Quran with Burmese translation - Surah Al-An‘am ayat 154 - الأنعَام - Page - Juz 8
﴿ثُمَّ ءَاتَيۡنَا مُوسَى ٱلۡكِتَٰبَ تَمَامًا عَلَى ٱلَّذِيٓ أَحۡسَنَ وَتَفۡصِيلٗا لِّكُلِّ شَيۡءٖ وَهُدٗى وَرَحۡمَةٗ لَّعَلَّهُم بِلِقَآءِ رَبِّهِمۡ يُؤۡمِنُونَ ﴾
[الأنعَام: 154]
﴿ثم آتينا موسى الكتاب تماما على الذي أحسن وتفصيلا لكل شيء وهدى﴾ [الأنعَام: 154]
Ba Sein ၁၅၄။ လူသားတို့သည် မိမိတို့၏ ကျေးဇူးတော်သခင်ကို ဒိဌမျက်မြင် ဖူးမြော်ရမည်ကို ယုံကြည်စိမ့်သောငှာ ငါအသျှင်မြတ်သည် တမန်တော်မူဆာအား တောင်ရတ်ကျမ်းတော်မြတ်ကို ထုတ်ပြန်ချပေးသနား တော်မူ၏။ ထိုကျမ်းတော်မြတ်သည် သုစရိုက်မှုပွားများလိုသူတို့အဖို့ စုံလင်ပြည့်စုံ၏။ အရာခပ်သိမ်း တို့ကို ရှင်းလင်းဖော်ပြထား၏။ လမ်းညွှန်တစ်ပါးဖြစ်၏။ ကောင်းကြီးမင်္ဂလာတော်ကြီးတစ်ပါးလည်း ဖြစ်၏။ |
Ghazi Mohammad Hashim တဖန် ငါအရှင်မြတ်သည် (နဗီတမန်တော်)မူစာအား ယင်း(မူစာ၏အမျိုးသား)တို့သည် မိမိတို့အား မွေးမြူတော်မူသောအရှင်နှင့် တွေ့ဆုံကြရမည်ကို ယုံကြည်နိုင်ကြရန်ကောင်းစွာကျင့်မူသော သူတို့အဖို့(တောင်ရာတ်)ကျမ်းမြတ်ကိုပြည့်စုံသော ကျေးဇူးတော်အဖြစ်လည်းကောင်း၊ အလုံးစုံသောအရာများကို လင်းပြသော(ကျမ်းဂန်)အဖြစ်လည်းကောင်း၊တရားဓမ္မညွှန်ပြသော(ဒေသနာတော်)အဖြစ်လည်းကောင်း၊ကရုဏာတော်အဖြစ်လည်းကောင်း၊ ချီးမြှင့် ပေးသနားတော်မူခဲ့လေသတည်း။ |
Hashim Tin Myint ထို့နောက် ငါအရှင်မြတ်သည် (တမန်တော်)မူစာကို ၎င်း၏အမျိုးသားများသည် သူတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်နှင့် တွေ့ဆုံကြရမည်ကို ယုံကြည်နိုင်ကြရန်အတွက် အကောင်းပြုသူများအပေါ်တွင် သောင်ရသ်ကျမ်းကို* ပြည့်စုံသောကျေးဇူးတော်အဖြစ်၊ အရာရာကို ရှင်းလင်းပြသသောကျမ်းအဖြစ်၊ တရားလမ်းမှန်ကို ညွှန်ကြားပြသသောအရာအဖြစ်နှင့် သနားကရုဏာတော်အဖြစ် ချီးမြှင့်ပေးသနားတော်မူခဲ့သည်။ |