Quran with Burmese translation - Surah At-Taubah ayat 100 - التوبَة - Page - Juz 11
﴿وَٱلسَّٰبِقُونَ ٱلۡأَوَّلُونَ مِنَ ٱلۡمُهَٰجِرِينَ وَٱلۡأَنصَارِ وَٱلَّذِينَ ٱتَّبَعُوهُم بِإِحۡسَٰنٖ رَّضِيَ ٱللَّهُ عَنۡهُمۡ وَرَضُواْ عَنۡهُ وَأَعَدَّ لَهُمۡ جَنَّٰتٖ تَجۡرِي تَحۡتَهَا ٱلۡأَنۡهَٰرُ خَٰلِدِينَ فِيهَآ أَبَدٗاۚ ذَٰلِكَ ٱلۡفَوۡزُ ٱلۡعَظِيمُ ﴾
[التوبَة: 100]
﴿والسابقون الأولون من المهاجرين والأنصار والذين اتبعوهم بإحسان رضي الله عنهم ورضوا﴾ [التوبَة: 100]
Ba Sein ၁၀၀။ မူဟာဂျီရ်နှင့် အန်ဆာတို့အနက် ရှေးဦးပထမရှေ့ဆောင်သွားသူတို့၏ ကောင်းမှုပြုခြင်းနမူနာကို လိုက်နာဆောင် ရွက်သူများ၊ ဤလူများကို အလ္လာဟ်အရှင်မြတ်ကောင်းစွာနှစ်သက်တော်မူ၏။သူတို့ကလည်း အလ္လာဟ်အရှင်မြတ် ကောင်းစွာနှစ်သက်တော်မူ၏။သူတို့ကလည်း အရှင်မြတ်ကို ကောင်းစွာသဒ္ဓါကြည်ညိုမြတ်နိုးကြ၏။အရှင်မြတ် သည် သူတို့နေဖို့ရာအောက်တွင် မြစ်ချောင်းအသွယ်သွယ်စီးဆင်းလျက်ရှိသောနိဗ္ဗာန်ဥယျာဉ်တော်များကို အသင့် စီရင်ထားတော်မူ၏။သူတို့သည် ထိုဥယျာဉ်တော်များ၌ ထာဝရစံမြန်းကြမည်။ဤဆုလာဘ်တော်သည် မဟာ အောင်မြင်ခြင်းကြီးဖြစ်၏။ |
Ghazi Mohammad Hashim (အီမာန်သက်ဝင်ယုံကြည်ရာတွင် အွမ္မတ်သားအားလုံးတို့ထက်) ရှေးဦးပထမ ဖြစ်ကြကုန်သော မုဟာဂျီရိန်သာဝကကြီးများသည်လည်းကောင်း၊ အန်ဆွာရ် (သာဝကကြီး)များသည်လည်ကောင်း၊ ထို(မုဟာဂျီရိန်နှင့် အန်ဆွာရ်)တို့၏နောက်သို့ ကောင်း မွန်စွာ လိုက်ရဲကြသူတို့သည်လည်းကောင်း၊အလ္လာဟ် အရှင်မြတ်သည် ထိုသူတို့အပေါ်၌ ကျေနပ်တော်မူခဲ့လေပြီ၊ ထိုသူတို့သည်လည်း ထိုအရှင်မြတ်အပေါ်၌ ကျေနပ်ခဲ့ကြလေပြီ၊ ၎င်းပြင် ထိုအရှင်မြတ်သည် ၎င်းတို့အဖို့ အကြင်ဥယျာဉ်များကို အဆင်သင့်ပြုလုပ်၍ ထားရှိတော်မူခဲ့လေသည်။ထိုဥယျာဉ်များ၏ အောက်၌ စမ်းချောင်းများ စီးထွေလျက်ရှိကြပေသည်။ (၎င်းတို့သည်) ထိုဥယျာဉ်များတွင် ထာဝစဉ်နေထိုင် စံမြန်းလျက်ရှိကြပေမည်။ ဤကား ကြီးကျယ် မြင့်မြတ်လှသော အောင်မြင်မှုပင်တည်း။ |
Hashim Tin Myint ထို့ပြင် မုဟာဂျိရီန်များ၊ အန်စွာရ်များထဲမှ (အီမာန်ယူရာတွင်) အားလုံးထက် ရှေ့ဆုံးရောက်သူများနှင့် ၎င်းတို့၏ နောက်သို့ ကောင်းမှုနှင့်တကွ* လိုက်ခဲ့ကြသောသူများအား အလ္လာဟ်အရှင်မြတ်သည် ကျေနပ်တော်မူခဲ့ပြီးဖြစ်သည်၊ ၎င်းနောက် သူတို့ကလည်း အရှင်မြတ်ကို ကျေနပ်ခဲ့ကြပြီဖြစ်သည်။ ထို့ပြင် အရှင်မြတ်သည် သူတို့အတွက် အကြင်ဥယျာဉ်များကို အသင့်ပြုလုပ်ထားတော်မူသည်။ ထိုဥယျာဉ်များ၏အောက်၌ စမ်းရေချောင်းများ စီးဆင်လျက်ရှိသည်။ (သူတို့သည်) ထိုဥယျာဉ်များတွင် အမြဲနေကြရမည်ဖြစ်သည်။ ဤသည် ကြီးကျယ်သော အောင်မြင်မှုဖြစ်သည်။ |