Quran with Burmese translation - Surah Al-A‘raf ayat 150 - الأعرَاف - Page - Juz 9
﴿وَلَمَّا رَجَعَ مُوسَىٰٓ إِلَىٰ قَوۡمِهِۦ غَضۡبَٰنَ أَسِفٗا قَالَ بِئۡسَمَا خَلَفۡتُمُونِي مِنۢ بَعۡدِيٓۖ أَعَجِلۡتُمۡ أَمۡرَ رَبِّكُمۡۖ وَأَلۡقَى ٱلۡأَلۡوَاحَ وَأَخَذَ بِرَأۡسِ أَخِيهِ يَجُرُّهُۥٓ إِلَيۡهِۚ قَالَ ٱبۡنَ أُمَّ إِنَّ ٱلۡقَوۡمَ ٱسۡتَضۡعَفُونِي وَكَادُواْ يَقۡتُلُونَنِي فَلَا تُشۡمِتۡ بِيَ ٱلۡأَعۡدَآءَ وَلَا تَجۡعَلۡنِي مَعَ ٱلۡقَوۡمِ ٱلظَّٰلِمِينَ ﴾
[الأعرَاف: 150]
﴿ولما رجع موسى إلى قومه غضبان أسفا قال بئسما خلفتموني من بعدي﴾ [الأعرَاف: 150]
Ba Sein ၁၅ဝ။ တမန်တော်မူဆာသည် မိမိ၏လူများထံ ဒေါသအမျက်ထွက်ခြင်း၊ ပူဆွေးခြင်းနှင့်ပြန်လာသောအခါ သူသည် ဟောကြား၏။ ဟယ်-အချင်းတို့၊ အကျွနု်ပ်သည် သင်တို့ထံမှထွက်ခွာပြီးနောက် သင်တို့ လိုက်သောလမ်းသည် မကောင်းဆိုးဝါးသောလမ်းဖြစ်၏။ သင်တို့သည် သင်တို့၏အသျှင်သခင်၏ စီရင်ချက်တော်ကို မြန်မြန်ရလိုကြသလော။ သူသည် မိမိယူဆောင်လာသော ကဗ္ဗည်းကျောက်စာ များကိုပစ်ချ၍ သူ၏ နောင်တော်၏ခေါင်းကို ဖမ်းဆီးပြီး သူ့ထံသို့ဆွဲ၏။ နောင်တော်က အို-အကျွနု်ပ်၏မိခင်၏သား မှတ်သားပါလော့။ ကျွနု်ပ်တို့၏ အမျိုးသားတို့သည် အကျွနု်ပ်ကို အားနည်းသူ ထင်မှတ်ပြီးလျှင် သတ်ပစ်မလောက်ဖြစ်ကြ၏။ အကျွနု်ပ်၏ရန်သူများအား အကျွနု်ပ်ကို မနိုင်နင်းစေ ပါနှင့်။ အကျွနု်ပ်ကို မတရားမှုပြုသူတို့အထဲတွင် မထည့်ပါလင့်ဟု တောင်းပန်၏။ |
Ghazi Mohammad Hashim ထို့နောက် (နဗီတမန်တော်) မူစာသည် မိမိအမျိုးသားတို့ထံသို့ အမျက်ထွက်လျက် (ဝမ်းနည်း ပူဆွေးစွာ)ပြန်လာခဲ့သောအခါ အသင်တို့သည် ငါမရှိသည့်နောက် ငါ၏ကွယ်ရာ၌ ပြုမူခဲ့ကြသည်မှာ အလွန်ဆိုးယုတ်လှပေတကား။အသင်တို့သည် မိမိတို့အား မွေးမြူတော်မူသော အရှင်မြတ်၏အမိန့်တော်(မရောက်မီ)အလျင်တဆော ပြုခဲ့ကြလေသလောဟုပြောကြားလေသည်။ ၎င်းပြင် ထို(နဗီတမန်တော်) မူစာသည်သင်ပုန်းများကို (တစ်ဖက်တွင်)ချထားခဲ့လေသည်။ ထို့နောက်မိမိနောင်တော်(နဗီတမန်တော်ဟာရူန်၏)ဦးခေါင်းကို ဆွဲကိုင်၍ယင်းနောင်တော်ကို မိမိဘက်သို့ ဆွဲယူလေသည်။ (ထိုအခါ)ထိုနောင်တော် (နဗီတမန်တော်ဟာရူန်)က အို-ငါ၏မိခင်၏သား၊ (ညီတော်မောင်)ဧကန်စင်စစ် အမျိုးသားတို့သည် ငါ့အားအားနည်း သောသူဟူ၍ ယူဆခဲ့ကြလေသည်။ ထို့ပြင် ၎င်းတို့သည် ငါ့အားသတ်အံ့ဆဲဆဲပင် ဖြစ်ခဲ့ကြသည်။ သို့ဖြစ်ပေရာအသင်သည် ငါ့အပေါ်၌ ရန်သူများ ဝမ်းသာ အားရဖြစ်အောင်မပြုပါလေနှင့်။ ၎င်းပြင် အသင်သည် ငါ့အား မတရားကျူးလွန်သောသူတို့၏ဘောင်အတွင်းသို့ မသွင်းပါလေနှင့် ဟု ပြောကြားလေသတည်း။ |
Hashim Tin Myint ထို့နောက် (တမန်တော်)မူစာသည် ၎င်း၏အမျိုးသားများထံသို့ ဒေါသထွက် ပူဆွေးသောကရောက်လျက် ပြန်လာခဲ့သောအခါ ၎င်းက ပြောဆိုသည်- “အသင်တို့သည် ငါ၏နောက်ကွယ်၌ ပြုမူခဲ့ကြသည်မှာ အဘယ်မျှ ဆိုးယုတ်လိုက်သနည်း။* အသင်တို့သည် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ အမိန့်တော်(မတိုင်မီ)၌ပင် အလျင်စလို ပြုလုပ်လိုက်ကြသလော။* ထို့ပြင် ၎င်း(တမန်တော်မူစာ)သည် သင်ပုန်းများကို ပစ်ချလိုက်သည်။ ထို့ပြင် ၎င်းအစ်ကို၏ဦးခေါင်းကိုကိုင်ပြီး ၎င်းဘက်သို့ ဆွဲခေါ်လိုက်သည်။ ၎င်း၏အစ်ကိုက ပြောဆိုသည်- “အို- ငါ၏မိခင်၏သား၊ အမှန်စင်စစ် အမျိုးသားများသည် ငါ့ကို အားနည်းသူဟု ယူဆခဲ့ပြီး သူတို့သည် ငါ့ကိုသတ်မည့်ဆဲဆဲပင် ဖြစ်ခဲ့ကြသည်။ သို့ဖြစ်ရာ အသင်သည် ငါ၏ရန်သူအပေါ်တွင် ရန်သူများ အားရဝမ်းသာဖြစ်အောင် မပြုပါနှင့်။ ၎င်းပြင် အသင်သည် ငါ့ကို မတရားကျူးလွန်သူများနှင့်အတူ မပြုလုပ်ပါနှင့်။“ |