×

Surah Al-Insan in Burmese

Quran Burmese ⮕ Surah Insan

Translation of the Meanings of Surah Insan in Burmese - البورمية

The Quran in Burmese - Surah Insan translated into Burmese, Surah Al-Insan in Burmese. We provide accurate translation of Surah Insan in Burmese - البورمية, Verses 31 - Surah Number 76 - Page 578.

بسم الله الرحمن الرحيم

هَلْ أَتَىٰ عَلَى الْإِنسَانِ حِينٌ مِّنَ الدَّهْرِ لَمْ يَكُن شَيْئًا مَّذْكُورًا (1)
တစ်စုံတစ်ရာကို လူသားဟု ရည်ညွှန်း၍ ထုတ်ဖော်နိုင်ခြင်းမရှိခဲ့သော အချိန်ကာလကုန်လွန် သွားပြီးနောက် (လူသားသည်သာ အရာအားလုံးထက် မြင့်မြတ်ကြောင်းထင်ရှားစေတော်မူသော ခေတ်လာကာလအဖြစ်) လူသား၏အပေါ်ဝယ် ခေတ်ကာလအနက်မှ အချိန်တစ်ချိန်သည် ဧကန်ပင်၊ ရောက်ရှိလာခဲ့၏။
إِنَّا خَلَقْنَا الْإِنسَانَ مِن نُّطْفَةٍ أَمْشَاجٍ نَّبْتَلِيهِ فَجَعَلْنَاهُ سَمِيعًا بَصِيرًا (2)
ဧကန်စင်စစ်၊ ငါအရှင်မြတ်သည် လူသားအား စမ်းသပ်လိုတော်မူသောအားဖြင့် ရောနှောပေါင်းစပ်သော ကလလရေကြည်ဖြင့် (အဆင့်ဆင့် ပြောင်းလဲဖွံ့ဖြိုးစေတော်မူလျက်) ဖွဲ့စည်းဖြစ်တည်စေတော်မူ၏။ သို့ဖြစ် ပေရာ ငါအရှင်မြတ်သည် လူသားအား (အခြားသက်ရှိများထက် အရှင့်အမိန့်တော်များ၊ သက်သေလက္ခဏာတော်များနှင့်စည်းမျဉ်းနိယာမတော်များကို နားလည်နိုင်ရန် ထူးခြားသော) အကြားအာရုံနှင့်အမြင်အာရုံကိုလည်း စီမံဖြစ်စေတော်မူ၏။
إِنَّا هَدَيْنَاهُ السَّبِيلَ إِمَّا شَاكِرًا وَإِمَّا كَفُورًا (3)
ဧကန်ပင်၊ ငါအရှင်မြတ်သည် (လူသားက ယင်းကို နာခံလိုက်နာ၍) ကျေးဇူးသိတတ်သူဖြစ်နိုင်ရန်လည်းကောင်း၊ (အာခံဖီဆန်၍ စိတ်အလိုရမ္မက်နောက် လိုက်လျက်) ကျေးဇူးကန်းသူဖြစ်နိုင်ရန်လည်းကောင်း၊ (လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ပေးတော်မူကာ) တရားလမ်းမှန်ကို ညွှန်ပြတော်မူ၏။
إِنَّا أَعْتَدْنَا لِلْكَافِرِينَ سَلَاسِلَ وَأَغْلَالًا وَسَعِيرًا (4)
ဧကန်မလွဲ၊ ငါအရှင်မြတ်သည် ကျေးဇူးကန်းသော မယုံကြည်သူ (အမှန်တရားကို သွေဖည်ငြင်းပယ်သူ) တို့အတွက် မီးသံကြိုးများ၊ လက်ထိတ်ခြေထိတ်များနှင့်မီးတောက်မီးလျှံတို့ကို အသင့်ပြင်ဆင်ထားတော်မူ၏။
إِنَّ الْأَبْرَارَ يَشْرَبُونَ مِن كَأْسٍ كَانَ مِزَاجُهَا كَافُورًا (5)
ဧကန်စင်စစ်၊ ဖြောင့်မတ်မှန်ကန်စွာ ပြုမူကျင့်ကြံသောသူတော်မြတ်တို့အား အနံ့အရသာပြည့်စုံစွာ ရောစပ်ထားသော အဖျော်ယမကာပြည့်လျှံသည့်ခွက်မှ (သောက်သုံးစရာများကို နောင်တမလွန်၌) သောက်သုံးစေတော်မူမည် ဖြစ်၏။
عَيْنًا يَشْرَبُ بِهَا عِبَادُ اللَّهِ يُفَجِّرُونَهَا تَفْجِيرًا (6)
အလ္လာဟ်အရှင်မြတ်၏ (ထူးကဲမြင့်မြတ်သော) အစေခံလူသားတို့သည် သောက်သုံးစရာများ အလျှံပယ် ပန်းထွက်လျှက်ရှိသော စိမ့်စမ်းရေမှ (သောက်စရာများကို) သောက်သုံးခွင့်ရကြလိမ့်မည်။
يُوفُونَ بِالنَّذْرِ وَيَخَافُونَ يَوْمًا كَانَ شَرُّهُ مُسْتَطِيرًا (7)
မကောင်းမှုဒုစရိုက်၏ထိုက်တန်ပြင်းထန်သောအကျိုးဆက်သည် လူတိုင်းအား လွှမ်းခြုံစေခြင်းခံရမည်ကို ကြောက်ရွံ့စိုးရိမ်လျက် (မကောင်းမှုဟူသမျှကို ရှောင်ကြဉ်ရန် တာဝန်ဝတ္တရားဟူသမျှကို ကြည်ဖြူစွာ ထမ်း ဆောင်ရန်) အဓိဌာန်ပြုခြင်းနှင်အညီ အပြည့်အဝ ဖြည့်ဆည်းစေတော်မူခြင်းခံသူများလည်း ရှိကြမည်။
وَيُطْعِمُونَ الطَّعَامَ عَلَىٰ حُبِّهِ مِسْكِينًا وَيَتِيمًا وَأَسِيرًا (8)
ထို့ပြင် သူတို့သည် ကျွေးမွေးစရာ စားစရာများကို (သူတို့ကိုယ်တိုင် လိုလားနှစ်သက်ကြလျက်နှင့်ပင်) ထိုအရှင်မြတ်ကို ချစ်ကြည်မြတ်နိုးသောကြောင့် ခိုကိုးရာမဲ့သောဆင်းရဲနွမ်းပါးသူများ၊ မိဘမဲ့များနှင့်စစ်သုံ့ပန်း များအား ကျွေးမွေးကြ၏။
إِنَّمَا نُطْعِمُكُمْ لِوَجْهِ اللَّهِ لَا نُرِيدُ مِنكُمْ جَزَاءً وَلَا شُكُورًا (9)
(သူတို့က) “ကျွန်ုပ်တို့သည် သင်တို့ထံမှ မည်သည့် အကျိုးဆုလဒ်နှင့် (ချီးမွမ်းခြင်း) ကျေးဇူးတင်ခြင်းကိုမျှ လိုလားတောင့်တသည် မဟုတ်ဘဲ အလ္လာဟ်အရှင်မြတ်၏ကျေနပ်နှစ်မြို့မှုအတွက် ဦးတည်ရှေးရှု၍သာ သင်တို့အား ကျွေးမွေးခြင်းဖြစ်၏။” ဟု ပြောဆိုကြ၏။
إِنَّا نَخَافُ مِن رَّبِّنَا يَوْمًا عَبُوسًا قَمْطَرِيرًا (10)
ဧကန်မလွဲ၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်မှ (စီရင်တော်မူ၍) ကြံမ္မာငင်ခက်ထန်သော၊ စိတ်သောကဝေဒနာခံစားစေမည့်နေ့ကို ကြောက်ရွံ့စိုးရိမ်ကြ၏၊ (ဟုပြောကြ၏။)
فَوَقَاهُمُ اللَّهُ شَرَّ ذَٰلِكَ الْيَوْمِ وَلَقَّاهُمْ نَضْرَةً وَسُرُورًا (11)
သို့ဖြစ်ပေရာ အလ္လာဟ်အရှင်မြတ်သည် သူတို့အား ထိုသို့သောနေ့၌ (မကောင်းမှုကြောင့် ရင်ဆိုင်ရမည့်) ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်တော်မူသည့်အပြင် ထိုသူတို့အား ရွှင်လန်းတောက်ပမှုနှင့်ဝမ်းမြောက်ပျော်ရွှင်မှုကို ရှာတွေ့နိုင်စွမ်းပေးတော်မူပေမည်။
وَجَزَاهُم بِمَا صَبَرُوا جَنَّةً وَحَرِيرًا (12)
