×

(လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဉ်ပေါ် ရပ်တည်နေကြသည့်) မြို့နေပြည်သူများနှင့်သင်တို့အနီးပတ်ဝန်းကျင်ရှိ သဲကန္တာရထဲတွင် လှည့်လည်သွားလာနေထိုင်ကြသော မျိုးနွယ်စုများအနက်မှလည်း (အချို့သည်) အယောင်ဆောင်သီလကြောင်များဖြစ်ကြ၏။ သူတို့ 9:101 Burmese translation

Quran infoBurmeseSurah At-Taubah ⮕ (9:101) ayat 101 in Burmese

9:101 Surah At-Taubah ayat 101 in Burmese (البورمية)

Quran with Burmese translation - Surah At-Taubah ayat 101 - التوبَة - Page - Juz 11

﴿وَمِمَّنۡ حَوۡلَكُم مِّنَ ٱلۡأَعۡرَابِ مُنَٰفِقُونَۖ وَمِنۡ أَهۡلِ ٱلۡمَدِينَةِ مَرَدُواْ عَلَى ٱلنِّفَاقِ لَا تَعۡلَمُهُمۡۖ نَحۡنُ نَعۡلَمُهُمۡۚ سَنُعَذِّبُهُم مَّرَّتَيۡنِ ثُمَّ يُرَدُّونَ إِلَىٰ عَذَابٍ عَظِيمٖ ﴾
[التوبَة: 101]

(လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဉ်ပေါ် ရပ်တည်နေကြသည့်) မြို့နေပြည်သူများနှင့်သင်တို့အနီးပတ်ဝန်းကျင်ရှိ သဲကန္တာရထဲတွင် လှည့်လည်သွားလာနေထိုင်ကြသော မျိုးနွယ်စုများအနက်မှလည်း (အချို့သည်) အယောင်ဆောင်သီလကြောင်များဖြစ်ကြ၏။ သူတို့ သည် (ဟန်ဆောင်ယုံကြည်မှုနှင့်) သီလကြောင်မှု၌ (ခေါင်းမာမာဖြင့်) ဇွတ်မှိတ်၍ စွဲမြဲစွာ ရပ်တည်နေကြ ကြောင်းကို သူတို့နှင့်ပတ်သက်၍ အသင်တမန်တော်အား အရှင်မြတ်က အသိပေးတော်မမူခဲ့လျှင်) သိနိုင်မည် မဟုတ်ပေ။ ငါအရှင်မြတ်သည် သူတို့ (နှင့်ပတ်သက်သော အသေးစိတ်) ကို အကြွင်းမဲ့ သိနေတော်မူ၏။ မကြာမီ သူတို့ကို ပြစ်ဒဏ်နှစ်ကြိမ်ပေးတော်မူမည်။ ထို့နောက် ကာလအကန့်အသတ်မဲ့ ခံစားရမည့်ကြီးလေးလှသော ပြစ်ဒဏ်ဘက်သို့ လှည့်ပြန်စေတော်မူလိမ့်မည်။

❮ Previous Next ❯

ترجمة: وممن حولكم من الأعراب منافقون ومن أهل المدينة مردوا على النفاق لا, باللغة البورمية

﴿وممن حولكم من الأعراب منافقون ومن أهل المدينة مردوا على النفاق لا﴾ [التوبَة: 101]

Ba Sein
၁ဝ၁။ သင်တို့ပတ်ဝန်းကျင်တွင်ရှိသော ကျေးတောသားအာရဗ်လူမျိုးတို့အနက် အချို့သည် ယုံကြည်ဟန်ဆောင်သူများ ဖြစ်ကြ၏။မဒီနာမြို့တော်သူမြို့တော်သားများအနက်လည်း အချို့သည် ယုံကြည်ဟန်ဆောင်သူများဖြစ်ကြ၏။ထိုသူများကို သင်မိုဟမ္မဒ်မသိပေ။ငါသိတော်မူ၏။ငါသည် သူတို့ကို အပြစ်ဒဏ်နှစ်ကြိမ်နှစ်ခါပေးတော်မူမည်၊ ထို့နောက်သူတို့သည် အလွန်ပြင်းပြနာကျင်ဖွယ်သောအပြစ်ဒဏ်ကို ခံစားရလိမ့်မည်။
Ghazi Mohammad Hashim
ထို့ပြင် အသင်တို့၏ ပတ်ဝန်းကျင်၌ ရှိကြကုန်သော အရဗ်ကျေးတောသားတို့တွင်လည်းကောင်း၊ မဒီနာမြို့သားတို့တွင်လည်းကောင်း၊ အကြင် ကဲ့သို့သော မုနာဖစ်က်မုစ်လင်မ်အယောင်ဆောင်သောသူများ ရှိကြကုန်၏။ ထိုသူတို့သည် နိဖာက် အယောင်ဆောင်မှု၌ပင် ဇွတ်မှိတ်၍ စွဲမြဲစွာနေခဲ့ကြလေသည်။ အသင်တို့သည် ထိုသူတို့အား မသိချေ။ငါအရှင်မြတ်သည် ထိုသူတို့အား သိတော်မူ ၏။ မကြာမြင့်မီပင်ငါအရှင်မြတ်သည် ၎င်းတို့အား နှစ်ကြိမ်တိုင်တိုင် ပြစ်ဒဏ်ပေးတော်မူမည်။ တဖန် ၎င်းတို့သည် ကြီးလေးလှသော ပြစ်ဒဏ်ကို ရောက်စေခြင်းကို ခံကြရပေမည်။
Hashim Tin Myint
ထို့ပြင် အသင်တို့၏ ပတ်ဝန်းကျင်၌ရှိကြ‌သော* အရဗ်‌ကျေး‌တောသားများနှင့် မဒီနဟ်မြို့သားများထဲတွင် ဤသို့ အ‌ယောင်‌ဆောင်‌သော မုနာဖိက်များရှိကြသည်။ ထိုသူများသည် အ‌ယောင်‌ဆောင်မှုထဲ၌ပင် ဇွတ်မှိတ်ပြီး ‌နေ‌လေ့ရှိသည်။ အသင်တို့သည် ထိုသူများအား မသိ‌ပေ။ ငါအရှင်မြတ်သည် သူတို့အား သိ‌တော်မူသည်။ မကြာမီ ငါအရှင်မြတ်သည် သူတို့အား ပြစ်ဒဏ်နှစ်ကြိမ်*‌ပေး‌တော်မူမည်၊ ထို့‌နောက်သူတို့သည် ကြီး‌လေး‌သောပြစ်ဒဏ် သက်‌ရောက်ခြင်းကို ခံကြရမည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek