×

(ထိုသို့ ကယ်တင်စေတော်မူလိုလျှင်) သင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်အရှင့်သတင်းတော်ဆောင် ရစူလ်တမန်တော်မြတ်အား သက်ဝင်ယုံကြည်ကြလော့။ ထို့ပြင် သင်တို့သည် သင်တို့ ဥစ္စာဓနပိုင်ဆိုင်မှုများနှင့်နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ 61:11 Burmese translation

Quran infoBurmeseSurah As-saff ⮕ (61:11) ayat 11 in Burmese

61:11 Surah As-saff ayat 11 in Burmese (البورمية)

Quran with Burmese translation - Surah As-saff ayat 11 - الصَّف - Page - Juz 28

﴿تُؤۡمِنُونَ بِٱللَّهِ وَرَسُولِهِۦ وَتُجَٰهِدُونَ فِي سَبِيلِ ٱللَّهِ بِأَمۡوَٰلِكُمۡ وَأَنفُسِكُمۡۚ ذَٰلِكُمۡ خَيۡرٞ لَّكُمۡ إِن كُنتُمۡ تَعۡلَمُونَ ﴾
[الصَّف: 11]

(ထိုသို့ ကယ်တင်စေတော်မူလိုလျှင်) သင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်အရှင့်သတင်းတော်ဆောင် ရစူလ်တမန်တော်မြတ်အား သက်ဝင်ယုံကြည်ကြလော့။ ထို့ပြင် သင်တို့သည် သင်တို့ ဥစ္စာဓနပိုင်ဆိုင်မှုများနှင့်နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့် အညီဖြစ်စေ၊ ရှာဖွေသုံး စွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များဖြင့် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ စွမ်းစွမ်းတမံ၊ သက်စွန့်ကြိုးပမ်း၊ ရုန်းကန်ကြလော့။ အကယ်၍ သင်တို့သိနားလည်ကြလျှင် ထိုသို့ပြုကျင့်ခြင်းသည် သင်တို့အတွက် အကောင်းဆုံးပင် ဖြစ်၏။

❮ Previous Next ❯

ترجمة: تؤمنون بالله ورسوله وتجاهدون في سبيل الله بأموالكم وأنفسكم ذلكم خير لكم, باللغة البورمية

﴿تؤمنون بالله ورسوله وتجاهدون في سبيل الله بأموالكم وأنفسكم ذلكم خير لكم﴾ [الصَّف: 11]

Ba Sein
၁၁။ သင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ တမန်တော်ကို ယုံကြည်ကြလော့၊ မိမိတို့စည်းစိမ်များအားဖြင့် အလ္လာဟ်အရှင်မြတ်ဘက်တော်၌ အစွမ်းကုန်ကြိုးစားအားထုတ်ကြလော့၊ ယင်းပြုကျင့်မှုသည် သင်တို့အဖို့အရာ အလွန်ကောင်းမြတ်၏၊ သင်တို့သိလျှင် တော်လေစွ။
Ghazi Mohammad Hashim
အသင်တို့သည် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ ထိုအရှင်မြတ်၏ရစူလ်တမန်တော်မြတ်အား လည်းကောင်း၊ သက်ဝင်ယုံကြည်ကြရပေမည်။ ၎င်းပြင် အသင်တို့သည် မိမိတို့ ပစ္စည်းဥစ္စာများဖြင့်လည်းကောင်း၊ မိမိတို့၏ အသက်ဇီဝိန်များဖြင့်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ သက်စွန့်ကြိုးပမ်းကြရပေမည်။ ဤသည် အကယ်၍ အသင်တို့ သိရှိကြသည်ဖြစ်မူ အသင်တို့အဖို့ အကောင်းဆုံးပင်ဖြစ်၏။
Hashim Tin Myint
အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ တမန်‌တော်ကို ယုံကြည်ကြရမည့်အပြင် အသင်တို့သည် အသင်တို့၏ပစ္စည်းဥစ္စာများအပါအဝင် အသင်တို့၏ အသက်ဝိညာဉ်များနှင့် အလ္လာဟ်အရှင်မြတ်၏လမ်း‌တော်တွင် သက်စွန့်ကြိုးပမ်းကြရမည်။ ဤသည် အကယ်၍အသင်တို့သိရှိကြလျှင် အသင်တို့အတွက် အ‌ကောင်းဆုံးပင် ဖြစ်သည်။ ###၆
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek