×

(ထို့နောက် တမန်တော်မူဆာက) အို၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသောအရှင်မြတ်၊ ကျွန်ုပ်နှင့်ကျွန်ုပ်၏အစ်ကိုတို့အား လွတ်ငြိမ်းချမ်းသာခွင့်ပေးသနားတော်မူပါ၊ ကျွန်ုပ်တို့အား (အသင့်ကရုဏာတော်ဖြင့် လွှမ်းခြုံတော်မူလျက်) အရှင့်ကရုဏာတော်၏အရိပ်အာဝါသအတွင်း၌ 7:151 Burmese translation

Quran infoBurmeseSurah Al-A‘raf ⮕ (7:151) ayat 151 in Burmese

7:151 Surah Al-A‘raf ayat 151 in Burmese (البورمية)

Quran with Burmese translation - Surah Al-A‘raf ayat 151 - الأعرَاف - Page - Juz 9

﴿قَالَ رَبِّ ٱغۡفِرۡ لِي وَلِأَخِي وَأَدۡخِلۡنَا فِي رَحۡمَتِكَۖ وَأَنتَ أَرۡحَمُ ٱلرَّٰحِمِينَ ﴾
[الأعرَاف: 151]

(ထို့နောက် တမန်တော်မူဆာက) အို၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသောအရှင်မြတ်၊ ကျွန်ုပ်နှင့်ကျွန်ုပ်၏အစ်ကိုတို့အား လွတ်ငြိမ်းချမ်းသာခွင့်ပေးသနားတော်မူပါ၊ ကျွန်ုပ်တို့အား (အသင့်ကရုဏာတော်ဖြင့် လွှမ်းခြုံတော်မူလျက်) အရှင့်ကရုဏာတော်၏အရိပ်အာဝါသအတွင်း၌ ဝင်ခွင့်ပေးသနားတော်မူပါ။ အမှန်ပင်၊ အသင်အရှင်မြတ်သည် (အရာခပ်သိမ်းအပေါ် အစဉ်ကရုဏာထားတော်မူသောအနန္တကရုဏာရှင်) အားလုံးအပေါ် မပြတ်မစဲ သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။” ဟု ဆုပန်လျှောက်တင်၏။

❮ Previous Next ❯

ترجمة: قال رب اغفر لي ولأخي وأدخلنا في رحمتك وأنت أرحم الراحمين, باللغة البورمية

﴿قال رب اغفر لي ولأخي وأدخلنا في رحمتك وأنت أرحم الراحمين﴾ [الأعرَاف: 151]

Ba Sein
၁၅၁။ တမန်တော်မူဆာသည် အို-အကျွနု်ပ်၏အသျှင်သခင်၊ အကျွနု်ပ်နှင့် အကျွနု်ပ်၏နောင်တော်အား အပြစ်လွှတ်တော်မူပါအသျှင်၊ အကျွနု်ပ်တို့အား အသျှင်၏ ကောင်းချီးမင်္ဂလာအတွင်းသို့ သွင်းတော် မူပါ။ အသျှင်သည် ကောင်းကြီးမင်္ဂလာပေးသူတို့အနက် အထွဋ်အခေါင်ဖြစ်တော်မူပါ၏ဟု ဆုတောင်း၏။
Ghazi Mohammad Hashim
(ထိုအခါ) ထို(နဗီတမန်တော်) မူစာသည်(အလ္လာဟ်အရှင်မြတ် အထံတော်၌ ဤသို့) လျှောက်ထား ပန်ကြားလေသည်။ အို-ကျွန်တော်မျိုး ၏အရှင်၊ အရှင်မြတ်သည်ကျွန်တော်မျိုးအားလည်းကောင်း၊ ကျွန်တော်မျိုး၏နောင်တော်(နဗီတမန်တော်ဟာရူန်)အားလည်းကောင်း၊ (အပြစ်မှ) လွတ်ငြိမ်းချမ်းသာခွင့်ပေးသနားတော်မူပါ။ ၎င်းပြင် အရှင်မြတ်သည်ကျွန်တော်မျိုးတို့အား မိမိ ကရုဏာတော်အတွင်း သွင်းတော်မူပါ။ အမှန်စင်စစ်သော်ကား အရှင်မြတ်သည် သနားကြင်နာသူအပေါင်းတို့တွင် အကြင်နာဆုံးသောအရှင်မြတ်ပင် ဖြစ်တော်မူပါသတည်း။(ရကူ)
Hashim Tin Myint
၎င်း(တမန်‌တော်မူစာ)က ‌ပြောဆို‌လျှောက်ထားသည်- “အို-ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အရှင်မြတ်သည် ကျွန်ုပ်နှင့် ကျွန်ုပ်၏အစ်ကိုအား လွတ်ငြိမ်းချမ်းသာခွင့် ‌ပေးသနား‌တော်မူပါ။ ၎င်းပြင် အရှင်မြတ်သည် ကျွန်ုပ်တို့အား အရှင်မြတ်၏ သနားကရုဏာထဲသို့ သွတ်သွင်း‌တော်မူပါ။ ထို့ပြင် အရှင်မြတ်သည် သနားကြင်နာသူများထဲတွင် သနားကြင်နာဆုံးအရှင် ဖြစ်‌တော်မူပါသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek