×

ထိုနေ့သည်ကား မည်သည့်နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ် အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ 82:19 Burmese translation

Quran infoBurmeseSurah Al-InfiTar ⮕ (82:19) ayat 19 in Burmese

82:19 Surah Al-InfiTar ayat 19 in Burmese (البورمية)

Quran with Burmese translation - Surah Al-InfiTar ayat 19 - الانفِطَار - Page - Juz 30

﴿يَوۡمَ لَا تَمۡلِكُ نَفۡسٞ لِّنَفۡسٖ شَيۡـٔٗاۖ وَٱلۡأَمۡرُ يَوۡمَئِذٖ لِّلَّهِ ﴾
[الانفِطَار: 19]

ထိုနေ့သည်ကား မည်သည့်နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ် အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) မျှပင် အခြားနဖ်စ်အတွက် စိုးစဉ်းမျှပင် အကျိုးပြုနိုင်သည့် အခွင့်အာဏာရှိလိမ့်မည် မဟုတ်သောနေ့ပင် ဖြစ်၏။ ထို့ပြင် ထို့နေ့တွင် အမိန့်အာဏာအလုံးစုံတို့သည် အလ္လာဟ်အရှင်မြတ် (က စီရင်ဆုံးဖြတ်စေတော်မူရန်) အတွက်သာ ဖြစ်လိမ့်မည်။

❮ Previous Next ❯

ترجمة: يوم لا تملك نفس لنفس شيئا والأمر يومئذ لله, باللغة البورمية

﴿يوم لا تملك نفس لنفس شيئا والأمر يومئذ لله﴾ [الانفِطَار: 19]

Ba Sein
၁၉။ ထိုနေ့တော်ကြီး၌ ဝိညာဉ်တစ်ခုသည် အခြားဝိညာဉ်ကို တစ်စုံတစ်ရာမှ စောင်မနိုင်မည်မဟုတ်၊ အကြောင်းမူကား ထိုနေ့တော်ကြီး၌ အုပ်စိုးမှုနှင့် အမိန့်ပေးမှုတို့သည် အလ္လာဟ်အရှင်မြတ်၏ အရာသာတည်း။
Ghazi Mohammad Hashim
(ထိုနေ့သည်ကား) မည်သူမျှပင် မည်သူတစ်ဦးတစ်ယောက်ကိုမျှ လုံးဝ အကျိုးပြုပိုင်ခွင့် မရှိသောနေ့ပင်။ထိုနေ့တွင်ကား အမိန့်အာဏာ အလုံးစုံတို့သည် အလ္လာဟ်အရှင်မြတ်၌သာ ရှိကုန်အံ့သတည်း။
Hashim Tin Myint
ထို‌နေ့တွင်အသက်ဝိညာဉ်တစ်ခု(လူတစ်ဦး)သည် အခြားအသက်ဝိညာဉ်(လူတစ်ဦး)အတွက် မည်သည့်အရာတစ်ခုမျှ အကျိုးပြုပိုင်ခွင့်မရှိ‌ပေ။၎င်းပြင်ထို‌နေ့တွင် အမိန့်အာဏာအားလုံးသည် အလ္လာဟ်အရှင်မြတ်ပင် စိုးပိုင်‌တော်မူမည်ဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek