Quran with Burmese translation - Surah Al-Anfal ayat 43 - الأنفَال - Page - Juz 10
﴿إِذۡ يُرِيكَهُمُ ٱللَّهُ فِي مَنَامِكَ قَلِيلٗاۖ وَلَوۡ أَرَىٰكَهُمۡ كَثِيرٗا لَّفَشِلۡتُمۡ وَلَتَنَٰزَعۡتُمۡ فِي ٱلۡأَمۡرِ وَلَٰكِنَّ ٱللَّهَ سَلَّمَۚ إِنَّهُۥ عَلِيمُۢ بِذَاتِ ٱلصُّدُورِ ﴾
[الأنفَال: 43]
﴿إذ يريكهم الله في منامك قليلا ولو أراكهم كثيرا لفشلتم ولتنازعتم في﴾ [الأنفَال: 43]
Ba Sein ၄၃။ အလ္လာဟ်အသျှင်မြတ်သည် သင် မိုဟမ္မဒ်အာ သင်၏အိပ်မက်တွင် ရန်သူ၏အင်အား သေးငယ်သည် ဟု ပြသတော်မူ၏။ အကယ်၍ အသျှင်မြတ်သည် သူတို့၏ အင်အားကြီးမားကြောင်းကို ပြသတော် မူလျှင် ယုံကြည်သူသင်တို့သည် တွန့်ဆုတ်ပြီးလျှင် အချင်းချင်း အငြင်းအခုံဖြစ်ခဲ့ကြလတ္တံ့။ သို့သော် အလ္လာဟ်အသျှင်မြတ်သည် သင်တို့အား ကယ်တင်စောင့်ရှောက်တော်မူ၏။ မှတ်သားကြလော့။ အသျှင်မြတ်သည် လူသားတို့၏နှလုံးအိမ်တွင်းရှိသမျှကို အကြွင်းမဲ့သိမြင်တော်မူ၏။ |
Ghazi Mohammad Hashim ၎င်းပြင် (အို-နဗီတမန်တော် ပြန်လည်၍အောက်မေ့ပါလေ)၊ အကြင်အခါဝယ် အလ္လာဟ် အရှင်မြတ်သည် အသင့်အား အိပ်မက်တွင် ၎င်းတို့(၏ဦးရေ)ကို အနည်းငယ်မျှသာ ပြသတော်မူခဲ့လေသည်။ အကယ်၍သာ ထိုအရှင်မြတ်သည် အသင့်အား ၎င်းတို့(၏ဦးရေ)ကို များပြားစွာပြသတော်မူခဲ့ပါလျှင် အသင်တို့သည် ဧကန်မုချ စိတ်ဓါတ်ကျဆုံးခဲ့ကြသည့်အပြင်၊ထိုကိစ္စနှင့်စပ်လျဉ်း၍ အချင်းချင်း အငြင်းပွားကာ အချင်းများခဲ့ကြမည်မှာလည်း မလွဲဧကန်တည်း။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် (အသင်တို့အား စိတ်ဓါတ်ကျဆုံးခြင်းနှင့် အချင်းချင်း အငြင်းပွားခြင်းမှ) ကယ်ဆယ်တော်မူခဲ့လေသည်။ ဧကန်စင်စစ် ထိုအရှင်မြတ်သည် စိတ်နှလုံးများတွင် ရှိသည်တို့ကို အကြွင်းမဲ့သိရှိတော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူပေတည်း။ |
Hashim Tin Myint ထို့ပြင် တစ်ခါက အလ္လာဟ်အရှင်မြတ်သည် အသင်(တမန်တော်)၏အိပ်မက်ထဲ၌ သူတို့(၏ အရေအတွက်)ကို အနည်းငယ်သာ ပြသတော်မူခဲ့သည်။ အကယ်၍သာ အရှင်မြတ်သည် အသင့်အား သူတို့(၏ အရေအတွက်)ကို များပြားစွာ ပြသတော်မူခဲ့လျှင် အသင်တို့သည် အမှန်စင်စစ် စိတ်ဓာတ်ကျခဲ့မည့်အပြင်၊ ထိုကိစ္စနှင့်ပတ်သက်၍ အချင်းချင်း အငြင်းပွားပြီး စကားများခဲ့ကြမည် အမှန်ပင်။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် (အသင်တို့အား စိတ်ဓာတ်ကျခြင်းနှင့် အငြင်းပွားခြင်းမှ)ကယ်ဆယ်တော်မူခဲ့သည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် စိတ်နှလုံးများထဲတွင် ရှိသည်များကို အကြွင်းမဲ့သိရှိတော်မူသောအရှင် ဖြစ်တော်မူသည်။ |