Quran with Burmese translation - Surah At-Taubah ayat 103 - التوبَة - Page - Juz 11
﴿خُذۡ مِنۡ أَمۡوَٰلِهِمۡ صَدَقَةٗ تُطَهِّرُهُمۡ وَتُزَكِّيهِم بِهَا وَصَلِّ عَلَيۡهِمۡۖ إِنَّ صَلَوٰتَكَ سَكَنٞ لَّهُمۡۗ وَٱللَّهُ سَمِيعٌ عَلِيمٌ ﴾
[التوبَة: 103]
﴿خذ من أموالهم صدقة تطهرهم وتزكيهم بها وصل عليهم إن صلاتك سكن﴾ [التوبَة: 103]
Ba Sein ၁ဝ၃။ သူတို့၏ထံမှ အလှုဒါနယူလော့။ထိုအလှုများအားဖြင့် သင်သည် သူတို့ကို သန့်ရှင်းစင်ကြယ်စေ၍ တရားပွားများ စေလိမ့်မည်။သူတို့အတွက် ဆုတောင်းလော့။သင်၏ ဆုပဋ္ဌာနာများသည် သူတို့အတွက် အေးချမ်းသာယာမှု ဖြစ်၏။အလ္လာဟ်အရှင်သည် အလုံးစုံကို ကြားတော်မူ၏။အလုံးစုံကို သိတော်မူ၏။ |
Ghazi Mohammad Hashim (အို-နဗီတမန်တော်) အသင်သည် ထိုသူတို့၏ဥစ္စာပစ္စည်းများထဲမှ အလှူဝတ္ထုကို လက်ခံယူလိုက်ပါ။ ယင်းသို့(အလှူလက်ခံယူလိုက်ခြင်း)အားဖြင့် အသင်သည် ထိုသူများအား စင်ကြယ်သန့်ရှင်း အပြစ်ကင်းစေနိုင်မည်။ ထို့ပြင်အသင်သည် ၎င်းတို့အဖို့ ဆုမွန်တောင်းပါလေ။ အကြောင်းသော်ကား အသင်၏ဆုမွန်တောင်းခြင်းသည် ၎င်းတို့အဖို့ ငြိမ်းအေးသက်သာ(နှစ်သိမ့်ကျေနပ်)မှုပင် ဖြစ်ချေသည်။ စင်စစ်တစ်မူကား အလ္လာဟ်အရှင်မြတ်သည် အလုံးစုံတို့ကို ကြားတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို သိရှိတော်မူသောအရှင်ဖြစ်တော်မူချေသည်။ |
Hashim Tin Myint အသင်သည် သူတို့၏ပစ္စည်းများထဲမှ အလှူပစ္စည်းကို လက်ခံယူလိုက်ပါ၊ ထိုအရာဖြင့် အသင်သည် သူတို့အား သန့်ရှင်းအောင်နှင့် အပြစ်ကင်းအောင် လုပ်ပေးနိုင်လိမ့်မည်။* ၎င်းနောက် အသင်(တမန်တော်)သည် သူတို့အတွက် ဆုတောင်းလိုက်ပါ။* အမှန်စင်စစ် အသင်၏ဆုတောင်းခြင်းသည် သူတို့အတွက် အေးချမ်းသာယာမှုဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့ကြားတော်မူသောအရှင်၊ အကြွင်းမဲ့သိတော်မူသောအရှင် ဖြစ်တော်မူသည်။ |