×

အလ္လာဟ်အရှင်မြတ်သာလျှင် (တစ်ဆူတည်းသော ကိုးကွယ်ရာအရှင် ဖြစ်တော်မူပြီး) ထိုအရှင်မြတ် မှအပ အခြားဆည်းကပ်ကိုးကွယ်ထိုက်သောအရှင်ဟူ၍ အလျှင်း မရှိပေ။ သို့ဖြစ်ပေရာ (ငါအရှင်မြတ်သည် ယုံကြည်သူတို့ကို 64:13 Burmese translation

Quran infoBurmeseSurah At-Taghabun ⮕ (64:13) ayat 13 in Burmese

64:13 Surah At-Taghabun ayat 13 in Burmese (البورمية)

Quran with Burmese translation - Surah At-Taghabun ayat 13 - التغَابُن - Page - Juz 28

﴿ٱللَّهُ لَآ إِلَٰهَ إِلَّا هُوَۚ وَعَلَى ٱللَّهِ فَلۡيَتَوَكَّلِ ٱلۡمُؤۡمِنُونَ ﴾
[التغَابُن: 13]

အလ္လာဟ်အရှင်မြတ်သာလျှင် (တစ်ဆူတည်းသော ကိုးကွယ်ရာအရှင် ဖြစ်တော်မူပြီး) ထိုအရှင်မြတ် မှအပ အခြားဆည်းကပ်ကိုးကွယ်ထိုက်သောအရှင်ဟူ၍ အလျှင်း မရှိပေ။ သို့ဖြစ်ပေရာ (ငါအရှင်မြတ်သည် ယုံကြည်သူတို့ကို ကာကွယ်စောင့်ရှောက်ရန် အရှင့်အပေါ် တာဝန်အဖြစ်သတ်မှတ် ထားတော်မူသည့်အလျှောက်) ယုံကြည်သူများအနေဖြင့် အလ္လာဟ်အရှင်မြတ်ကိုသာ (ယုံကြည်စိတ်ချစွာဖြင့် ပုံအပ်လျက်) အားကိုးအားထား ပြုထိုက်၏။

❮ Previous Next ❯

ترجمة: الله لا إله إلا هو وعلى الله فليتوكل المؤمنون, باللغة البورمية

﴿الله لا إله إلا هو وعلى الله فليتوكل المؤمنون﴾ [التغَابُن: 13]

Ba Sein
၁၃။ အလ္လာဟ်အရှင်မြတ်မှတပါး အခြားအရှင်သခင်မရှိချေ၊ ထို့ကြောင့်ယုံကြည်သူတို့သည် အလ္လာဟ်အရှင်မြတ်အား သာလျှင် ယုံကြည်ကိုးစားစေကြကုန်။
Ghazi Mohammad Hashim
အလ္လာဟ်အရှင်မြတ်သာလျှင် (ဆည်းကပ်ကိုးကွယ်ရာအရှင် ဖြစ်တော်မူ၏။) ထိုအရှင်မြတ်မှတစ်ပါး ဆည်းကပ်ကိုးကွယ်ရာ အရှင်ဟူ၍ အလျှင်း မရှိပြီ။ သို့ဖြစ်ပေရာ ‘မုအ်မင်န်’ သက်ဝင် ယုံကြည်သူတို့မှာမူကား အလ္လာဟ်အရှင်မြတ်၏အပေါ်၌သာလျှင် ယုံပုံလွှဲအပ် အားထားရာကုန်သတည်း။
Hashim Tin Myint
အလ္လာဟ်အရှင်မြတ်ပင်၊ ထိုအရှင်မြတ်မှလွဲ၍ ကိုးကွယ်ရာအရှင်မရှိ‌ပေ။ သို့ဖြစ်ရာအလ္လာဟ် အရှင်မြတ်အ‌ပေါ်၌ပင် အီမာန်ယုံကြည်သူများသည် ယုံပုံလွှဲအပ်ကြရမည် ဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek