×

အို၊ အာဒမ်၏သားသမီးအပေါင်းတို့၊ ဧကန်ပင်၊ ငါအရှင်မြတ်သည် သင်တို့အား အရှက်လုံစေပြီး လှပတင့် တယ်စေသည့် အဝတ်တန်ဆာကို ချမှတ်ပေးအပ်တော်မူ၏။ သို့သော် အရှင့်စည်းမျဉ်းတော်များအား 7:26 Burmese translation

Quran infoBurmeseSurah Al-A‘raf ⮕ (7:26) ayat 26 in Burmese

7:26 Surah Al-A‘raf ayat 26 in Burmese (البورمية)

Quran with Burmese translation - Surah Al-A‘raf ayat 26 - الأعرَاف - Page - Juz 8

﴿يَٰبَنِيٓ ءَادَمَ قَدۡ أَنزَلۡنَا عَلَيۡكُمۡ لِبَاسٗا يُوَٰرِي سَوۡءَٰتِكُمۡ وَرِيشٗاۖ وَلِبَاسُ ٱلتَّقۡوَىٰ ذَٰلِكَ خَيۡرٞۚ ذَٰلِكَ مِنۡ ءَايَٰتِ ٱللَّهِ لَعَلَّهُمۡ يَذَّكَّرُونَ ﴾
[الأعرَاف: 26]

အို၊ အာဒမ်၏သားသမီးအပေါင်းတို့၊ ဧကန်ပင်၊ ငါအရှင်မြတ်သည် သင်တို့အား အရှက်လုံစေပြီး လှပတင့် တယ်စေသည့် အဝတ်တန်ဆာကို ချမှတ်ပေးအပ်တော်မူ၏။ သို့သော် အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးခြင်း (မည်သော သက္ကဝါအဝတ်တန်ဆာ) သည် အမြင့်မြတ်ဆုံးပင်ဖြစ်၏။ ဤသည်ကား သူတို့ သတိရ တသ၍ ဖွင့်ဟနိုင်ကြရန်အလို့ငှာ (ထုတ်ပြန်ချမှတ်ပေးအပ်သော) အလ္လာဟ်အရှင်မြတ်၏အာယာသ်သက်သေလက္ခဏာတော်များအနက်မှ ဖြစ်၏။

❮ Previous Next ❯

ترجمة: يابني آدم قد أنـزلنا عليكم لباسا يواري سوآتكم وريشا ولباس التقوى ذلك, باللغة البورمية

﴿يابني آدم قد أنـزلنا عليكم لباسا يواري سوآتكم وريشا ولباس التقوى ذلك﴾ [الأعرَاف: 26]

Ba Sein
၂၆။ အို-အာဒမ်၏သားမြေးအပေါင်းတို့ ငါအသျှင်မြတ်သည် သင်တို့အား အရှက်အကြောက်ကို ဖုံးဖို့ရာ လှပတင့်တယ်စွာ ဆင်ယင်ဖို့ရာ အဝတ်အစားတန်ဆာကို စီရင်ပေးသနားတော်မူ၏။ သို့သော် ဒုစရိုက်အမှုအခင်းကို ကြဉ်ရှောင်ခြင်း၊ အဝတ်တန်းဆာသည် အမြတ်ဆုံးဖြစ်၏။ ဤဂါထာတော် သည် သူတို့ သတိတရားရအပ်သောငှာ အလ္လာဟ်အသျှင်မြတ် ချပေးသနားတော်မူသော ကုရ်အာန် ကျမ်းတော်မှဖြစ်၏။
Ghazi Mohammad Hashim
အို-အာဒမ်၏ သားသမီးအပေါင်းတို့၊ ငါအရှင်မြတ်သည် အသင်တို့၏အရှက်ကို ဖုံးအုပ်သည့် အဝတ်အစားကိုလည်းကောင်း(အသင်တို့လှပအောင်ဆင်ယင်ရန်)ဝတ်စားတန်ဆာကိုလည်းကောင်း၊ ဖန်ဆင်းတော်မူခဲ့လေသည်။သို့ရာတွင် ပြစ်မှုဒုစရိုက်တို့မှ ကြဉ်ရှောင်ခြင်း၊ ဟီရိဩတ္တပ္ပတရားတည်းဟူသော ဝတ်စားတန်ဆာသည်ကားအမြင့်မြတ်ဆုံးပင်ဖြစ်ပေသည်။ ဤကား ၎င်းတို့လေ့လာမှတ်သား စဉ်းစားဆင်ခြင်နိုင်ကြရန် အလ္လာဟ်အရှင်မြတ်၏ သက်သေလက္ခဏာ တစ်ရပ်ပင်တည်း။
Hashim Tin Myint
အို- အာဒမ်၏ သားသမီးအ‌ပေါင်းတို့၊ ငါအရှင်မြတ်သည် အသင်တို့၏ အရှက်ကိုဖုံးအုပ်သည့် အဝတ်အစားကို ဖန်ဆင်း‌တော်မူခဲ့သည်။* ၎င်းပြင် အလှအပအတွက် ဖြစ်‌စေ‌သော အဝတ်အစားကိုလည်း ဖန်ဆင်း‌တော်မူခဲ့သည်။* ၎င်းပြင် အရှင်မြတ်အား ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်ခြင်းတည်းဟူသည့် သက္ကဝါ၏အဝတ်အစားသည် အမြင့်မြတ်ဆုံးပင်ဖြစ်သည်။* ဤသည် သူတို့ အသိတရားရယူကြရန်အတွက် အလ္လာဟ်အရှင်မြတ်၏ သက်‌သေလက္ခဏာများထဲမှ ဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek