Quran with Burmese translation - Surah Al-A‘raf ayat 161 - الأعرَاف - Page - Juz 9
﴿وَإِذۡ قِيلَ لَهُمُ ٱسۡكُنُواْ هَٰذِهِ ٱلۡقَرۡيَةَ وَكُلُواْ مِنۡهَا حَيۡثُ شِئۡتُمۡ وَقُولُواْ حِطَّةٞ وَٱدۡخُلُواْ ٱلۡبَابَ سُجَّدٗا نَّغۡفِرۡ لَكُمۡ خَطِيٓـَٰٔتِكُمۡۚ سَنَزِيدُ ٱلۡمُحۡسِنِينَ ﴾
[الأعرَاف: 161]
﴿وإذ قيل لهم اسكنوا هذه القرية وكلوا منها حيث شئتم وقولوا حطة﴾ [الأعرَاف: 161]
Ba Sein ၁၆၁။ သူတို့အား အစ္စရာအီလ်အမျိုးသားအပေါင်းတို့ သင်တို့သည် ဤမြို့ရွာနယ်အတွင်း မှီတင်းနေထိုင် ကြလော့။ ထိုနယ်ပယ်တွင် သင်တို့ကြိုက်သောနေရာ၌ လုပ်ကိုင်စားသောက်ကြလော့။ အပြစ်ကို ဝန်ချတောင်းပန်ကြလော့။ နယ်မြေတံခါးကို ကျိုးနွံ့နှိမ့်ချသောစိတ်နှင့် ဝင်ကြလော့။ ငါအသျှင်မြတ် သည် သင်တို့၏အပြစ်များကို လွှတ်တော်မူမည်။ ငါသည် သုစရိုက်ကောင်းမှု ဆည်းပူးသူတို့အတွက် အောင်ဆုမင်္ဂလာတော်ကို တိုးတက်ပွားများစေတော်မူမည်ဟု ဗျာဒိတ်ချတော်မူ၏။ |
Ghazi Mohammad Hashim ၎င်းပြင် (ပြန်လည်အောက်မေ့ သတိရကြလေကုန်) တစ်ရံရောအခါ ထို(နဗီတမန်တော်မူစာ၏) အမျိုးသားတို့ထံ (ဤသို့) အမိန့်တော်ကျရောက်ခဲ့လေသည်။ အသင်တို့သည်ဤမြို့၌နေထိုင်ကြကာ ထိုမြို့တွင် မိမိတို့နှစ်သက်ရာနေရာများမှ စားသုံးကြလေကုန်။ ၎င်းပြင် အသင်တို့သည် ဟစ်တ်တွတွန် (ကျွန်တော်မျိုးတို့အား အပြစ်မှချမ်းသာခွင့် ပေးသနားတော်မူပါ)ဟု ရွတ်ဆိုကာ (ငါအရှင်မြတ်အား ခယ ရိုကျိုးသောအားဖြင့်) မြို့၏တံခါးပေါက်သို့ ဝပ်တွား၍ ဝင်ကြလေကုန်။(အသင်တို့သည် ဤ အမိန့်တော်အတိုင်း လိုက်နာကြပါမူဧကန်စင်စစ်) ငါအသျှင်မြတ်သည် အသင်တို့အဖို့ အသင်တို့၏မှားယွင်းမှုများကို ခွင့်လွှတ်တော်မူသည့်ပြင် (အသင်တို့အနက်)ကောင်းမှု ပြုသူတို့ကိုမူကား ဆထက်တိုး၍ပင် ချီးမြှင့်တော်မူအံ့။ |
Hashim Tin Myint ထို့ပြင် တစ်ခါက ထို(မူစာ၏)အမျိုးသားများထံသို့ အမိန့်တော် ကျရောက်လာခဲ့သည်။ အသင်တို့သည် ဤမြို့ရွာတွင် နေထိုင်ကြပြီး ဤမြို့ရွာတွင် အသင်တို့နှစ်သက်ရာ နေရာများမှ စားသုံးကြပါ။ ၎င်းပြင် အသင်တို့သည် ဟိသွ်သွသွန် “ကျွန်ုပ်တိုု့ကို အပြစ်မှ ချမ်းသာပေးတော်မူပါ“ဟု ရွတ်ဆို၍ (ငါအရှင်မြတ်အား ရိုကျိုးသည့်အနေဖြင့်)မြို့ရွာ၏ တံခါးပေါက်သို့ ဝပ်တွားပြီး ဝင်ရောက်ကြပါ။ (ထိုကဲ့သို့ ပြုလုပ်လျှင်) ငါအရှင်မြတ်သည် အသင်တို့အတွက် အသင်တို့၏အမှားများကို ခွင့်လွှတ်တော်မူမည့်အပြင် မကြာမီ၌ပင် ကောင်းမှုပြုသောသူများကို ငါအရှင်မြတ်က ပိုတိုး၍ ပေးတော်မူမည်ဖြစ်သည်။ |