Quran with Burmese translation - Surah Al-Anfal ayat 65 - الأنفَال - Page - Juz 10
﴿يَٰٓأَيُّهَا ٱلنَّبِيُّ حَرِّضِ ٱلۡمُؤۡمِنِينَ عَلَى ٱلۡقِتَالِۚ إِن يَكُن مِّنكُمۡ عِشۡرُونَ صَٰبِرُونَ يَغۡلِبُواْ مِاْئَتَيۡنِۚ وَإِن يَكُن مِّنكُم مِّاْئَةٞ يَغۡلِبُوٓاْ أَلۡفٗا مِّنَ ٱلَّذِينَ كَفَرُواْ بِأَنَّهُمۡ قَوۡمٞ لَّا يَفۡقَهُونَ ﴾
[الأنفَال: 65]
﴿ياأيها النبي حرض المؤمنين على القتال إن يكن منكم عشرون صابرون يغلبوا﴾ [الأنفَال: 65]
Ba Sein ၆၅။ အို-တမန်တော်၊ ယုံကြည်သူတို့အား စစ်တိုက်ဖို့ရာဆုံးမလော့။ သင်တို့အနက် စိတ်ထက်သန် ခိုင်မြဲသူ နှစ်ဆယ်ရှိလျှင် ထိုသူတို့သည် ရန်သူနှစ်ရာကို အောင်ကြရလိမ့်မည်။ စိတ်ထက်သန်တည်ကြည်သူ တစ်ရာရှိလျှင် ရန်သူတစ်ထောင်ကို နှိမ်နင်းကြရလိမ့်မည်။ အကြောင်းမူကား ရန်သူတို့သည် မယုံကြည်သူ ပညာကင်းမဲ့သူများဖြစ်သောကြောင့်တည်း။ |
Ghazi Mohammad Hashim အို-နဗီတမန်တော်၊ အသင်သည် ‘မုအ်မင်န်’သက်ဝင်ယုံကြည်သူတို့အား စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ခြင်းငှာတိုက်တွန်းနှိုးဆော်ပါလေ။ အကယ်၍ အသင်တို့အနက် စွဲမြဲကြံ့ခိုင် (စွာတိုက်ခိုက်မည့်) သူနှစ်ဆယ်ရှိကြပါမူ၊ ၎င်းတို့သည်(ကာဖိရ်တို့ဘက်မှလူ)နှစ်ရာကို နှိမ်နင်းနိုင်ကြကုန်အံ့။ ထိုနည်းတူစွာ အကယ်၍ အသင်တို့အနက် (ကြံ့ခိုင်စွာတိုက်ခိုက်မည့်သူ)တစ်ရာရှိကြလျှင် ၎င်းတို့သည် ကာဖိရ်သွေဖည် ငြင်းပယ်သောသူတို့အနက်မှ (လူ)တစ်ထောင်ကို နှိမ်နင်း နိုင်ကြပေအံ့။အကြောင်းမူကား ၎င်းတို့သည် (လုံးဝ) နားမလည်သောသူများဖြစ်ကြသောကြောင့်ပင်တည်း။ |
Hashim Tin Myint အို- တမန်တော်၊ အသင်သည် ယုံကြည်သူများအား စစ်တိုက်ရန် တိုက်တွန်းနှိုးဆော်ပါ။* အကယ်၍ အသင်တို့ထဲမှ ဇွဲရှိသူ နှစ်ဆယ်ရှိလျှင်၊ သူတို့သည် (ရန်သူ)နှစ်ရာကို လွှမ်းမိုးနိုင်မည်။ ၎င်းပြင် အကယ်၍ အသင်တို့ထဲမှ ဇွဲရှိသူ တစ်ရာရှိလျှင်၊ သူတို့သည် ကာဖိရ်ငြင်းပယ်သူများထဲမှ တစ်ထောင်ကို လွှမ်းမိုးနိုင်ကြလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် အမှန်စင်စစ် သူတို့သည် နားမလည်သူများ ဖြစ်ကြသည့်အတွက်ကြောင့်ဖြစ်သည်။ |