﴿قَدۡ فَرَضَ ٱللَّهُ لَكُمۡ تَحِلَّةَ أَيۡمَٰنِكُمۡۚ وَٱللَّهُ مَوۡلَىٰكُمۡۖ وَهُوَ ٱلۡعَلِيمُ ٱلۡحَكِيمُ ﴾
[التَّحرِيم: 2]
(အို၊ ယုံကြည်သူအပေါင်းတို့) ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့အကျိုးငှာ သင်တို့၏ကျိန်ဆိုချက်များ (ဖြစ်သော ခွင့်ပြုတော်မူထားသည်ကို နောက်နောင် မသုံးဆောင်ပါဟု မှားယွင်းစွာ သစ္စာဆိုခြင်းအား အမှားပြင်ရန်) အတွက် ပြေရာပြေကြောင်းပြုလုပ်ရန် သတ်မှတ်ပြဌာန်းတော်မူ၏။ စင်စစ်သော်ကား အလ္လာဟ် အရှင်မြတ်သည် (သင်တို့၏ကိစ္စအဝဝကို ပြီးစီးအောင်ဆောင်ရွက်ပေးတော်မူမည့် ယုံကြည်စိတ်ချရသော) ကာကွယ်စောင့်ရှောက်တော်မူသည့်အရှင်ဖြစ်တော်မူ၏။ ထို့ပြင် ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိနေတော်မူသောအရှင်၊ (တရားစီရင်ဆုံးဖြတ်ရာတွင်) နက်နဲသိမ်မွေ့သော အမြော်အမြင်နှင့်ပြည့်စုံ တော်မူသောအရှင် ဖြစ်တော်မူ၏။
ترجمة: قد فرض الله لكم تحلة أيمانكم والله مولاكم وهو العليم الحكيم, باللغة البورمية
﴿قد فرض الله لكم تحلة أيمانكم والله مولاكم وهو العليم الحكيم﴾ [التَّحرِيم: 2]