Quran with Burmese translation - Surah Al-A‘raf ayat 97 - الأعرَاف - Page - Juz 9
﴿أَفَأَمِنَ أَهۡلُ ٱلۡقُرَىٰٓ أَن يَأۡتِيَهُم بَأۡسُنَا بَيَٰتٗا وَهُمۡ نَآئِمُونَ ﴾
[الأعرَاف: 97]
﴿أفأمن أهل القرى أن يأتيهم بأسنا بياتا وهم نائمون﴾ [الأعرَاف: 97]
Ba Sein ၉၇။ ငါ၏ အမျက်တော်သည် သူတို့အိပ်နေစဉ် ညဉ့်အချိန်ကိုဝင်တိုက်သည့် စစ်သည်တော်ကဲ့သို့ သူတို့ အပေါ်သို့ ဆိုက်ရောက်လာခြင်းမှ သူတို့သည် လုံခြံုချမ်းသာကြသလော။ |
Ghazi Mohammad Hashim သို့ပါလျက် (မက္ကာဟ်မြို့နှင့်တကွ ပတ်ဝန်းကျင်)မြို့ရွာဒေသများ၌ မှီတင်းနေထိုင်ကြကုန် သောသူတို့သည် ညအခါ၌ ၎င်းတို့အိပ်ပျော်နေကြစဉ် ငါအရှင်မြတ်၏ပြစ်ဒဏ်သည် (ရုတ်တရက်) ၎င်းတို့ထံ ရောက်ရှိလာမည်ကိုစိုးရိမ်ခြင်းကင်းမဲ့၍ စိတ်ချ၍နေကြပါသလော။ |
Hashim Tin Myint သို့ဖြစ်ရာ မြို့ရွာဒေသများတွင် နေထိုင်ကြသူများ*သည် ညအခါ၌ သူတို့ အိပ်ပျော်နေလျက်ရှိစဉ် ငါအရှင်မြတ်၏အပြစ်ဒဏ် သူတို့ထံရောက်လာမည်ကို စိုးရိမ်မှု ကင်းမဲ့နေကြသလော။ |