×

အကယ်၍ ယင်း (ငါး၏အပေါင်းအဖော်ဖြစ်ခဲ့သော တမန်တော်ယူနူးစ်၏ဝန်ချတောင်းပန်မှု) ကို ​ဗွေမယူဘဲ (လက်ခံတော်မူလျက်) သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်မှ ကျေးဇူးတော်ဖြင့် 68:49 Burmese translation

Quran infoBurmeseSurah Al-Qalam ⮕ (68:49) ayat 49 in Burmese

68:49 Surah Al-Qalam ayat 49 in Burmese (البورمية)

Quran with Burmese translation - Surah Al-Qalam ayat 49 - القَلَم - Page - Juz 29

﴿لَّوۡلَآ أَن تَدَٰرَكَهُۥ نِعۡمَةٞ مِّن رَّبِّهِۦ لَنُبِذَ بِٱلۡعَرَآءِ وَهُوَ مَذۡمُومٞ ﴾
[القَلَم: 49]

အကယ်၍ ယင်း (ငါး၏အပေါင်းအဖော်ဖြစ်ခဲ့သော တမန်တော်ယူနူးစ်၏ဝန်ချတောင်းပန်မှု) ကို ​ဗွေမယူဘဲ (လက်ခံတော်မူလျက်) သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်မှ ကျေးဇူးတော်ဖြင့် သိက္ခာပေးတော်မူခြင်းမရှိခဲ့လျှင် ဧကန်ပင်၊ ပြစ်တင်ရှုတ်ချမှုခံရသူ တစ်ဦးအဖြစ် လွင်တီးခေါင်ဝယ် ပစ်ထားခြင်းကိုခံခဲ့ရလိမ့်မည်သာ ဖြစ်၏။

❮ Previous Next ❯

ترجمة: لولا أن تداركه نعمة من ربه لنبذ بالعراء وهو مذموم, باللغة البورمية

﴿لولا أن تداركه نعمة من ربه لنبذ بالعراء وهو مذموم﴾ [القَلَم: 49]

Ba Sein
၄၉။ ထိုတမန်တော်သည် မိမိ၏ အရှင်သခင်ထံမှ ကောင်းကြီးမင်္ဂလာတော်မသက်ရောက်ခဲ့ပါလျှင် သူသည် ဆိုးသွမ်းပျက်စီးသူဘဝနှင့် သဲသောင်ပြင်၌ စွန့်ပစ်ထားခြင်းကို မုချဧကန်ခံရလေလတံ့။
Ghazi Mohammad Hashim
အကယ်၍သာလျှင် ထိုငါးရှင်အား ၎င်း၏အရှင်မြတ်ထံတော်မှ ကျေးဇူးတော်သည် သက်ရောက်ခဲ့သည်မရှိမူ အမှန်ပင် ထိုငါးရှင်မှာ အခြေမလှဖြစ်လျက် သစ်ပင်၊ ဝါးပင်၊ အိုးအိမ်စသည် (လုံးဝ)မရှိသော လွင်ပြင်ဝယ် ပစ်ထားခြင်းကိုခံခဲ့ရမည်သာ။
Hashim Tin Myint
အကယ်၍ ထိုငါးရှင်ကို သူ့အားဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်မှ ‌ကျေးဇူး‌တော်ကျ‌ရောက်လာခြင်းမရှိခဲ့လျှင် အမှန်ပင် ထိုငါးရှင်သည် အ‌ခြေမလှဖြစ်၍ လွင်တီး‌ခေါင်ပြင်တွင် အပြစ်တင်ခံရလျက် ပစ်ထားခြင်းကို ခံခဲ့ရမည်ဖြစ်သည်။ ###၉
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek