×

(သူတို့သည် အာခံဖီဆန်သော သစ္စာဖောက်များဖြစ်၍) အလ္လာဟ်အရှင်မြတ်သည် သူတို့အား မည်သည့်အခါမျှ ခွင့်လွတ်တော်မူမည်မဟုတ်သောကြောင့် အသင် (တမန်တော်) သည် သူတို့အတွက် (အရှင်မြတ်ထံ) 63:6 Burmese translation

Quran infoBurmeseSurah Al-Munafiqun ⮕ (63:6) ayat 6 in Burmese

63:6 Surah Al-Munafiqun ayat 6 in Burmese (البورمية)

Quran with Burmese translation - Surah Al-Munafiqun ayat 6 - المُنَافِقُونَ - Page - Juz 28

﴿سَوَآءٌ عَلَيۡهِمۡ أَسۡتَغۡفَرۡتَ لَهُمۡ أَمۡ لَمۡ تَسۡتَغۡفِرۡ لَهُمۡ لَن يَغۡفِرَ ٱللَّهُ لَهُمۡۚ إِنَّ ٱللَّهَ لَا يَهۡدِي ٱلۡقَوۡمَ ٱلۡفَٰسِقِينَ ﴾
[المُنَافِقُونَ: 6]

(သူတို့သည် အာခံဖီဆန်သော သစ္စာဖောက်များဖြစ်၍) အလ္လာဟ်အရှင်မြတ်သည် သူတို့အား မည်သည့်အခါမျှ ခွင့်လွတ်တော်မူမည်မဟုတ်သောကြောင့် အသင် (တမန်တော်) သည် သူတို့အတွက် (အရှင်မြတ်ထံ) လွတ်ငြိမ်းခွင့်ပန်ကြားသည်ဖြစ်စေ၊ သူတို့အတွက် လွတ်ငြိမ်းခွင့် မပန်ကြားသည်ဖြစ်စေ၊ သူတို့အတွက် (အကြောင်း ထူးမည်မဟုတ်ဘဲ) အတူတူပင် ဖြစ်လိမ့်မည်။ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် အရှင့်အမိန့်တော်စည်းဘောင်များကို ကျူးလွန်ချိုးဖောက်၍ အာခံဖီဆန်သော ယုတ်မာသည့်လူမျိုးတို့အား (အမှန်တရားမှ အလှမ်းဝေးကွာစေတော်မူပြီး) တရားလမ်းမှန် ညွှန်ပြတော်မူသည် မဟုတ်ပေ။

❮ Previous Next ❯

ترجمة: سواء عليهم أستغفرت لهم أم لم تستغفر لهم لن يغفر الله لهم, باللغة البورمية

﴿سواء عليهم أستغفرت لهم أم لم تستغفر لهم لن يغفر الله لهم﴾ [المُنَافِقُونَ: 6]

Ba Sein
၆။ သင်သည် ထိုသူတို့အတွက် အပြစ်လွှတ်ဆုကို တောင်းသည်ဖြစ်စေ၊ မတောင်းသည်ဖြစ်စေ၊ အလ္လာဟ်အရှင် မြတ်သည် သူတို့ကို အပြစ်လွှတ်တော်မူမည်မဟုတ်၊ စင်စစ်မှာ အလ္လာဟ်အရှင်မြတ်သည် ဒုစရိုက်ကောင်တို့ကို လမ်းညွှန်တော်မမူချေ။
Ghazi Mohammad Hashim
အသင်သည် ၎င်းတို့အဖို့ လွတ်ငြိမ်းခွင့်ကို ပန်ကြားသည်ဖြစ်စေ၊ ၎င်းတို့အဖို့ လွတ်ငြိမ်းခွင့်ကို ပန်ကြားခြင်းမပြုသည်ဖြစ်စေ၊ ၎င်းတို့အဖို့ အကြောင်းမထူးပြီ။ ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် အမိန့်တော်ကို သွေဖည်သောသူတို့အား တရားလမ်းမှန်သို့ ပို့ပေးတော်မူသည် မဟုတ်ပေ။
Hashim Tin Myint
အသင်သည် သူတို့အတွက်လွတ်ငြိမ်းချမ်းသာခွင့် ပန်ကြားသည်ပင်ဖြစ်‌စေ၊ မပန်ကြားသည်ပင်ဖြစ်‌စေ သူတို့အတွက် အတူတူပင်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည်သူတို့အား မည်သည့်အခါမှ ခွင့်လွှတ်‌တော်မူမည်မဟုတ်‌ပေ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အမိန့်‌တော်ကို ‌သွေဖည်‌သောသူများအား တရားလမ်းမှန်သို့ ပို့‌ဆောင်‌တော် မမူ‌ပေ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek