×

သူတို့အပေါ်တွင် ပြစ်ဒဏ်အဖြစ် ဘေးဒုက္ခတစ်စုံတစ်ခု ဆိုက်ရော်ကလာသည့်အခါတိုင်း သူတို့က “အို၊ မူဆာ၊ အရှင်မြတ်က အသင်နှင့်ကတိတော်ထားရှိသည့်တိုင်း ကျွန်ုပ်တို့ (၏ လွတ်ငြိမ်းချမ်းသာခွင့်) 7:134 Burmese translation

Quran infoBurmeseSurah Al-A‘raf ⮕ (7:134) ayat 134 in Burmese

7:134 Surah Al-A‘raf ayat 134 in Burmese (البورمية)

Quran with Burmese translation - Surah Al-A‘raf ayat 134 - الأعرَاف - Page - Juz 9

﴿وَلَمَّا وَقَعَ عَلَيۡهِمُ ٱلرِّجۡزُ قَالُواْ يَٰمُوسَى ٱدۡعُ لَنَا رَبَّكَ بِمَا عَهِدَ عِندَكَۖ لَئِن كَشَفۡتَ عَنَّا ٱلرِّجۡزَ لَنُؤۡمِنَنَّ لَكَ وَلَنُرۡسِلَنَّ مَعَكَ بَنِيٓ إِسۡرَٰٓءِيلَ ﴾
[الأعرَاف: 134]

သူတို့အပေါ်တွင် ပြစ်ဒဏ်အဖြစ် ဘေးဒုက္ခတစ်စုံတစ်ခု ဆိုက်ရော်ကလာသည့်အခါတိုင်း သူတို့က “အို၊ မူဆာ၊ အရှင်မြတ်က အသင်နှင့်ကတိတော်ထားရှိသည့်တိုင်း ကျွန်ုပ်တို့ (၏ လွတ်ငြိမ်းချမ်းသာခွင့်) အတွက် အသင့်အားဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံ ဆုတောင်းပါလော့။ အကယ်၍ အသင် (တမန်တော်) သည် ပြစ်ဒဏ်ဘေးဒုက္ခကို ကျွန်ုပ်တို့ထံမှ ဖယ်ရှားပေးလျှင် အသင့်အား သေချာပေါက် ယုံကြည်စေလိမ့်မည်ဖြစ်ပြီး အစ္စရေးမျိုးနွယ်တို့ကိုလည်း သင်နှင့်အတူ အမှန်ပင် သွားခွင့်ပေးလိမ့်မည်။” ဟု လျှောက်တင်ခဲ့ကြ၏။

❮ Previous Next ❯

ترجمة: ولما وقع عليهم الرجز قالوا ياموسى ادع لنا ربك بما عهد عندك, باللغة البورمية

﴿ولما وقع عليهم الرجز قالوا ياموسى ادع لنا ربك بما عهد عندك﴾ [الأعرَاف: 134]

Ba Sein
၁၃၄။ ဘေးအန္တရာယ်ကြောက်မက်ဖွယ်တို့ ဆိုက်ရောက်လာသောအခါ သူတို့သည် ဤသို့ ငိုကြွေးတောင်းပန် ကြ၏။ အို-မူဆာ သင်၏အသျှင်သခင်သည် သင်နှင့် ပဋိညာဉ်ဖွဲ့တော်မူပြီးသောကြောင့် သင်သည် သင်၏ ကျေးဇေူးတော်သခင်ထံတော်၌ အကျွနု်ပ်တို့အတွက် ဆုတောင်းပေးပါလော့။ အကယ်၍ သင်သည် အကျွနု်ပ်တို့၏ ဘေးဒုက္ခကို ဖယ်ရှားပါလျှင် အကျွနု်ပ်တို့သည် သင့်ကို အမှန်ပင်ယုံကြည်၍ အစ္စရာအီလ်အမျိုးသားတို့ကို သင်နှင့်အတူတကွ သွားစေမည်။
Ghazi Mohammad Hashim
၎င်းပြင် ၎င်းတို့အပေါ်၌ပြစ်ဒဏ်များကျရောက်လာသောအခါ ထိုသူတို့က အို-မူစာ၊ အသင်၏အရှင်မြတ်သည် အသင်နှင့် ပဋိညာဉ် ပြုထားတော်မူသည်နှင့် စပ်လျဉ်း၍အသင်သည် ကျွန်ုပ်တို့အဖို့ မိမိအရှင်မြတ်အထံတော်၌ ဆုမွန်ပတ္တနာ ပြု၍ပေးပါလေ။ အကယ်၍သာ အသင်သည် ကျွန်ုပ်တို့အပေါ်မှ (ဤ)ပြစ်ဒဏ်ကို ဖယ်ရှား၍ ပေးခဲ့ပါလျှင်၊ ကျွန်ုပ်တို့သည် အသင့်အား ယုံကြည်(ကိုးစား)၍ အစ္စရာအီလီ အမျိုးသားတို့ကိုလည်း အသင်နှင့်အတူ ထည့်လိုက်ကြပါမည်ဟု ပြောဆို(လေ့ရှိ)ကြကုန်၏။
Hashim Tin Myint
ထို့ပြင် သူတို့အ‌ပေါ်တွင် ပြစ်ဒဏ်များကျ‌ရောက်လာ‌သောအခါ သူတို့က ‌ပြောဆိုကြသည်- “အို(တမန်‌တော်)မူစာ၊ အသင်၏အရှင်သည် အသင်နှင့် ကတိပြုထား‌တော်မူသည့်အတိုင်း* အသင်သည် ကျွန်ုပ်တို့အတွက် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်တွင် ဆု‌တောင်း‌ပေးပါ။* အကယ်၍ အသင်သည် ကျွန်ုပ်တို့အ‌ပေါ်မှ အပြစ်ဒဏ်ကို အမှန်စင်စစ် ဖယ်ရှား‌ပေးခဲ့လျှင် ကျွန်ုပ်တို့သည် အသင့်ကို ယုံကြည်ပြီး အစ္စရာအီလ်အမျိုးသားများအား အသင်နှင့်အတူ အမှန်ပင် ထည့်လိုက်ကြပါမည်။“
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek