×

လောကီဘဝသက်တမ်းသည် အချင်းချင်းကြားတွင် ဝင့်ကြွားခြင်း ဥစ္စာဓနပိုင်ဆိုင်လျက် ကြွယ်ချမ်းခြင်းနှင့်သားသမီးများကို အကြောင်းပြု၍ ပြိုင်ဆိုင်မှုတိုးပွားစေခြင်းကြောင့် ကစားခုန်စားမှုနှင့်လောကီအကျိုးအတွက် အလှတန်ဆာဆင်၍ ပျော်မြူးခြင်းသက်သက်သာ ဖြစ်သွားနိုင်ကြောင့် နှလုံးသွင်း 57:20 Burmese translation

Quran infoBurmeseSurah Al-hadid ⮕ (57:20) ayat 20 in Burmese

57:20 Surah Al-hadid ayat 20 in Burmese (البورمية)

Quran with Burmese translation - Surah Al-hadid ayat 20 - الحدِيد - Page - Juz 27

﴿ٱعۡلَمُوٓاْ أَنَّمَا ٱلۡحَيَوٰةُ ٱلدُّنۡيَا لَعِبٞ وَلَهۡوٞ وَزِينَةٞ وَتَفَاخُرُۢ بَيۡنَكُمۡ وَتَكَاثُرٞ فِي ٱلۡأَمۡوَٰلِ وَٱلۡأَوۡلَٰدِۖ كَمَثَلِ غَيۡثٍ أَعۡجَبَ ٱلۡكُفَّارَ نَبَاتُهُۥ ثُمَّ يَهِيجُ فَتَرَىٰهُ مُصۡفَرّٗا ثُمَّ يَكُونُ حُطَٰمٗاۖ وَفِي ٱلۡأٓخِرَةِ عَذَابٞ شَدِيدٞ وَمَغۡفِرَةٞ مِّنَ ٱللَّهِ وَرِضۡوَٰنٞۚ وَمَا ٱلۡحَيَوٰةُ ٱلدُّنۡيَآ إِلَّا مَتَٰعُ ٱلۡغُرُورِ ﴾
[الحدِيد: 20]

လောကီဘဝသက်တမ်းသည် အချင်းချင်းကြားတွင် ဝင့်ကြွားခြင်း ဥစ္စာဓနပိုင်ဆိုင်လျက် ကြွယ်ချမ်းခြင်းနှင့်သားသမီးများကို အကြောင်းပြု၍ ပြိုင်ဆိုင်မှုတိုးပွားစေခြင်းကြောင့် ကစားခုန်စားမှုနှင့်လောကီအကျိုးအတွက် အလှတန်ဆာဆင်၍ ပျော်မြူးခြင်းသက်သက်သာ ဖြစ်သွားနိုင်ကြောင့် နှလုံးသွင်း သိထားသင့်သည်။ (ထိုသို့လောကီဘဝသက်တမ်းကို လောကီအကျိုးခံစားမှုအတွက်သာ အသုံးချ ကြသူတို့၏ဥပမာသည်ကား) မိုးရေကြောင့် (လယ်ယာကိုင်းကျွန်းများ စိုပြေလာ၍) အသီးအနှံဖြစ်ထွန်းမှု တိုးပွားလာကာ ရင်သပ်ရှုမောစရာ ကောင်းလောက်အောင် ပျော်ရွှင်မြူးထူးဖြစ်ပြီးနောက် (မိုးရေရှားပါးမှုကြောင့် လယ်ယာကိုင်းကျွန်းများ) ခြောက်သွေ့ခန့်ခြောက်လာ၍ စိုက်ခင်းများလည်း အဝါရောင်သန်းလာပြီးနောက် ခြောက်သွေ့လျက် ကောက်ရိုးပုံ (အမှိုက်ပုံ) ဖြစ်လာသည်ကို မြင်တွေ့ရသော မယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) များနှင့်အလား သဏ္ဌန်တူ၏။ ထို့ပြင် (ထိုသို့သောပဂ္ဂိုလ်များသည်) နောင်တမလွန်ဘဝတွင်လည်း အလ္လဟ်အရှင်မြတ်၏လွတ်ငြိမ်းခွင့်ပေးတော်မူခြင်းနှင့်နှစ်သက်တော်မူခြင်းတို့မှ ကင်းဝေး၍ ပြင်းထန်သော ပြစ်ဒဏ်ကို ထာဝရ ခံစားရမည် ဖြစ်၏။ စင်စစ်သော်ကား လောကီဘဝသက်တမ်းသည် လောကီအကျိုးခံစားခွင့်များနှင့်ရပိုင်ခွင့်များကြောင့် (ခေတ္တခဏ ပျော်မြူးနိုင်ရန် ထာဝရသုခချမ်းသာကို လက်လွတ်စေလျက်) လှည့်စားခြင်းခံရခြင်းမှအပ အခြား မဟုတ်ပေ။

