Quran with Burmese translation - Surah Al-An‘am ayat 106 - الأنعَام - Page - Juz 7
﴿ٱتَّبِعۡ مَآ أُوحِيَ إِلَيۡكَ مِن رَّبِّكَۖ لَآ إِلَٰهَ إِلَّا هُوَۖ وَأَعۡرِضۡ عَنِ ٱلۡمُشۡرِكِينَ ﴾
[الأنعَام: 106]
﴿اتبع ما أوحي إليك من ربك لا إله إلا هو وأعرض عن﴾ [الأنعَام: 106]
Ba Sein ၁ဝ၆။ သင်သည် မိမိ၏ကျေးဇူးတော်သခင်က သင်၏စိတ်နှလုံးအတွင်း ထင်ရှားစေသော ဗျာဒိတ်တော်ကို လိုက်နာဆောင်ရွက်လော့။ အလ္လာဟ်အသျှင်မြတ်မှတစ်ပါး အခြားအသျှင်သခင် မရှိပေ။ ဆင်းတု ရုပ်ပွားများကို ကိုးကွယ်သူတို့မှ လှည့်သွားလော့။ |
Ghazi Mohammad Hashim (အို-နဗီတမန်တော်) အသင်သည် အသင့်အားမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ မိမိထံကျရောက်လာသော ဝဟ်ယ် အမိန့်တော်များကို လိုက်နာ၍နေပါလေ။ထိုအရှင်မြတ်မှတစ်ပါး ခဝပ်ကိုးကွယ်ရာဟူ၍ အလျင်းမရှိ။၎င်းပြင် အသင်သည် မုရှ်ရစ်က် များဖက်မှ မျက်နှာလွှဲထားပါလေ။ |
Hashim Tin Myint အသင်(တမန်တော်)သည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ထံတော်မှ ကျရောက်လာသော ဝဟီအမိန့်တော်များကို လိုက်နာပြီးနေပါ။ ထိုအရှင်မြတ်မှလွဲ၍ အခြားကိုးကွယ်ထိုက်သောအရှင် မရှိပေ။ ၎င်းပြင် အသင်သည် မုရှ်ရိက်များဘက်မှ မျက်နှာလွှဲပြီးနေပါ။ |