Quran with Burmese translation - Surah As-saff ayat 12 - الصَّف - Page - Juz 28
﴿يَغۡفِرۡ لَكُمۡ ذُنُوبَكُمۡ وَيُدۡخِلۡكُمۡ جَنَّٰتٖ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُ وَمَسَٰكِنَ طَيِّبَةٗ فِي جَنَّٰتِ عَدۡنٖۚ ذَٰلِكَ ٱلۡفَوۡزُ ٱلۡعَظِيمُ ﴾
[الصَّف: 12]
﴿يغفر لكم ذنوبكم ويدخلكم جنات تجري من تحتها الأنهار ومساكن طيبة في﴾ [الصَّف: 12]
Ba Sein ၁၂။ အရှင်မြတ်သည် သင်တို့၏ အပြစ်များကို ခွင့်လွှတ်တော်မူ၍ သင်တို့ကို နိဗ္ဗာန်ဥယျာဉ်တော်များအတွင်းသို့ ယူဆောင်လာတော်မူလိမ့်မည်၊ ထိုဥယျာဉ်တော်များအောက်၌ ကြည်လင်အေးမြသော စိမ့်စိမ်ရေမြောင်းတို့လည်း အယဉ်အထွေထွေ စီးဆင်းလျက်ရှိကြ၏၊ တင့်တယ်လှပသောဘုံဗိမာန်များလည်းရှိကြ၏၊ နိဗ္ဗာန်ဝင်ရခြင်းကား အောင်မြင်ခြင်းအပေါင်းတို့၏ အထွဋ်အထိပ်ဖြစ်ချေ၏။ |
Ghazi Mohammad Hashim ထိုအရှင်မြတ်သည် အသင်တို့၏ ပြစ်မှုဒုစရိုက်များကို ခွင့်လွှတ်တော်မူပေမည်။ ထို့ပြင် ထိုအရှင်မြတ် သည်အသင်တို့အား အကြင်ဥယျာဉ်များသို့ ဝင်ရောက်စေတော်မူပေမည်။ ယင်းဥယျာဉ်များ၏အောက်မှ ချောင်းများသည် စီးတွေလျက်ရှိကြပေမည်။ ထိုမှတစ်ပါး (ထိုအရှင်မြတ်သည် အသင်တို့အား) အကြင်နေအိမ်များသို့ ဝင်ရောက်စေတော်မူပေမည်။ ထိုနေအိမ်များမှာ အမြဲထာဝစဉ် နေထိုင်ရအံ့သောဥယျာဉ်များဝယ် ရှိကြပေမည်။ ထိုသည် ကြီးကျယ်လှစွာသော အောင်မြင်မှုပင်။ |
Hashim Tin Myint အရှင်မြတ်သည် အသင်တို့၏ အပြစ်များကို ခွင့်လွှတ်တော်မူပြီး အရှင်မြတ်သည် အသင်တို့အား အကြင်ဥယျာဉ်များသို့ ဝင်ရောက်စေတော်မူမည်။ ထိုဥယျာဉ်များ၏ အောက်မှ ချောင်းများစီးဆင်းနေကြမည်။ ထို့ပြင် အမြဲနေထိုင်ရမည့် ဥယျာဉ်များထဲတွင်ရှိသော သန့်ပြန့်စင်ကြယ်သည့်အိမ်များထဲသို့ ဝင်ရောက်စေတော်မူမည်။ ဤသည် ကြီးကျယ်သော အောင်မြင်မှုပင်ဖြစ်သည်။ |