Quran with Burmese translation - Surah Al-An‘am ayat 107 - الأنعَام - Page - Juz 7
﴿وَلَوۡ شَآءَ ٱللَّهُ مَآ أَشۡرَكُواْۗ وَمَا جَعَلۡنَٰكَ عَلَيۡهِمۡ حَفِيظٗاۖ وَمَآ أَنتَ عَلَيۡهِم بِوَكِيلٖ ﴾
[الأنعَام: 107]
﴿ولو شاء الله ما أشركوا وما جعلناك عليهم حفيظا وما أنت عليهم﴾ [الأنعَام: 107]
Ba Sein ၁ဝ၇။ အကယ်၍ အလ္လာဟ်အသျှင်မြတ် အလိုတော်ရှိပါလျှင် သူတို့သည် ရုပ်တုကိုးကွယ်သူများမဖြစ်ပေ။ ငါအသျှင်မြတ်သည် သင့်အား သူတို့ကို ထိန်းသိမ်းအုပ်ချုပ်သူအဖြစ် ခန့်ထားတော်မမူပေ။ သင်သည် သူတို့၏ အပြုအမှုအတွက် တာဝန်ခံရသူမဟုတ်ပေ။ |
Ghazi Mohammad Hashim (အမှန်စင်စစ်သော်ကား အကယ်သာ အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူခဲ့ပါလျှင် ထိုသူများသည် ရှစ်ရ်က်တွဲဖက်ကိုးကွယ်ခြင်းကို ပြုလုပ်ကြမည်မဟုတ်ပေ။ ၎င်းပြင်ငါအရှင်မြတ်သည် အသင့်အား ထိုသူတို့အပေါ်၌ ကြီးကြပ်အုပ်ထိန်းသူအဖြစ် ခန့်အပ်ထားတော်သည် မဟုတ်ပေ။ အသင်သည် ထိုသူတို့အဖို့ တာဝန်ခံလည်း) မဟုတ်ချေ။ |
Hashim Tin Myint ထို့ပြင် အကယ်၍ အလ္လာဟ်အရှင်မြတ်အလိုရှိတော်မူခဲ့လျှင် သူတို့သည် ရှိရ်က် တွဲဖက်ကိုးကွယ်ခြင်းကို ပြုလုပ်ကြမည် မဟုတ်ပေ။* ထို့ပြင် ငါအရှင်မြတ်သည် အသင့်အား သူတို့အပေါ်၌ ကြီးကြပ်အုပ်ထိန်းသူအဖြစ် ခန့်အပ်ထားသည် မဟုတ်ပေ။ အသင်သည် သူတို့အတွက် တာဝန်ခံလည်း မဟုတ်ပေ။ |