ထို့ပြင် ထိုအရှင်မြတ်သည် သူတို့အား (လောကီဘဝ၌ အရှင့်လမ်းစဥ်တော်နှင့်အညီ ဘဝဆောက်တည်စဥ် ရင်ဆိုင်ခဲ့ရသော အခက်အခဲများကို ဇွဲလုံ့လဝီရိယဖြင့်) ခန္တီသည်းခံကြံ့ခိုင်မှု မြဲမြံခဲ့ခြင်းနှင့်အညီ (အကျိုးဆုလဒ်အဖြစ်) သုခဥယျာဥ်နှင့်ပိုးထည်ကို အစားပေးတော်မူမည်။
مُّتَّكِئِينَ فِيهَا عَلَى الْأَرَائِكِ ۖ لَا يَرَوْنَ فِيهَا شَمْسًا وَلَا زَمْهَرِيرًا (13)
(သူတို့သည်) ယင်း (သုခဥယျာဉ်) ထဲရှိ အလှတန်ဆာဆင်ထားသော သလွန်များပေါ်၌ မှီလျက် ကျော ခင်းကြပေမည်။ သူတို့သည် ယင်း (သုခဘုံ) ၌ နေ၏အပူအရှိန်ကိုလည်းကောင်း၊ အလွန်ပြင်းထန်သော အအေး ဒဏ်ကိုလည်းကောင်း၊ တွေ့မြင်ကြမည် မဟုတ်ပေ။
وَدَانِيَةً عَلَيْهِمْ ظِلَالُهَا وَذُلِّلَتْ قُطُوفُهَا تَذْلِيلًا (14)
ထို့ပြင် ယင်း (သုခဥယျာဉ်ရှိအပင်များ) ၏အရိပ်တို့သည် သူတို့အပေါ်၌ ကိုင်းညွှတ်ကျနေလျက်ရှိသည့်အပြင် ယင်း (သုခဥယျာဉ်ရှိအပင်များ) ၏အပြွတ်အခိုင်လိုက်သီးသော သစ်သီးဝလံတို့သည်လည်း (လက်လှမ်းမီသည်အထိ) အောက်သို့ ညွှတ်ကျလျက် ရှိကြပေမည်။
وَيُطَافُ عَلَيْهِم بِآنِيَةٍ مِّن فِضَّةٍ وَأَكْوَابٍ كَانَتْ قَوَارِيرَا (15)
ထို့ပြင် သူတို့ထံ သလင်းကျောက်ပမာ ကြည်လင်သော ငွေဖျဉ်းအိုးမှ ငွေခွက်များဖြင့် (အဖျော်ယမကာများ) တည်ခင်းဧည့်ခံရန် အလှည့်ကျရောက်လာကြမည်။
قَوَارِيرَ مِن فِضَّةٍ قَدَّرُوهَا تَقْدِيرًا (16)
သလင်းကျောက်ပမာ ကြည်လင်ဖောက်မြင်နိုင်သော ငွေခွက်များဖြစ်၍ ယင်း (သောက်စရာများ) ကို (သူတို့ဆန္ဒရှိသည့်) ပမာဏအတိုင်းအတာဖြင့် (သူတို့ကိုယ်တိုင်ဆုံးဖြတ်လျက်) တိုင်းတာသတ်မှတ်မှုများကို သတ်မှတ်နိုင်ကြမည်။
وَيُسْقَوْنَ فِيهَا كَأْسًا كَانَ مِزَاجُهَا زَنجَبِيلًا (17)
ထို့ပြင် သူတို့သည် ယင်း (သုခဥယျာဉ်) ၌ ချင်းနံ့သင်းထားသော (သောက်စရာ) ခွက်များဖြင့် တည်ခင်း တိုက်ကျွေးခြင်းကိုလည်း ခံကြရပေမည်။
عَيْنًا فِيهَا تُسَمَّىٰ سَلْسَبِيلًا (18)
ယင်း (သုခဥယျာဉ်) ၌ (သူတို့ ဆန္ဒရှိသည့်အလျှောက် စဉ်ဆက်မပြတ် တသွင်သွင် စီးဆင်းနေမည့်) စလ်စဗီလ်ဟု အမည်ပေးထားသော စိမ့်စမ်းရေလည်း ရှိနေ၏။
۞ وَيَطُوفُ عَلَيْهِمْ وِلْدَانٌ مُّخَلَّدُونَ إِذَا رَأَيْتَهُمْ حَسِبْتَهُمْ لُؤْلُؤًا مَّنثُورًا (19)
ထို့ပြင် သူတို့ထံ သေမျိုးမဟုတ်သော (သူတို့နှင့်အတူထာဝရရှိနေမည့် သားရတနာများနှင့်ဝန်ထမ်းများအဖြစ် အသက်ငယ်သည့်) လူငယ်များ လှည့်ပတ်သွားလာလျက် ရှိကြပေမည်။ အသင်သည် သူတို့အား တွေ့မြင်သောအခါ သူတို့ကို ကျိုးတိုးကျဲတဲ ဖြန့်ကြဲထားသော ပုလဲများအဖြစ် ထင်မှတ်ပေမည်။
وَإِذَا رَأَيْتَ ثَمَّ رَأَيْتَ نَعِيمًا وَمُلْكًا كَبِيرًا (20)
ထို့ပြင် အသင်သည် (သုခဥယျာဉ်၏) မည်သည့်နေရာကိုပင် ထပ်တလဲလဲ ကြည့်ရှုသည်ဖြစ်စေ (မည်သည့်အခါမျှ မတွေးထားသော) ကျေးဇူးတော်ဖြင့်ဂုဏ်ပြုထားခြင်းနှင့်အလွန်ကြီးကျယ်မြင့်မြတ်သော အချုပ် အခြာအာဏာတော်ကိုသာ တွေ့ရှိရပေမည်။
عَالِيَهُمْ ثِيَابُ سُندُسٍ خُضْرٌ وَإِسْتَبْرَقٌ ۖ وَحُلُّوا أَسَاوِرَ مِن فِضَّةٍ وَسَقَاهُمْ رَبُّهُمْ شَرَابًا طَهُورًا (21)
(ထိုသုခဥယျာဉ်၏အဖော်များဖြစ်ကြသော) သူတို့ (၏ခန္ဓာကိုယ်များ) ပေါ်၌ မြစိမ်းရောင် ပိုးထည်များနှင့်ဖောင့်ကြွပန်းထိုးထားသော ပိုးထည်များရှိလိမ့်မည်။ ထို့ပြင် သူတို့သည် ငွေလက်ပတ်များဖြင့် အလှတန် ဆာဆင်ယင်ပေးခြင်းခံကြရလျက် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် သူတို့အား စင်ကြယ်သန့်စင်သောအအဖျော်ယမကာသောက်စရာများကို တိုက်ကျွေးတော် မူလိမ့်မည်။
إِنَّ هَٰذَا كَانَ لَكُمْ جَزَاءً وَكَانَ سَعْيُكُم مَّشْكُورًا (22)
ဧကန်မလွဲ၊ ဤသည်ကား သင်တို့ (၏ပြုမူကျင့်ကြံမှု) အတွက် (အစားပေးတော်မူသော) အကျိုးဆုလဒ် ပင်ဖြစ်၏။ စင်စစ်သော်ကား သင်တို့၏ကြိုးပမ်းအားထုတ်မှုသည် (အရှင်မြတ်ထံတော်၌) အသိအမှတ်ပြု လက်ခံတော်မူခြင်းခံကြရလေပြီ။
إِنَّا نَحْنُ نَزَّلْنَا عَلَيْكَ الْقُرْآنَ تَنزِيلًا (23)
(အို၊ ရစူလ်တမန်တော်) ဧကန်မလွဲ၊ ငါအရှင်မြတ်သည်သာလျှင် အသင့်အပေါ်ဝယ် ကုရ်အာန်ကျမ်းတော်မြတ်ကို တစ်ဆင့်ပြီးတစ်ဆင့် တဖြည်းဖြည်းချင်း ချမှတ်ပေးအပ်တော်မူခဲ့၏။
فَاصْبِرْ لِحُكْمِ رَبِّكَ وَلَا تُطِعْ مِنْهُمْ آثِمًا أَوْ كَفُورًا (24)
သို့ဖြစ်ပေရာ အသင် (တမန်တော်) သည် အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏အမိန့်တော် (စီမံချက်) များကို (အကောင်အတည်ဖော်ဆောင်ရွက်ရာ၌ ရင်ဆိုင်ကြုံတွေ့သမျှ ဒုက္ခအခက်အခဲများအား ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့်) ခန္တီသည်းခံကြံ့ခိုင်မှုမြဲမြံလော။ ထို့ပြင် သူတို့အနက်မှ တမင်တကာ ပြစ်မှုကျူးလွန်သူများနှင့်ကျေးဇူးကန်းသော မယုံကြည်သူများ (၏အလိုဆန္ဒများနှင့်သူတို့လိုချင်သော အပြောင်းအလဲများ) ကို အလေးထားလျက် လိုက်လျောခြင်းမပြုလေနှင့်။
وَاذْكُرِ اسْمَ رَبِّكَ بُكْرَةً وَأَصِيلًا (25)
ထို့ပြင် အသင်သည် နံနက်ယံ၌လည်းကောင်း၊ ညနေချမ်း၌လည်းကောင်း၊ (ဝတ်ပြုဆုတောင်းစဥ်) အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏ဂုဏ်တော်နာမတော်များကို သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟလော့။။
وَمِنَ اللَّيْلِ فَاسْجُدْ لَهُ وَسَبِّحْهُ لَيْلًا طَوِيلًا (26)
တစ်ဖန် အသင်သည် ည၏အစိတ်အပိုင်း၌လည်း ထိုအရှင်မြတ်အား နာခံဦးချလော့။ ထို့ပြင် အသင်သည် ည၏ရှည်လျားစွာသော အစိတ်အပိုင်း၌ ထိုအရှင်မြတ်သည် (ချို့တဲ့မှုလုံးဝကင်းပြီး အနှိုင်းမဲ့ အရှင်ဖြစ်တော်မူခြင်း မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေတော်မမူခြင်းနှင့်ကိုးကွယ်ထိုက်သော ပကတိဂုဏ်တော်အားလုံး ကိုပိုင်ဆိုင်တော်မူသော အရှင်ဖြစ်တော်မူခြင်းကြောင့်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို ဂုဏ်တင်လော့။
إِنَّ هَٰؤُلَاءِ يُحِبُّونَ الْعَاجِلَةَ وَيَذَرُونَ وَرَاءَهُمْ يَوْمًا ثَقِيلًا (27)
ဧကန်စင်စစ်၊ (ပြစ်မှုကျူးလွန်သော မယုံကြည်သူများဖြစ်ကြသည့်) ဤပုဂ္ဂိုလ်တို့သည်ကား လတ်တလော (အကျိုးအမြတ်ရနေဟု ထင်မြင်ကြသည့်) လောကီဘဝကို ပိုမို၍ နှစ်သက်မြတ်နိုးကြရုံသာမက (သူတို့၏ ရှေ့တွင် လုပ်ရပ်ဟူသမျှအား စီရင်စစ်ဆေးခြင်းခံရမည့်) ခက်ခဲကြီးလေးသောနေ့ကိုမူ (အလေးမထားဘဲ) သူတို့၏နောက် ကျောသို့ ပစ်ပယ်စွန့်ပစ်ထားကြ၏။
نَّحْنُ خَلَقْنَاهُمْ وَشَدَدْنَا أَسْرَهُمْ ۖ وَإِذَا شِئْنَا بَدَّلْنَا أَمْثَالَهُمْ تَبْدِيلًا (28)
ငါအရှင်မြတ်သည်ပင် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူသည့်အပြင် ငါအရှင်မြတ်သည်ပင် သူတို့ ၏ (ခန္ဓာကိုယ်၌) ပေါင်းစပ်ဖွဲ့စည်းစေတော်မူသော (သွေးလည်ပတ်မှု၊ အသက်ရှူမှု၊ စသော စနစ်များကိုလည်း) အခိုင်အမာဖြစ်စေတော်မူ၏။ ထို့ပြင် ငါအရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောအခါဝယ် သူတို့၏ဖွဲ့စည်းတည်ဆောက်ပုံနှင့်ကိုယ်တရားအားလုံးကိုပင် အလားတူ ပြောင်းလဲစေတော်မူနိုင်၏။
إِنَّ هَٰذِهِ تَذْكِرَةٌ ۖ فَمَن شَاءَ اتَّخَذَ إِلَىٰ رَبِّهِ سَبِيلًا (29)
ဧကန်မလွဲ၊ ဤ (ကျမ်းတော်မြတ်ကုရ်အာန်) သည်ကား (ဆုံးမသြဝါဒများနှင့်သတိပေးတရားတော်များ ပါဝင်သည့်) သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟစရာပင် ဖြစ်၏။ သို့ဖြစ်ပေရာ မည်သူမဆို လိုအင်ဆန္ဒရှိလျှင် သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံတော်သို့ (ပျော်ရွှင်စွာ ရောက်စေသည့်) လမ်းစဥ်ကို ရွေးချယ်နိုင်၏။
وَمَا تَشَاءُونَ إِلَّا أَن يَشَاءَ اللَّهُ ۚ إِنَّ اللَّهَ كَانَ عَلِيمًا حَكِيمًا (30)
စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဥ်းတော်နှင့်အညီ အလိုရှိတော်မူခြင်းမှအပ အသင်တို့သည် အလိုရှိနိုင်ကြမည် မဟုတ်ပေ။ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိနေတော်မူသောအရှင်၊ (တရားစီရင်ဆုံးဖြတ်ရာတွင်) ဉာဏ်အမြော်အမြင်တော်နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။
يُدْخِلُ مَن يَشَاءُ فِي رَحْمَتِهِ ۚ وَالظَّالِمِينَ أَعَدَّ لَهُمْ عَذَابًا أَلِيمًا (31)
ထိုအရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဥ်းတော်နှင့်အညီ အလိုရှိတော်မူသောသူအား အရှင့်ကရုဏာတော်အတွင်းသို့ ဝင်ရောက်စေတော်မူ၏။ သို့ရာတွင် အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်ချိုးဖောက်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံသူတို့အတွက်မူကား၊ ထိုအရှင်မြတ်သည် ပြင်းပြနာကျင်ဖွယ်ရာ စူးနစ်သော ပြစ်ဒဏ်တော်ကို အသင့်ပြင်ဆင်ထားတော်မူ၏။
❮ Previous Next ❯

Surahs from Quran :

1- Fatiha2- Baqarah
3- Al Imran4- Nisa
5- Maidah6- Anam
7- Araf8- Anfal
9- Tawbah10- Yunus
11- Hud12- Yusuf
13- Raad14- Ibrahim
15- Hijr16- Nahl
17- Al Isra18- Kahf
19- Maryam20- TaHa
21- Anbiya22- Hajj
23- Muminun24- An Nur
25- Furqan26- Shuara
27- Naml28- Qasas
29- Ankabut30- Rum
31- Luqman32- Sajdah
33- Ahzab34- Saba
35- Fatir36- Yasin
37- Assaaffat38- Sad
39- Zumar40- Ghafir
41- Fussilat42- shura
43- Zukhruf44- Ad Dukhaan
45- Jathiyah46- Ahqaf
47- Muhammad48- Al Fath
49- Hujurat50- Qaf
51- zariyat52- Tur
53- Najm54- Al Qamar
55- Rahman56- Waqiah
57- Hadid58- Mujadilah
59- Al Hashr60- Mumtahina
61- Saff62- Jumuah
63- Munafiqun64- Taghabun
65- Talaq66- Tahrim
67- Mulk68- Qalam
69- Al-Haqqah70- Maarij
71- Nuh72- Jinn
73- Muzammil74- Muddathir
75- Qiyamah76- Insan
77- Mursalat78- An Naba
79- Naziat80- Abasa
81- Takwir82- Infitar
83- Mutaffifin84- Inshiqaq
85- Buruj86- Tariq
87- Al Ala88- Ghashiya
89- Fajr90- Al Balad
91- Shams92- Lail
93- Duha94- Sharh
95- Tin96- Al Alaq
97- Qadr98- Bayyinah
99- Zalzalah100- Adiyat
101- Qariah102- Takathur
103- Al Asr104- Humazah
105- Al Fil106- Quraysh
107- Maun108- Kawthar
109- Kafirun110- Nasr
111- Masad112- Ikhlas
113- Falaq114- An Nas