×

ဤသည် ငါအရှင်မြတ်ထုတ်ပြန်ချမှတ်ပေးအပ်တော်မူသည့် ကျမ်းတော်၊ ကောင်းချီးမင်္ဂလာအဖြာဖြာနှင့်ပြည့်စုံသော ကျမ်းတော်ဖြစ်သောကြောင့် ယင်းကိုသာလျှင် လိုက်နာကျင့်သုံးကြပြီး သင်တို့သည် အရှင့်ကရုဏာ သက်ခံကြရရန်အလို့ငှာ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို 6:155 Burmese translation

Quran infoBurmeseSurah Al-An‘am ⮕ (6:155) ayat 155 in Burmese

6:155 Surah Al-An‘am ayat 155 in Burmese (البورمية)

Quran with Burmese translation - Surah Al-An‘am ayat 155 - الأنعَام - Page - Juz 8

﴿وَهَٰذَا كِتَٰبٌ أَنزَلۡنَٰهُ مُبَارَكٞ فَٱتَّبِعُوهُ وَٱتَّقُواْ لَعَلَّكُمۡ تُرۡحَمُونَ ﴾
[الأنعَام: 155]

ဤသည် ငါအရှင်မြတ်ထုတ်ပြန်ချမှတ်ပေးအပ်တော်မူသည့် ကျမ်းတော်၊ ကောင်းချီးမင်္ဂလာအဖြာဖြာနှင့်ပြည့်စုံသော ကျမ်းတော်ဖြစ်သောကြောင့် ယင်းကိုသာလျှင် လိုက်နာကျင့်သုံးကြပြီး သင်တို့သည် အရှင့်ကရုဏာ သက်ခံကြရရန်အလို့ငှာ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးကြလော့။

❮ Previous Next ❯

ترجمة: وهذا كتاب أنـزلناه مبارك فاتبعوه واتقوا لعلكم ترحمون, باللغة البورمية

﴿وهذا كتاب أنـزلناه مبارك فاتبعوه واتقوا لعلكم ترحمون﴾ [الأنعَام: 155]

Ba Sein
၁၅၅။ ဤကျမ်းတော်သည် ငါအသျှင်မြတ် ထုတ်ပြန်ချပေးသနားတော်မူသော ကောင်းကြီးမင်္ဂလာအဖြာဖြာ နှင့် ပြည့်စုံလှသော ကုရ်အာန်ကျမ်းတော်ကြီးဖြစ်၏။ သင်တို့သည် အလ္လာဟ်အသျှင်မြတ်၏ ကောင်းကြီးမင်္ဂလာတော်ကိုရရှိစိမ့်သောငှာ ထိုကျမ်းတော်ကို လိုက်နာကြလော့။ ဒုစရိုက် မတရားမှု များကို ရှောင်ကြဉ်ကြလော့။
Ghazi Mohammad Hashim
စင်စစ်တမူကား ဤသည် ငါအရှင်မြတ်ထုတ်ပြန်တော်မူသော (ကုရ်အာန်) ကျမ်းတော်မြတ်ပင်တည်း။ (ထိုကျမ်းတော်မြတ်သည်) ကောင်းချီးမင်္ဂလာ(အဖြာဖြာ)နှင့် ပြည့်စုံသောကျမ်းမြတ်ပင်ဖြစ်ပေရာ၊ အသင်တို့သည် ထိုကျမ်းမြတ်(၏ ညွှန်ကြားချက်တို့)ကို လိုက်နာကြလေကုန်။ ထိုနည်းတူစွာ အသင်တို့သည်(ထိုကျမ်းတော်မြတ်ကမြစ်တားသောအမှုကိစ္စတို့ မှလည်း)ကြဉ်ရှောင်ကြလေကုန်။ သို့မှသာလျှင် အသင်တို့သည်(အလ္လာဟ်အရှင်မြတ်၏)ကရုဏာတော်ကို ခံစားနိုင်ကြမည်။(တစ်နည်း။)၎င်းပြင် ဤ(ကုရ်အာန်)သည် ကျမ်းဂန်တစ်စောင်ဖြစ်သည်၊ ထိုကျမ်းဂန်ကို ငါအရှင်မြတ်ပင် (အသင်မုဟမ္မဒ်)ထံ ထုတ်ပြန်ချမှတ်တော်မူသည်။ ကောင်းချီးမင်္ဂလာအဖြာဖြာနှင့်ပြည့်စုံသည်။ သို့ဖြစ်ပေရာ (ယခု)အသင်တို့သည်ထို(ကျမ်းဂန်လာ ဒေသနာတော်များ)ကို လိုက်နာကြကုန်။၎င်းပြင် အသင်တို့သည် ထို(ကျမ်းဂန်လာ ဒေသနာတော်များကိုဆန့်ကျင်ရာတွင် အလ္လာဟ်အရှင်မြတ်အား) ကြောက်ရွံ့ကြကုန်၊သို့ဖြစ်လျှင် အသင်တို့သည် (အလ္လာဟ်အရှင်မြတ်၏) ကရုဏာတော်ကို ခံစားနိုင်ကြပေမည်။
Hashim Tin Myint
ထို့ပြင် ဤသည် ငါအရှင်မြတ်ချ‌ပေး‌တော်မူ‌သော (ကုရ်အာန်)ကျမ်းမြတ်ဖြစ်သည်။ ‌ကောင်းချီးမဂင်္လာနှင့် ပြည့်စုံ‌သောကျမ်းဖြစ်သည့်အတွက် (ကုရ်အာန်က တားမြစ်ထားသည်များကို) ‌ရှောင်ကြဉ်ကြပါ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek