×

ဟောကြားလော့။ ကျွန်ုပ်အား ဝဟီအမိန့်တော်ဖြင့် ညွှန်ကြားတော်မူသည့်အရာများတွင် စားသုံးသူတို့ အတွက် တရားမဝင်အဖြစ် တားမြစ်ထားတော်မူသည့် အရာများမှာ အသေကောင်၊ သို့မဟုတ် စီးထွက်သော 6:145 Burmese translation

Quran infoBurmeseSurah Al-An‘am ⮕ (6:145) ayat 145 in Burmese

6:145 Surah Al-An‘am ayat 145 in Burmese (البورمية)

Quran with Burmese translation - Surah Al-An‘am ayat 145 - الأنعَام - Page - Juz 8

﴿قُل لَّآ أَجِدُ فِي مَآ أُوحِيَ إِلَيَّ مُحَرَّمًا عَلَىٰ طَاعِمٖ يَطۡعَمُهُۥٓ إِلَّآ أَن يَكُونَ مَيۡتَةً أَوۡ دَمٗا مَّسۡفُوحًا أَوۡ لَحۡمَ خِنزِيرٖ فَإِنَّهُۥ رِجۡسٌ أَوۡ فِسۡقًا أُهِلَّ لِغَيۡرِ ٱللَّهِ بِهِۦۚ فَمَنِ ٱضۡطُرَّ غَيۡرَ بَاغٖ وَلَا عَادٖ فَإِنَّ رَبَّكَ غَفُورٞ رَّحِيمٞ ﴾
[الأنعَام: 145]

ဟောကြားလော့။ ကျွန်ုပ်အား ဝဟီအမိန့်တော်ဖြင့် ညွှန်ကြားတော်မူသည့်အရာများတွင် စားသုံးသူတို့ အတွက် တရားမဝင်အဖြစ် တားမြစ်ထားတော်မူသည့် အရာများမှာ အသေကောင်၊ သို့မဟုတ် စီးထွက်သော သွေး၊ သို့မဟုတ် ဝက်သားအကြောင်း ယင်းသည် အမှန်ပင် အလွန်ညစ်ထေး၍ မသန့်စင်သောကြောင့်၊ သို့မဟုတ် အရှင့်စည်းမျဉ်းဥပဒေကို ကျူးလွန်ခြင်းအားဖြင့် အလ္လာဟ်အရှင်မြတ်မှအပ အခြားသောအရာများကို ရည်စူးသောအရာများ (သမာအာဇီဝမဟုတ်သော အရာများ) မှလွဲ၍ (အခြားအရာများကို) မတွေ့ရပေ။ သို့သော် မည်သူမဆို အကျပ်အတည်းကြုံ၍ မက်မောလျက် အရသာ ခံစားလိုခြင်းနှင့်စည်းမျဉ်းကျူးလွန်ဖောက်ဖျက်လိုခြင်း မရှိဘဲ မလွှဲမရှောင်သာ (အသက် မသေရုံမျှသာ) စားသုံးခဲ့ပါမူ (ထိုသူအပေါ် အပြစ်မထိုက်ပေ။) အသင့် အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် ဧကန်ပင်၊ အလွန် လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ လောကခပ်သိမ်းအပေါ် အလွန်ပင် ကရုဏာထားတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။

❮ Previous Next ❯

ترجمة: قل لا أجد في ما أوحي إلي محرما على طاعم يطعمه إلا, باللغة البورمية

﴿قل لا أجد في ما أوحي إلي محرما على طاعم يطعمه إلا﴾ [الأنعَام: 145]

Ba Sein
၁၄၅။ ဟောကြားလော့။ အကျွနု်ပ်သည် မိမိအား ချပေးသနားတော် ဗျာဒိတ်ကျမ်းတော်၌ စားသုံးသူတို့အား မစားသုံးရဟု တားမြစ်ထားသော တိရစ္ဆာန်အသေကောင်ပုတ်၊ သွေး၊ ဝက်သားသည် အမှန်ပင်မသန့်ပေ။ အလ္လာဟ်အသျှင်မြတ်၏နာမတော်မှတစ်ပါး အခြားနာမည်ကို ရွတ်ဖတ်၍ သတ်ဖြတ်သော သားကောင်၏အသားများမှတစ်ပါး အခြားအစားအစာများကို တရားမဝင်သော အစာဟု တားမြစ်တော်မူသည်ကို မတွေ့ရှိရပေ။ သို့သော် အကြင်သူသည် မိမိတတ်မက်မောခြင်း ကြောင့်သော်လည်းကောင်း၊ တရားတော်ကို ကျူးလွန်လို၍သော်လည်းကောင်း မဟုတ်ဘဲ အကြပ် အတည်းနှင့် တွေ့ကြံုသဖြင့် ထိုတရားမဝင်သောအစာကို စားရ၏။ ထိုသူအား မှတ်သားလော့။ သင်တို့၏ ကျေးဇူးတော်သခင်သည် အမှန်ပင် အပြစ်လွှတ်တော်မူ၏။ ကောင်းချီးမင်္ဂလာ ပေးသနားတော်မူ၏။
Ghazi Mohammad Hashim
(အို-နဗီတမန်တော်) အသင်သည် (ယင်းသူတို့အား ဤသို့) ပြောကြားပါလေ။ (အချင်းတို့) ငါသည် မိမိထံသို့ (အလ္လာဟ်အရှင်မြတ်အထံတော်မှ) ကျရောက်လာသောဝဟ်ယ် အမိန့်တော်တွင် (ယခုအငြင်းပွားလျက်ရှိသောတိရစ္ဆာန်များအနက်)တစ်စုံတစ်ခုကို မည်သည့်စားသုံးသူအပေါ်၌မျှ ၎င်းကို စားသုံးခြင်းသည် ဟရာမ် ဟူ၍ တားမြစ်ထားသည်ကို မတွေ့ရှိရချေ။ သို့ရာတွင် အသေသား၊ သို့မဟုတ်စီးထွက်သောသွေး၊ သို့မဟုတ် ဝက်တိရစ္ဆာန်၏ အသားဖြစ်ခဲ့လျှင် ထိုအရာများသည် အလွန်ညစ်ထေး၍ မသန့်စင်သောကြောင့်၊ သို့မဟုတ် ဥပဒေကို ကျူးလွန်ခြင်းအားဖြင့် အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားကိုရည်စူး၍ သတ်မှတ်ခဲ့လျှင်(ဟရာမ် ဟူ၍ တားမြစ်ထားတော်မူလေသည်။) သို့ပါလျက်အကြင်သူသည် (ထိုထိုသောအရာများကိုပင်) အရသာခံစားလိုခြင်း၊ စည်းကမ်းကျူးလွန် ဖောက်ဖျက်ခြင်းမရှိဘဲ မလွှဲမရှောင်သာဖြစ်၍ (အသက်မသေရုံမျှသာ စားသုံး)ခဲ့ပါမူ၊ အသင့်အားဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ဧကန်အမှန်အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အလွန်တရာ သနားညှာတာတော်မူသောအရှင်မြတ်ပင်ဖြစ်တော် မူပေသတည်း။
Hashim Tin Myint
(အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ- ငါသည် ငါ၏ထံသို့ကျ‌ရောက်လာ‌သော ဝဟီ အမိန့်‌တော်တွင် (ယခုအငြင်းပွား‌နေ‌သော တိရစာ္ဆန်များထဲမှ)တစ်‌ကောင်မျှပင် မည်သည့်စားသုံးသူအ‌ပေါင်းအ‌ပေါ်၌မှ ထိုအရာကို စားသုံးခြင်း ဟရာမ်ဟု တားမြစ်ထားသည်ကို မ‌တွေ့ရ‌ပေ။* သို့ရာတွင် အ‌သေသား၊ သို့မဟုတ် စီး‌တွေ‌သော‌သွေး၊ သို့မဟုတ် ဝက်သား အမှန်ပင် ဤအရာ(အားလုံး)သည် အလွန်ညစ်ငြမ်း၍ မသန့်စင်သည့်အတွက်၊ သို့မဟုတ် အရှင်မြတ်၏အမိန့်ကို စည်း‌ဖောက်ပြီး အလ္လာဟ်အရှင်မြတ်မှလွဲ၍ အခြားကို ရည်စူးပြီး ဇဗဟ်လှီးဖြတ်ခဲ့လျှင် (ဟရာမ်ဟု တားမြစ်ထား‌တော်မူသည်။) ထို့‌နောက် အကြင်သူသည် (ထို တားမြစ်ထား‌သောအရာများကို)အရသာ ခံစားလိုသည်လည်းမဟုတ်ဘဲ၊ အစားကျူးသည်လည်း မဟုတ်ဘဲ မလွှဲမ‌ရှောင်သာ အကျပ်အတည်းဖြစ်(၍ အသက်မ‌သေရုံမျှသာ စားသုံး)ခဲ့လျှင် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် အမှန်စင်စစ် အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek