×

ထိုအရှင်မြတ်သည် အရှင်မြတ်နှင့်တွဲဖက်၍ အခြားသောအရာများကို ကိုးကွယ်ကြသူများက မလိုမုန်းထား ဖြစ်နေကြသော်ငြားလည်း ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဉ်) 61:9 Burmese translation

Quran infoBurmeseSurah As-saff ⮕ (61:9) ayat 9 in Burmese

61:9 Surah As-saff ayat 9 in Burmese (البورمية)

Quran with Burmese translation - Surah As-saff ayat 9 - الصَّف - Page - Juz 28

﴿هُوَ ٱلَّذِيٓ أَرۡسَلَ رَسُولَهُۥ بِٱلۡهُدَىٰ وَدِينِ ٱلۡحَقِّ لِيُظۡهِرَهُۥ عَلَى ٱلدِّينِ كُلِّهِۦ وَلَوۡ كَرِهَ ٱلۡمُشۡرِكُونَ ﴾
[الصَّف: 9]

ထိုအရှင်မြတ်သည် အရှင်မြတ်နှင့်တွဲဖက်၍ အခြားသောအရာများကို ကိုးကွယ်ကြသူများက မလိုမုန်းထား ဖြစ်နေကြသော်ငြားလည်း ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဉ်) သည် အားလုံးအပေါ် အထင်အရှားလွှမ်းမိုးစေတော်မူရန် လမ်းညွှန်တော်နှင့်အမှန်တရားသစ္စာပေါ်အခြေခံသော ဒီန် (အစ္စလာမ်) နှင့်အတူ အရှင့်ရစူလ်တမန်တော်ကိုစေလွှတ်တော်မူသောအရှင် ဖြစ်တော်မူ၏။

❮ Previous Next ❯

ترجمة: هو الذي أرسل رسوله بالهدى ودين الحق ليظهره على الدين كله ولو, باللغة البورمية

﴿هو الذي أرسل رسوله بالهدى ودين الحق ليظهره على الدين كله ولو﴾ [الصَّف: 9]

Ba Sein
၉။ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ တမန်တော်ကို လမ်းညွှန်တော်၊ မှန်ကန်သော သာသနာတော်နှင့်တကွ စေလွှတ်တော်မူ၏၊ သို့စေလွှတ်တော်မူသည်မှာ အရှင်မြတ်သည် အစ္စလာမ်သာသနာတော်ကြီးကို ဘာသာအမျိုးမျိုးတို့ အပေါ်၌ လွှမ်းမိုးစေရန် အလို့ငှာ ဖြစ်၏၊ မိစ္ဆာဒိဋ္ဌိတို့သည် ဘယ်လိုပင် မနှစ်သက်မုန်းတီးသော်လည်း သာသနာတော်ကြီးအောင်နိုင်ရမည်သာတည်း။
Ghazi Mohammad Hashim
ထို အရှင်မြတ်သည် အကြင် အရှင်မြတ်ပင် ဖြစ်တော်မူ၏။ မုရှ်ရစ်က်တို့သည် မနှစ်မြို့ကြငြားသော်လည်း ထိုအရှင်မြတ်သည် မိမိ ရစူလ်တမန်တော်အား တရားလမ်းညွှန်နှင့်တကွလည်းကောင်း၊ ဘာသာ သာသနာ အလုံးစုံတို့ထက်ဝယ် လွှမ်းမိုးစေတော်မူအံ့သောငှာ မှန်ကန်သော ‘ဒီန်’သာသနာတော်နှင့်တကွလည်းကောင်း၊ (ယင်း မှန်ကန်သော သာသနာကို) စေလွှတ်တော်မူခဲ့ပေသတည်း။
Hashim Tin Myint
ထိုအရှင်မြတ်သည် အရှင်မြတ်၏ တမန်‌တော်ကို လမ်းမှန်ညွှန်ကြားပြသချက်နှင့် သာမက မှန်ကန်သည့် သာသနာနှင့် တကွ‌စေလွှတ်‌တော်မူ‌သောအရှင်မြတ်ပင်ဖြစ်‌တော်မူ သည်။ (‌စေလွှတ်ရသည့်အ‌ကြောင်းကမူ) မုရှ်ရိက်များမနှစ်မြို့ကြလျှင်လည်း (ထိုမှန်ကန်သည့်)သာသနာကို သာသနာအားလုံးအ‌ပေါ်တွင် လွှမ်းမိုးသွားရန်အတွက်ဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek