Quran with Burmese translation - Surah Al-Anfal ayat 2 - الأنفَال - Page - Juz 9
﴿إِنَّمَا ٱلۡمُؤۡمِنُونَ ٱلَّذِينَ إِذَا ذُكِرَ ٱللَّهُ وَجِلَتۡ قُلُوبُهُمۡ وَإِذَا تُلِيَتۡ عَلَيۡهِمۡ ءَايَٰتُهُۥ زَادَتۡهُمۡ إِيمَٰنٗا وَعَلَىٰ رَبِّهِمۡ يَتَوَكَّلُونَ ﴾
[الأنفَال: 2]
﴿إنما المؤمنون الذين إذا ذكر الله وجلت قلوبهم وإذا تليت عليهم آياته﴾ [الأنفَال: 2]
Ba Sein ၂။ ယုံကြည်သူအစစ်တို့သည်ကား အလ္လာဟ်အသျှင်မြတ်၏နာမတော်ကို ကြားရသောအခါ စိတ်နှလုံး တုန်လှုပ်ခြောက်ခြားသောသူများ၊ အလ္လာဟ်အသျှင်မြတ်၏ နှုတ်ကပတ်တော်များကို သူတို့အား ရွတ်ဖတ်ပြသောအခါ သူတို့၏ယုံကြည်မှု တိုးပွားလာသောသူများ၊ သူ၏အသျှင်သခင်ကို ယုံကြည် ကိုးစားသောသူများ။ |
Ghazi Mohammad Hashim အကြင်သူတို့သည်သာလျှင် မုအ်မင်န် သက်ဝင်ယုံကြည်သူ (အစစ်အမှန်များ) ဖြစ်ကြကုန်၏။ (၎င်းတို့ရှေ့ဝယ်)အလ္လာဟ်အရှင်မြတ်အားသတိရခဲ့လျှင်၊ ၎င်းတို့၏စိတ်နှလုံးများသည် ထိတ်လန့်သွားကြကုန်၏။ ထို့ပြင် အကယ်၍ ၎င်းတို့ရှေ့၌ ထိုအရှင်မြတ်၏အာယတ်တော်များကို ဖတ်ကြားခဲ့ပါမူ၊ ထိုအာယတ်တော်များသည် ၎င်းတို့၏ အီမာန် သက်ဝင်ယုံကြည်မှုကို တိုးပွားခိုင်မြဲစေကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့သည် (မိမိတို့၏ကိစ္စအဝဝ၌) မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အပေါ်၌ပင် ယုံကြည်စိတ်ချလွှဲအပ်ကြကုန်သတည်း။ |
Hashim Tin Myint ဤသူများပင် (အမှန်)ယုံကြည်သူများဖြစ်ကြသည်။ (ထိုသူများရှေ့၌)အလ္လာဟ်အရှင်မြတ်အား သတိရခဲ့လျှင်၊ သူတို့၏စိတ်နှလုံးများသည် ထိတ်လန့်တုန်လှုပ်သွားကြသည်။ ၎င်းပြင် အကယ်၍ သူတို့ရှေ့၌ အရှင်မြတ်၏အာယသ်တော်များကို ဖတ်ကြားခဲ့လျှင် သူတို့၏အီမာန်ယုံကြည်မှုကို တိုးပွားခိုင်မြဲစေကြသည်။ ထို့ပြင် သူတို့သည် (ကိစ္စရပ်တိုင်းကို) သူတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အပေါ်၌သာ ယုံပုံအပ်နှင်းကြသည်။ |