Quran with Burmese translation - Surah Al-A‘raf ayat 179 - الأعرَاف - Page - Juz 9
﴿وَلَقَدۡ ذَرَأۡنَا لِجَهَنَّمَ كَثِيرٗا مِّنَ ٱلۡجِنِّ وَٱلۡإِنسِۖ لَهُمۡ قُلُوبٞ لَّا يَفۡقَهُونَ بِهَا وَلَهُمۡ أَعۡيُنٞ لَّا يُبۡصِرُونَ بِهَا وَلَهُمۡ ءَاذَانٞ لَّا يَسۡمَعُونَ بِهَآۚ أُوْلَٰٓئِكَ كَٱلۡأَنۡعَٰمِ بَلۡ هُمۡ أَضَلُّۚ أُوْلَٰٓئِكَ هُمُ ٱلۡغَٰفِلُونَ ﴾
[الأعرَاف: 179]
﴿ولقد ذرأنا لجهنم كثيرا من الجن والإنس لهم قلوب لا يفقهون بها﴾ [الأعرَاف: 179]
Ba Sein ၁၇၉။ ငါသည် များလှစွာသော ဂျင်နတ်သားများနှင့် လူသားများကို ငရဲသို့ လားစေတော်မူပြီး သူတို့၌ သိနားလည်စွမ်းမရှိသော စိတ်နှလုံးများ၊ မြင်နိုင်စွမ်းမရှိသောမျက်စိများ၊ ကြားနိုင်စွမ်းမရှိသော နားများရှိသောကြောင့်တည်း။ ဤသူတို့သည် ကျွဲ၊ နွား တိရစ္ဆာန်များဖြစ်ကြ၏။ တိရစ္ဆာန်ထက်ပင် သာ၍ ဆိုးဝါးကြ၏။ ဤလူများသည် သတိတရားမရှိ။ ပေါ့လျော့သူတို့ဖြစ်ကြ၏။ |
Ghazi Mohammad Hashim ၎င်းပြင် ငါအရှင်မြတ်သည် ငရဲဘုံအတွက် လူနှင့် ဂျင်န်များအနက် မြောက်မြားစွာသောသူများကို ဖန်ဆင်းပေးထားတော်မူ၏။ ထိုသူတို့၌ စိတ်နှလုံးများကားရှိ၏။ သို့သော် ယင်းစိတ်နှလုံးများဖြင့် ထိုသူတို့သည် (စဉ်စားဆင်ခြင်နားလည်ခြင်း မရှိကြချေ။) ထိုသူတို့၌ စက္ခုအာရုံများကားရှိ၏။သို့သော် ထိုသူတို့သည် ယင်းစက္ခုအာရုံများဖြင့် မမြင်ကြချေ။ထိုသူတို့၌ သောတာရုံများရှိ၏။ သို့သော် ထိုသူတို့သည် ယင်းသောတာရုံများဖြင့် မကြားကြချေ။ ထိုသူများသည် တိရစ္ဆာန်များနှင့်တူကြသည်သာမက တိရစ္ဆာန်များထက်ပင် လွန်စွာမိုက်မဲ လမ်းလွဲသူများဖြစ်ကြ၏။ စင်စစ်ထိုသူများသည်(မိမိတို့၏တာဝန် ဝတ္တရားများကို) မေ့လျော့သူများသာ ဖြစ်ကြကုန်သတည်း။ |
Hashim Tin Myint ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် လူနှင့်ဂျင်န်များထဲမှ အမြောက်အမြားကို ငရဲဘုံအတွက် ဖန်ဆင်းထားတော်မူသည်။* ထိုသူများ၌ စိတ်နှလုံးများကမူ ရှိကြသည်။ သို့ရာတွင် ထိုစိတ်နှလုံးများဖြင့် သူတို့ နားလည်မှုမရှိကြပေ။ သူတို့၌ အမြင်အာရုံများလည်းရှိကြသည်။ သို့ရာတွင် သူတို့သည် ထိုအမြင်အာရုံများဖြင့် မမြင်ကြပေ။ သူတု့ိ၌ အကြားအာရုံများလည်းရှိကြသည်။ သို့ရာတွင် သူတို့သည် ထိုအကြားအာရုံများဖြင့် မကြားကြပေ။* ထိုသူများသည် တိရစာ္ဆန်များနှင့် တူကြရုံမက တိရစာ္ဆန်များထက်ပင် အလွန်မိုက်မဲ လမ်းလွဲသူများဖြစ်ကြသည်။ (အမှန်မှာ)သူတို့သည် (သူတို့၏ တာဝန်ဝတ္တရားများကို) မေ့လျော့သူများပင်ဖြစ်ကြသည်။ |