Quran with Burmese translation - Surah Al-An‘am ayat 105 - الأنعَام - Page - Juz 7
﴿وَكَذَٰلِكَ نُصَرِّفُ ٱلۡأٓيَٰتِ وَلِيَقُولُواْ دَرَسۡتَ وَلِنُبَيِّنَهُۥ لِقَوۡمٖ يَعۡلَمُونَ ﴾
[الأنعَام: 105]
﴿وكذلك نصرف الآيات وليقولوا درست ولنبينه لقوم يعلمون﴾ [الأنعَام: 105]
Ba Sein ၁ဝ၅။ သူတို့သည် သင့်အား အို-မိုဟမ္မဒ် သင်သည် ဗျာဒိတ်ကျမ်းတော်၌ လိမ္မာကျွမ်းကျင်ပြီဟု ပြောဆိုရန် သော်လည်းကောင်း၊ ပညာအလင်းရောင်ရသူတို့အတွက် ကျမ်းတော်ကို ထင်ရှားရှင်းလင်းစေဖို့ရန် သော်လည်းကောင်း ငါအသျှင်မြတ်သည် ငါ၏နှုတ်ကပတ်တော်များကို ပြတော်မူ၏။ |
Ghazi Mohammad Hashim ၎င်းပြင် ဤနည်းအတိုင်းပင် ငါအရှင်မြတ်သည် သက်သေ လက္ခဏာတော်များကို အမျိုးမျိုးအဖုံဖုံ ရှင်းလင်းပြတော်မူသည်။ (ယင်းသို့ရှင်းလင်း ပြတော်မူသည့်အခါ)ထိုကာဖိရ်များကအသင်သည်သင်ယူထားသည်ဟုပြောဆိုကြပေမည်။ ၎င်းပြင် ငါအရှင်မြတ်သည် ထို(ကုရ်အာန်)ကို အသိတရားရှိသူများအဖို့ အထူးလင်းပြတော်မူရန်အလို့ငှာဖြစ်၏။ |
Hashim Tin Myint ထို့ပြင် ထိုကဲ့သို့ပင် ငါအရှင်မြတ်သည် သက်သေလက္ခဏာများကို အမျိုးမျိုး ပြောင်းလဲရှင်းပြတော်မူသည်။ ထို့ပြင် (ထိုကဲ့သို့ ရှင်းလင်းပြသရခြင်းသည်) ကာဖိရ်များက “အသင်(တမန်တော်)သည် သင်ယူထားသည်“ဟု ပြောဆိုကြရန်အတွက်နှင့် ငါအရှင်မြတ်သည် ဤ(ကုရ်အာန်)ကို အသိရှိသောသူများအတွက် ရှင်းလင်းထင်ရှားစွာ ပြသတော်မူရန်အတွက် ဖြစ်သည်။ |