Quran with Burmese translation - Surah Al-Insan ayat 11 - الإنسَان - Page - Juz 29
﴿فَوَقَىٰهُمُ ٱللَّهُ شَرَّ ذَٰلِكَ ٱلۡيَوۡمِ وَلَقَّىٰهُمۡ نَضۡرَةٗ وَسُرُورٗا ﴾
[الإنسَان: 11]
﴿فوقاهم الله شر ذلك اليوم ولقاهم نضرة وسرورا﴾ [الإنسَان: 11]
Ba Sein ၁၁။ ထို့ကြောင့်အလ္လာဟ်အရှင်မြတ်သည် ထိုသူမြတ်တို့ထံမှ ထိုနေ့တော်ကြီး၏ အပြစ်ဒဏ်ကို တွန်းလှန်ပစ်တော်မူပြီ၊ ထိုအရှင်မြတ်သည် သူတို့အား တောက်ပခြင်းနှင့် ရွှင်လန်းခြင်းကို တွေ့စေတော်မူပြီ။ |
Ghazi Mohammad Hashim သို့ဖြစ်ပေရာ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား ထိုနေ့၏ဘေးအန္တရာယ်မှ လွတ်ကင်းစေတော်မူပေမည်။ ၎င်းပြင် ထိုအရှင်မြတ်သည် ထိုသူတို့အား ရွှင်လန်းမှုနှင့်လည်းကောင်း၊ ဝမ်းမြောက် ပျော်ရွှင်မှုနှင့် လည်းကောင်း၊ တွေ့ကြုံစေတော်မူပေမည်။ |
Hashim Tin Myint သို့ဖြစ်ရာ အလ္လာဟ်အရှင်မြတ်သည် သူတို့အား ထိုနေ့၏ ဒုက္ခများမှကယ်တင်တော်မူမည်။ ထို့ပြင် အရှင်မြတ်သည် သူတို့အား ရွှင်လန်းမှုနှင့် ဝမ်းမြောက်ပျော်ရွှင်မှုကို တွေ့ကြုံစေတော်မူမည်။ |