Quran with Burmese translation - Surah Al-Anfal ayat 44 - الأنفَال - Page - Juz 10
﴿وَإِذۡ يُرِيكُمُوهُمۡ إِذِ ٱلۡتَقَيۡتُمۡ فِيٓ أَعۡيُنِكُمۡ قَلِيلٗا وَيُقَلِّلُكُمۡ فِيٓ أَعۡيُنِهِمۡ لِيَقۡضِيَ ٱللَّهُ أَمۡرٗا كَانَ مَفۡعُولٗاۗ وَإِلَى ٱللَّهِ تُرۡجَعُ ٱلۡأُمُورُ ﴾
[الأنفَال: 44]
﴿وإذ يريكموهم إذ التقيتم في أعينكم قليلا ويقللكم في أعينهم ليقضي الله﴾ [الأنفَال: 44]
| Ba Sein ၄၄။ သင်တို့သည် ရန်သူတို့အား စစ်မြေပြင်၌ ရင်ဆိုင်သောအခါ အလ္လာဟ်သည် သင်မွတ်စလင်(မ်)တို့အား သူတို့ကို အရေအတွက် အနည်းငယ်ကဲ့သို့ မြင်စေတော်မူသောအခါ ရန်သူတို့လည်း သင်တို့ကို အနည်းငယ်ကဲ့သို့ မြင်စေတော်မူသောအခါ အသျှင်မြတ်သည် ပြုရမည့်အလုပ်တစ်ခုကို ပြီးစီးစေ တော်မူရန်ဖြစ်၏။ အမှုအခင်းကိစ္စအဝဝကို အလ္လာဟ်အသျှင်မြတ်အထံတော်သို့ ပြန်မို့မည်သာတည်း။ |
| Hashim Tin Myint ထို့ပြင် တစ်ခါက အရှင်မြတ်သည် အသင်တို့ (သူတို့နှင့် ရင်ဆိုင်)တွေ့ဆုံကြစဉ်မှာ သူတို့(၏ အရေအတွက်)ကို အသင်တို့အမြင်၌ လျှော့၍ပြသတော်မူခဲ့သည်။ ၎င်းပြင် အသင်တို့ကိုလည်း သူတို့၏အမြင်၌ လျှော့၍ပင် ပြသတော်မူခဲ့သည်။ (ထိုကဲ့သို့ ပြုတော်မူခြင်းမှာ)အလ္လာဟ်အရှင်မြတ်သည် ပြုလိုတော်မူသောကိစ္စ (မွတ်စ်လင်မ်များ၏ အောင်နိုင်မှု)တစ်ခုကို (ဖြစ်ပေါ်ထင်ရှား)ပြီးမြောက်စေတော်မူရန်အတွက် ဖြစ်သည်။* ၎င်းပြင် ကိစ္စဟူသမျှသည် အလ္လာဟ်အရှင်မြတ်ထံတော်သို့ပင် ပြန်လှည့်ခံရမည်ဖြစ်သည်။ |