တို့အားဖန် ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ လွတ်ငြိမ်းချမ်းသာခွင့်ဘက်သို့သာမက မိုးနှင့် မြေတမျှ ကျယ်ဝန်းသော ဂျန္နသ် သုခဘုံဘက်သို့ လည်းအပြိုင်အဆိုင်ပြေးကြပါ။ ထို ဂျန္နသ်သုခဘုံသည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ တမန်တော်များကို ယုံကြည်ကြသူများအတွက် အဆင်သင့်ပြုလုပ်ထားပြီးဖြစ်သည်။ ###၁၂ ထိုအရာသည် အလ္လာဟ် အရှင်မြတ်၏ ကျေးဇူးတော်ပင်ဖြစ်သည်။ အရှင်မြတ်သည် ထိုကျေးဇူးတော်ကို အရှင်မြတ်အလိုရှိသည့်သူကို ပေးသနားတော်မူသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်ကြီးကျယ်သော ကျေးဇူးတော်ရှင်ဖြစ်တော်မူသည်။ |