×

ထို့ပြင် (သူတို့အနက်မှ) အခြားသော အုပ်စုတစ်စုမှာ ဖြောင့်မတ်မှန်ကန်သော သုစရိုက်ပြုမူကျင့်ကြံမှု တစ်ခုကို အခြားမကောင်းသော ဒုစရိုက်အကုသိုလ်တစ်ခုဖြင့် ရောနှောလုပ်ဆောင်ကြပြီး သူတို့၏ဒုစရိုက် ကျူး 9:102 Burmese translation

Quran infoBurmeseSurah At-Taubah ⮕ (9:102) ayat 102 in Burmese

9:102 Surah At-Taubah ayat 102 in Burmese (البورمية)

Quran with Burmese translation - Surah At-Taubah ayat 102 - التوبَة - Page - Juz 11

﴿وَءَاخَرُونَ ٱعۡتَرَفُواْ بِذُنُوبِهِمۡ خَلَطُواْ عَمَلٗا صَٰلِحٗا وَءَاخَرَ سَيِّئًا عَسَى ٱللَّهُ أَن يَتُوبَ عَلَيۡهِمۡۚ إِنَّ ٱللَّهَ غَفُورٞ رَّحِيمٌ ﴾
[التوبَة: 102]

ထို့ပြင် (သူတို့အနက်မှ) အခြားသော အုပ်စုတစ်စုမှာ ဖြောင့်မတ်မှန်ကန်သော သုစရိုက်ပြုမူကျင့်ကြံမှု တစ်ခုကို အခြားမကောင်းသော ဒုစရိုက်အကုသိုလ်တစ်ခုဖြင့် ရောနှောလုပ်ဆောင်ကြပြီး သူတို့၏ဒုစရိုက် ကျူး လွန်မှုများနှင့်ပတ်သက်၍ အမှန်အတိုင်းဝန်ခံ (လျက် ဝန်ချတောင်းပန်ကြသော) သူများပင် ဖြစ်ကြ၏။ အလ္လာဟ် အရှင်မြတ်သည် (သူတို့၏ဝန်ချတောင်းပန်မှုများကို လက်ခံတော်မူလျက်) သူတို့ဘက်သို့ အရှင့်ကရုဏာတော်ဖြင့် လှည့်တော်မူနိုင်၏။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (လူသားတို့၏စွမ်းရည်မတိမ်ကောရလေအောင် စည်းမျဉ်းတော်များအား ချမှတ်ပေးအပ်တော်မူပြီး ယင်းတို့ကိုမတော် တဆ ကျူးလွန်ဖေါက်ဖျက်မိသူတို့အား) အလွန်ပင် လွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ်သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။

❮ Previous Next ❯

ترجمة: وآخرون اعترفوا بذنوبهم خلطوا عملا صالحا وآخر سيئا عسى الله أن يتوب, باللغة البورمية

﴿وآخرون اعترفوا بذنوبهم خلطوا عملا صالحا وآخر سيئا عسى الله أن يتوب﴾ [التوبَة: 102]

Ba Sein
၁ဝ၂။ မိမိတို့အပြစ်များကို ဝန်ချတောင်းပန်သူများလည်းရှိကြ၏။သူတို့သည် သုစရိုက်မှုတစ်ခုကို ဒုစရိုက်မှုတစ်ခုနှင့် ရောပြွန်းထားကြ၏။အလ္လာဟ်အရှင်မြတ်သည် သူတို့ဘက်သို့ ကောင်းကြီးမင်္ဂလာတော်နှင့် လွှတ်တော်မူလိမ့်မည်၊ မှတ်သားကြလော့။အလ္လာဟ်အရှင်မြတ်ည် အပြစ်လွှတ်တော်မူ၏။ကောင်းကြီးမင်္ဂလာပေးတော်မူ၏။
Ghazi Mohammad Hashim
ထို့ပြင် အခြားသူတို့လည်း ရှိကြကုန်၏။ ထိုသူတို့သည် မိမိတို့၏ ပြစ်မှုဒုစရိုက်များကို ဝန်ခံခဲ့ကြလေသည်။ထိုသူတို့သည် ကောင်းမြတ်သောအကျင့်အမူနှင့် မကောင်းသောအကျင့်အမူကို ရောနှောပြုလုပ်ခဲ့ကြလေသည်။ အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့ဘက်သို့ ကရုဏာတော်နှင့်လှည့်တော်မူရန် မျှော်ကိုးရာ၏။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည်(ပြစ်မှု များကို) အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊(မိမိကျွန်များအပေါ်၌)အလွန်တရာ သနားကြင်နာညှာတာတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
Hashim Tin Myint
ထို့ပြင် အခြားသူများလည်း ရှိကြ‌သေးသည်။ သူတို့သည် သူတို့၏အပြစ်များကို ဝန်ခံခဲ့ကြသည်။ သူတို့သည် ‌ကောင်းမှုနှင့် မ‌ကောင်းမှုကို ‌ရောပြီးလုပ်ခဲ့ကြသည်။ အလ္လာဟ်အရှင်မြတ်သည် သူတို့၏ဝန်ချ‌တောင်းပန်မှုကို လက်ခံ‌တော်မူလိမ့်မည်ဟု အလ္လာဟ်အရှင်မြတ်ထံ‌တော်မှ ‌မျှော်လင့်ရသည်။* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek