Quran with Burmese translation - Surah Al-Munafiqun ayat 7 - المُنَافِقُونَ - Page - Juz 28
﴿هُمُ ٱلَّذِينَ يَقُولُونَ لَا تُنفِقُواْ عَلَىٰ مَنۡ عِندَ رَسُولِ ٱللَّهِ حَتَّىٰ يَنفَضُّواْۗ وَلِلَّهِ خَزَآئِنُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَلَٰكِنَّ ٱلۡمُنَٰفِقِينَ لَا يَفۡقَهُونَ ﴾
[المُنَافِقُونَ: 7]
﴿هم الذين يقولون لا تنفقوا على من عند رسول الله حتى ينفضوا﴾ [المُنَافِقُونَ: 7]
Ba Sein ၇။ ထိုသူယုတ်မာတို့သည် အချင်းတို့၊ တမန်တော်သခင်၏ အပါးတွင် နေထိုင်ကုန်သောသူတို့အတွက် မသုံးစွဲကြ လင့်၊ သို့မှသာလျှင် ထိုသူတို့သည် သင်တို့ထံမှ တကွဲတပြားစီထွက်သွားကြလိမ့်မည်ဟု အချင်းချင်းပြောဆို၏၊ အမှန်မှာ မိုးကောင်းကင်နှင့် ကမ္ဘာမြေပြင်ဝယ်ရှိရှိသမျှဥစ္စာပစ္စည်းများသည် အလ္လာဟ်အရှင်မြတ်၏ ဘဏ္ဍာ တော်များဖြစ်ကြ၏၊ သို့သော်ယုံကြည်ဟန်ဆောင်သူတို့သည် မသိကြချေ။ |
Ghazi Mohammad Hashim ၎င်းတို့ကပင် ‘အသင်တို့သည် ရစူလ်တမန်တော်မြတ်၏ထံတော်ပါး၌ ရှိနေကြသော သူတို့အပေါ် ၌ ၎င်းတို့ ကစဉ့်ကလျား ဖြစ်သွားကြသည်အထိ သုံးစွဲခြင်းကို မပြုကြကုန်လင့်’ ဟူ၍ ပြောဆိုခဲ့ကြကုန်၏။ စင်စစ်သော်ကား မိုးကောင်းကင်များ၌ရှိကုန်သော ဘဏ္ဍာတော်များသည်လည်းကောင်း၊ ပထဝီမြေ ၌ရှိကုန်သော ဘဏ္ဍာတော်များသည်လည်းကောင်း၊ အရှင်မြတ်ပိုင်ဆိုင်တော်မူသော ဘဏ္ဍာတော်များသာ ဖြစ်ကုန်၏။ သို့ရာတွင် ‘မုနာဖစ်က်’အယောင်ဆောင် မွတ်စ်လင်မ်တို့သည် နားလည်ကြသည် မဟုတ်ပေ။ |
Hashim Tin Myint သူတို့ကပင် ပြောဆိုခဲ့ကြသည်-“အသင်တို့သည် တမန်တော်မြတ်အပါး၌ ရှိသောသူများအပေါ်တွင် သူတို့သည်ဖရိုဖရဲဖြစ်ပြီး ပြိုကွဲသွားကြသည်အထိ သုံးစွဲခြင်းကိုမပြုကြနှင့်။” ထို့ပြင် မိုးကောင်းကင်များနှင့် မြေပထဝီတွင်ရှိသောဘဏ္ဍာများသည် အလ္လာဟ်အရှင်မြတ်ပင် ပိုင်ဆိုင်သောဘဏ္ဍာတော်များဖြစ်ကြသည်။ သို့ရာတွင် မုနာဖိက်အယောင်ဆောင် များသည် နားမလည်ကြပေ။ ###၂ |