Quran with Burmese translation - Surah Al-Anfal ayat 46 - الأنفَال - Page - Juz 10
﴿وَأَطِيعُواْ ٱللَّهَ وَرَسُولَهُۥ وَلَا تَنَٰزَعُواْ فَتَفۡشَلُواْ وَتَذۡهَبَ رِيحُكُمۡۖ وَٱصۡبِرُوٓاْۚ إِنَّ ٱللَّهَ مَعَ ٱلصَّٰبِرِينَ ﴾
[الأنفَال: 46]
﴿وأطيعوا الله ورسوله ولا تنازعوا فتفشلوا وتذهب ريحكم واصبروا إن الله مع﴾ [الأنفَال: 46]
Ba Sein ၄၆။ အလ္လာဟ်အသျှင်မြတ်နှင် အသျှင်မြတ်၏ တမန်တော်ကို နာခံကြလော့။ အချင်းချင်း အငြင်းအခုံ မပြုကြလင့်။ သို့ပြုလျှင် သင်တို့သည် တွန့်ဆုတ်၍ အားပြတ်သွားတတ်၏။ သို့သော် တည်တံ့ခိုင်မြဲ ကြလော့။ အလ္လာဟ်အသျှင်မြတ်သည် တည်ကြည်မြဲမြံသောသူတို့နှင့်အတူတကွ ရှိတော်မူ၏။ |
Ghazi Mohammad Hashim ထိုမှတစ်ပါး အသင်တို့သည် အလ္လာဟ် အရှင်မြတ်၏အမိန့်တော်များကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ရစူလ်တမန်တော်၏အမိန့်တော်များကို လည်းကောင်း၊လိုက်နာကြလေကုန်။ ထို့ပြင် အသင်တို့သည် အချင်းချင်းအငြင်းမပွားကြကုန်လင့်။ သို့အငြင်းပွားခဲ့ကြလျှင် အသင်တို့သည် စိတ်ဓါတ်ကျဆုံးကြပေမည်။ အသင်တို့၏ လေ(အားအင်)သည်လည်း ဆုတ်ယုတ် သွားချေမည်။ ၎င်းပြင် အသင်တို့သည်သည်းခံကြ လေကုန်။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည်သည်းခံသူတို့နှင့် အတူရှိတော်မူပေသတည်း။ |
Hashim Tin Myint ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏အမိန့်တော်များနှင့် အရှင်မြတ်၏တမန်တော်၏ အမိန့်တော်များကို လိုက်နာကြပါ။* ထို့ပြင် အသင်တို့သည် အချင်းချင်း အငြင်းမပွားကြနှင့်။* ထိုသို့ အငြင်းပွားခဲ့ကြလျှင် အသင်တို့သည် စိတ်ဓာတ်ကျလိမ့်မည်။ အသင်တို့၏လေ(အင်အား)သည်လည်း လျော့နည်းသွားလိမ့်မည်။ ၎င်းပြင် အသင်တို့သည် သည်းခံကြပါ။* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် သည်းခံသောသူများနှင့်အတူ ရှိတော်မူသည်။ |