❮ Previous Next ❯

ترجمة: اعلموا أنما الحياة الدنيا لعب ولهو وزينة وتفاخر بينكم وتكاثر في الأموال, باللغة البورمية

﴿اعلموا أنما الحياة الدنيا لعب ولهو وزينة وتفاخر بينكم وتكاثر في الأموال﴾ [الحدِيد: 20]

Ba Sein
၂ဝ။ အို-လူသားအပေါင်းတို့၊ သင်တို့မှတ်ယူကြလော့၊ ဤပထဝီမြေကြီးပေါ်တွင် နေရသောအသက်သည် သူငယ်တို့ ဘာဝအပျော်အပါးကစားသကဲ့သို့ အသိမ်အဖျင်းသာလျှင်ဖြစ်၏၊ ထိုအသက်ကို ဟိတ်ကြီးဟန်ကြီးပြုလုပ်ခြင်း၊ အချင်းချင်းမာနထောင်လွှားဝါကြွားခြင်း၊ စီးပွားဥစ္စာနှင့် သားသမီးအခြွေအရံတို့ပွားများအောင် အပြိုင်အဆိုင် ကြိုးပမ်းအားထုတ်ခြင်းတို့ဖြင့်သာ ကုန်စေကြ၏၊ ဤလောကီစည်းစိမ်ဥစ္စာတို့သည် တစ်ခါမျှရွာသွန်းသောမိုးနှင့် တူ၏၊ ထိုမိုးရေကြောင့် သွေ့ခြောက်သယောင်းလျက်နေသောမြေသေမှ သစ်ပင်ပန်းမာလ်တို့သည် စိမ်းစိမ်းစိုစို အညွှန့်အညှောက်ထွက်ပေါ်လာကြသည်၊ ထို့ကြောင့်ဥယျာဉ်လယ်ယာရှင်တို့သည် စိတ်နှလုံးရွှင်ပြံုးကြည်သာ ကြ၏၊ သို့သော်များမကြာမီ ထိုသစ်ပင်နွယ်ပင်တို့သည် ညှိုးနွမ်းဝါလာလျက် ခြောက်သွေ့ပြီးလျှင် ကြေမွပြိုကျ သွားကြ၏၊ နောင်တမလွန်ဘဝ၌ ပြင်းထန်သောအပြစ်ဒဏ်ရှိ၏၊ အရှင်မြတ်၏ အပြစ်လွှတ်တော်မူခြင်းနှင့် နှစ်ခြိုက်တော်မူခြင်းလည်းရှိ၏၊ ထို့ကြောင့်ဤလောကီတွင် ရှင်နေရသည့်အသက်သည် အဘယ်အရာနည်း၊ လိမ်လည်ဖျားယောင်းသည့်ကိရိယာတန်ဆာပလာများသာဖြစ်၏။
Ghazi Mohammad Hashim
အသင်တို့သည် ကောင်းစွာ သိထားကြလေကုန်။ လောကီဘဝသည် ကစားခုန်စားမှု သက်သက်သည် လည်းကောင်း၊ အလဟဿ(ပျော်ရွှင်ခြင်းအားဖြင့်) အချိန်ဖြုန်းတီးမှုသည် လည်းကောင်း၊ မျက်စိ ပသာဒဖြစ်ခြင်းသည် လည်းကောင်း၊ အသင်တို့ အချင်းချင်း တစ်ဦးနှင့်တစ်ဦး ဂုဏ်ပြိုင်ခြင်းသည် လည်းကောင်း၊ ပစ္စည်းဥစ္စာနှင့် သားသမီးပေါများမှုနှင့် စပ်လျဉ်း၍ အချင်းချင်း ဂုဏ်တုဂုဏ်ပြိုင်ခြင်းသည် လည်းကောင်း၊ ဖြစ်ပေသည်။ အကြင် မိုးရေကဲ့သို့ပင် ထိုမိုးရေကြောင့် ပေါက်ရောက်သောမျိုးပင်များသည် တောင်သူလယ်သမားတို့အား နှစ်သက်ရွှင်ပျော်စေ၏။ ထို့နောက် ယင်းမျိုးပင်များသည် သွေ့ခြောက်၍ သွားလေသောအခါ အသင်သည် ယင်းမျိုးပင်များ ဝါ၍နေသည်ကို တွေ့မြင်ရ၏။ ထို့နောက်သော်ကား ယင်းမျိုးပင်မှာ အစိတ်စိတ် အမြွှာမြွှာ ဖြစ်သွားလေ၏။ သို့ရာတွင်’အာခိရတ်’ တမလွန်ဘဝ၌မူကား ပြင်းထန်လှစွာသော ပြစ်ဒဏ်သည်လည်းရှိ၏။ အလ္လာဟ်အရှင်မြတ်အထံတော်မှ လွတ်ငြိမ်းချမ်းသာခွင့်နှင့် နှစ်မြို့မှုလည်း ရှိပေသည်။ စင်စစ်သော်ကား လောကီဘဝသည် အမြင်မှောက်မှားစေသော ဝတ္ထုပစ္စည်းမျှသာ ဖြစ်ပေသတည်း။
Hashim Tin Myint
အသင်တို့သည် သိထားကြပါ။ ‌လောကီဘဝသည် ကစားခုန်စားမှုသက်သက်၊ အလဟဿ အချိန်ဖြန်းတီးမှု၊ မျက်စိပသာဒအတွက် လှပတင့်တယ်မှု၊ အချင်းချင်းဝါကြွား ဂုဏ်ပြိုင်ခြင်း၊ ပစ္စည်းဥစ္စာနှင့် သားသမီး‌ပေါများမှုတွင် ဂုဏ်ပြိုင်ခြင်းများပင်ဖြစ်သည်။ အကြင်မိုး‌ရေပမာပင်ဖြစ်သည်။ ထိုမိုး‌ရေ‌ကြောင့် ‌ပေါက်‌ရောက်‌သောအပင်များသည် ‌တောင်သူလယ်သမားများအား နှစ်သက်‌ပျော်ရွှင်‌စေသည်။ ထို့ပြင် ထိုအပင်များသည် ‌ခြောက်‌သွေ့သွားသည့်အခါ အသင်သည် ထိုအပင်များအား ဝါ‌နေသည်ကို ‌တွေ့မြင်ရ သည်။ ထို့‌နောက် ထိုအပင်များသည် အစိတ်စိတ်အမြွွှာမြွှာ‌ကြေမွသွား‌တော့သည်။ ထို့ပြင် တမလွန်ဘဝ၌မူ ပြင်းထန်‌သော ပြစ်ဒဏ်လည်းရှိသည်။ အလ္လာဟ်အရှင်မြတ်ထံ ‌တော်မှ လွတ်ငြိမ်းချမ်းသာခွင့်နှင့် သ‌ဘောတူ‌ကျေနပ်မှုလည်း ရှိသည်။ ထို့ပြင် ‌လောကီဘဝသည် လှည့်စား‌သော ပစ္စည်းများပင်ဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek