Quran with Burmese translation - Surah Al-An‘am ayat 144 - الأنعَام - Page - Juz 8
﴿وَمِنَ ٱلۡإِبِلِ ٱثۡنَيۡنِ وَمِنَ ٱلۡبَقَرِ ٱثۡنَيۡنِۗ قُلۡ ءَآلذَّكَرَيۡنِ حَرَّمَ أَمِ ٱلۡأُنثَيَيۡنِ أَمَّا ٱشۡتَمَلَتۡ عَلَيۡهِ أَرۡحَامُ ٱلۡأُنثَيَيۡنِۖ أَمۡ كُنتُمۡ شُهَدَآءَ إِذۡ وَصَّىٰكُمُ ٱللَّهُ بِهَٰذَاۚ فَمَنۡ أَظۡلَمُ مِمَّنِ ٱفۡتَرَىٰ عَلَى ٱللَّهِ كَذِبٗا لِّيُضِلَّ ٱلنَّاسَ بِغَيۡرِ عِلۡمٍۚ إِنَّ ٱللَّهَ لَا يَهۡدِي ٱلۡقَوۡمَ ٱلظَّٰلِمِينَ ﴾
[الأنعَام: 144]
﴿ومن الإبل اثنين ومن البقر اثنين قل آلذكرين حرم أم الأنثيين أما﴾ [الأنعَام: 144]
Ba Sein ၁၄၄။ ကုလားအုပ်များမှ တစ်စုံ၊ နွားထီးများမှတစ်စုံ ဟောကြားလော့။ အလ္လာဟ်အသျှင်မြတ်သည် အထီး နှစ်ကောင်ကိုသော်လည်းကောင်း၊ အမနှစ်ကောင်ကိုသော်လည်းကောင်း၊ အမနှစ်ကောင်ဝမ်းတွင်းရှိ သားငယ်တို့ကိုသော်လည်းကောင်း၊ တရားမဝင်ဟု တားမြစ်တော်မူသလော။ အလ္လာဟ်အသျှင်မြတ် သည် ယင်းပညတ်တော်များကို ထုတ်ပြန်တော်မူသောအခါ သင်တို့သည် အပါးတော်တွင်ရှိကြ သလော။ အသိဉာဏ်မရှိကြဘဲလျက် လူသားတို့ကို လမ်းမှားသို့ ပို့ဆောင်နိုင်စေခြင်းငှာ အလ္လာဟ် အသျှင်မြတ်၏နာမတော်ကို အလွဲသုံးစားသူ၊ ကျူးလွန်သော မတရားမှုထက် ကြီးမားသောအပြစ်ကို အဘယ်သူပြစ်မှားသနည်း။ |
Ghazi Mohammad Hashim ထိုနည်းတူစွာ (ထိုအရှင်မြတ်သည်) ကုလားအုတ်များအနက် အထီးနှင့်အမနှစ်ကောင်၊ ထို့အတူနွားများအနက် အထီးနှင့်အမနှစ်ကောင်ကို (ဖန်ဆင်းတော်မူလေသည်။ အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့) ပြောဆိုမေးမြန်းပါလေ။ (အချင်းတို့) ထိုအရှင်မြတ်သည်အထီးနှစ်ကောင်ကို ဟရာမ် ဟူ၍ တားမြစ်တော်မူပါသလော။ သို့တည်းမဟုတ်အမနှစ်ကောင်ကို တားမြစ်တော်မူပါသလော။ သို့တည်းမဟုတ် အမ နှစ်ကောင် သားအိမ်များတွင် လွယ်ထားသော ကလေးများကို တားမြစ်တော်မူပါသလော။ သို့တည်းမဟုတ် အသင်တို့သည် အလ္လာဟ်အရှင်မြတ်က အသင်တို့အား ဤအမိန့်တော်ကို ချမှတ်ပေးတော်မူစဉ်အခါ၌(သက်သေများအဖြစ်)ရှေ့တော်မှောက်တွင် ရှိနေကြပါသလော။ သို့ဖြစ်ပေရာ အသိပညာ (သက်သေ သာဓက)မရှိပဲလျက် လူခပ်သိမ်းတို့အား လမ်းမှားစေခြင်းငှာ၊ အလ္လာဟ်အရှင်မြတ်အပေါ်၌ မုသားကိုလီဆယ်ပြောဆိုသူထက် မတရားသောသူသည် မည်သူဖြစ်နိုင်ပါသနည်း။ စင်စစ်ဧကန်အလ္လာဟ်အရှင်မြတ်သည်(ယင်းကဲ့သို့)မတရားသောသူတို့အားလမ်းမှန်သို့ပို့ဆောင်တော်မူသည် မဟုတ်ချေ။(ရကူ) |
Hashim Tin Myint ၎င်းပြင် ကုလားအုတ်များထဲမှနှစ်မျိုး(အထီးနှင့်အမ)၊ နွားများထဲမှနှစ်မျိုး(အထီးနှင့်အမ)ကို (လည်း အရှင်မြတ်က ဖန်ဆင်းတော်မူခဲ့သည်)။ (အို- တမန်တော်)အသင် ပြောလိုက်ပါ- အရှင်မြတ်သည် အထီးနှစ်ကောင်ကို တားမြစ်တော်မူသလော။ သို့မဟုတ် အမနှစ်ကောင်ကို တားမြစ်တော်မူသလော။ သို့မဟုတ် အမနှစ်ကောင်၏ သားအိမ်၌လွယ်ထားသော သန္ဓေသားများကို တားမြစ်တော်မူသလော။ သို့မဟုတ် အသင်တို့သည် အလ္လာဟ်အရှင်မြတ်က အသင်တို့ကို ထိုအမိန့်ချမှတ်စဉ်က (သက်သေအဖြစ်နှင့်) ရှေ့မှောက်၌ ရှိနေကြသလော။* သို့ဖြစ်ရာ အသိပညာမရှိဘဲနှင့် လူများအား လမ်းမှားစေရန် အလ္လာဟ်အရှင်မြတ်အပေါ်တွင် လုပ်ကြံလိမ်လည်ပြောဆိုသူထက် မတရားသူ မည်သူရှိမည်နည်း။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မတရားကျူးလွန်သူများကို လမ်းမှန်ရောက်အောင် ပို့ဆောင်တော်မူမည် မဟုတ်ပေ။ |