Quran with Burmese translation - Surah Al-Anfal ayat 66 - الأنفَال - Page - Juz 10
﴿ٱلۡـَٰٔنَ خَفَّفَ ٱللَّهُ عَنكُمۡ وَعَلِمَ أَنَّ فِيكُمۡ ضَعۡفٗاۚ فَإِن يَكُن مِّنكُم مِّاْئَةٞ صَابِرَةٞ يَغۡلِبُواْ مِاْئَتَيۡنِۚ وَإِن يَكُن مِّنكُمۡ أَلۡفٞ يَغۡلِبُوٓاْ أَلۡفَيۡنِ بِإِذۡنِ ٱللَّهِۗ وَٱللَّهُ مَعَ ٱلصَّٰبِرِينَ ﴾
[الأنفَال: 66]
﴿الآن خفف الله عنكم وعلم أن فيكم ضعفا فإن يكن منكم مائة﴾ [الأنفَال: 66]
Ba Sein ၆၆။ အလ္လာဟ်အသျှင်မြတ်သည် သင်တို့စိတ်ပျော့ကြောင်းကို သိမြင်တော်မူ၍ သင်တို့ဝန်ထုပ်ကို ယခု ပေါ့စေတော်မူပြီ။ ထို့ကြောင့် သင်တို့အနက် တည်တံ့ခိုင်မြဲသူတစ်ရာရှိလျှင် ထိုသူတို့သည် အသျှင်မြတ်၏ အခွန်တော်ကြောင့် ရန်သူနှစ်ရာ၊ သင်တို့အနက် တည်တံ့ခိုင်မြဲသူတစ်ထောင်ရှိလျှင် ထိုသူတို့သည် ရန်သူနှစ်ထောင်ကို အသီးသီး အောင်နိုင်ကြရလိမ့်မည်။ အလ္လာဟ်အသျှင်မြတ်သည် တည်တံ့ခိုင်မြဲသူတို့နှင့်အတူတကွ ရှိတော်မူ၏။ |
Ghazi Mohammad Hashim ယခုသော်ကား အလ္လာဟ် အရှင်မြတ်သည်(အသင်တို့၏ဝန်ထုပ်ကို) အသင်တို့မှ ပေါ့ပါးစေတော် မူခဲ့ပေပြီ။ ၎င်းပြင် ထိုအရှင်မြတ်သည် အသင်တို့၌ အားအင်သတ္တိနည်းပါးသည်ကိုလည်း သိရှိတော်မူလေပြီ။ သို့ဖြစ်ပေရာအကယ်၍ အသင်တို့အနက် စွဲမြဲ(စွာတိုက်ခိုက်မည့်)သူ တစ်ရာရှိကြပါလျှင် ၎င်းတို့သည် (ရန်သူတို့ဘက်မှလူ) နှစ်ရာကို နှိမ်နင်းနိုင်ကြပေမည်။ ထိုနည်းတူစွာ အကယ်၍ အသင်တို့ အနက်(စွဲမြဲစွာတိုက်ခိုက်မည့်သူ)တစ်ထောင်ရှိခဲ့မူ ၎င်းတို့သည်အလ္လာဟ် အရှင်မြတ်၏အမိန့်တော်နှင့် (ရန်သူတို့ဘက်မှလူ)နှစ်ထောင်ကိုနှိမ်နင်းနိုင်ကြပေမည်။ အမှန်စင်စစ်သော်ကားအလ္လာဟ်အရှင်မြတ်သည် စွဲမြဲကြံ့ခိုင်သူတို့နှင့် အတူရှိတော်မူချေသတည်း။ |
Hashim Tin Myint ယခုမူ အလ္လာဟ်အရှင်မြတ်သည် (အသင်တို့၏ ဝန်ထုပ်ကို) အသင်တို့ထံမှ ပေါ့ပါးစေတော်မူခဲ့သည်။ ၎င်းပြင် အရှင်မြတ်သည် အသင်တို့၌ အင်အား ဇွဲ သတ္တိနည်းပါးသည်ကိုလည်း သိရှိတော်မူသည်။* သို့ဖြစ်ရာ အကယ်၍ အသင်တို့ထဲမှ ဇွဲသတ္တိရှိသူ တစ်ရာရှိလျှင် သူတို့သည် (ရန်သူ)နှစ်ရာကို လွှမ်းမိုးနိုင်ကြမည်။ ၎င်းပြင် အကယ်၍ အသင်တို့ထဲမှ ဇွဲသတ္တိရှိသူ တစ်ထောင်ရှိလျှင် သူတို့သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်နှင့် (ရန်သူ)နှစ်ထောင်ကို လွှမ်းမိုးနိုင်ကြမည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် ဇွဲရှိသူများနှင့် အတူရှိတော်မူသည်။ |