×

သို့ရာတွင် အကယ်၍ သူတို့သည် (သူတို့၏မှားယွင်းသော အတွေးအခေါ် အယူအဆများကို စွန့်လွှတ်၍ သံဝေဂရလျက်) အမှန်တရား သစ္စာဘက်သို့ လှည့်ကြပြီး ဆွလာသ်ဝတ်ပြုမှုကို 9:11 Burmese translation

Quran infoBurmeseSurah At-Taubah ⮕ (9:11) ayat 11 in Burmese

9:11 Surah At-Taubah ayat 11 in Burmese (البورمية)

Quran with Burmese translation - Surah At-Taubah ayat 11 - التوبَة - Page - Juz 10

﴿فَإِن تَابُواْ وَأَقَامُواْ ٱلصَّلَوٰةَ وَءَاتَوُاْ ٱلزَّكَوٰةَ فَإِخۡوَٰنُكُمۡ فِي ٱلدِّينِۗ وَنُفَصِّلُ ٱلۡأٓيَٰتِ لِقَوۡمٖ يَعۡلَمُونَ ﴾
[التوبَة: 11]

သို့ရာတွင် အကယ်၍ သူတို့သည် (သူတို့၏မှားယွင်းသော အတွေးအခေါ် အယူအဆများကို စွန့်လွှတ်၍ သံဝေဂရလျက်) အမှန်တရား သစ္စာဘက်သို့ လှည့်ကြပြီး ဆွလာသ်ဝတ်ပြုမှုကို (ယင်း၏စည်းမျဉ်းများနှင့်အညီ မြဲမြံစွာဆောက်တည်ကြရုံသာမက ဇကာသ် (ခေါ် ချို့တဲ့ဆင်းရဲသူတို့အတွက် တရားတော်အရ ပေးလှူရသည့် လူမှုဖူလုံကြေး) ကိုလည်း ပေးဆောင်ကြလျှင် (သူတို့သည်) ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဉ်) တွင် သင်တို့၏ညီနောင်များပင် ဖြစ်ကြပေလိမ့်မည်။ ထိုသို့ပင် ငါအရှင်မြတ်သည် သိနားလည်နိုင်စွမ်းရှိသော လူမျိုးတို့အတွက် (ကျမ်းတော်မြတ်ကုရ်အာန်အားဖြင့် အရှင့်လမ်းညွှန်တော်ပါဝင်သည့်) သက်သေလက္ခဏာတော်များကို အသေးစိတ် ရှင်းလင်းတင်ပြစေတော်မူ၏။

❮ Previous Next ❯

ترجمة: فإن تابوا وأقاموا الصلاة وآتوا الزكاة فإخوانكم في الدين ونفصل الآيات لقوم, باللغة البورمية

﴿فإن تابوا وأقاموا الصلاة وآتوا الزكاة فإخوانكم في الدين ونفصل الآيات لقوم﴾ [التوبَة: 11]

Ba Sein
၁၁။ အကယ်၍သူတို့သည် သတိနောင်တရ၍ အပြစ်ကို ဝန်ချတောင်းပန်ခြင်း၊ ဆွလတ်ဝတ်၌ တည်မြဲခြင်း၊ ဇကတ် အလှုကို ပေးခြင်းတို့ကို ပြုကြလျှင် သူတို့သည် သင်တို့၏ ဘာသာရေးညီအစ်ကိုများဖြစ်ကြ၏။ငါအရှင်မြတ်သည် မိမိ၏ နှုတ်ကပတ်တော်များကို အသိပညာရှိသူတို့အဖို့ အကျယ်တဝန့်ချပေးတော်မူ၏။
Ghazi Mohammad Hashim
သို့ရာတွင် အကယ်၍ ထိုသူတို့သည် (မိမိတို့၏အယူဝါဒများကိုစွန့်လွှတ်ကာ အီမာန် ယုံကြည် ခြင်းသဒ္ဓါတရား ထားရှိခြင်းအားဖြင့်) ဝန်ချတောင်းပန်၍ ဆွလာတ်ဆောက်တည်ခြင်းကိုလည်းကောင်း၊ ဇကာတ် တရားဝင်ဒါနကြေး ပေးဆောင်ခြင်းကိုလည်းကောင်း ပြုခဲ့ကြပါလျှင်၊ ထိုသူတို့သည် ဒီန်သာသနာရေးတွင် အသင်တို့၏ညီသားအစ်ကိုများပင်ဖြစ်ကြကုန်သည်။ အမှန်သော်ကား ငါအရှင်မြတ်သည် (မိမိ)အာယတ်တော်များကို သိနားလည်သူတို့အဖို့ အသေးစိတ်ထုတ်ဖော် မိန့်ကြားတော်မူလေသတည်း။
Hashim Tin Myint
ထို့‌နောက် အကယ်၍ သူတို့သည် ဝန်ချ‌တောင်းပန်ပြီး (အီမာန်ယုံကြည်ကာ) စွလာသ်‌ဆောက်တည်ကြလျှင်၊ ၎င်းပြင် ဇကာသ်(ဆင်းရဲသားနှင့် လိုအပ်သူများ၏‌ဝေစု)ကို ‌ပေး‌ဆောင်ကြလျှင် သူတို့သည် သာသနာတွင် အသင်တို့၏ ညီအစ်ကိုများပင်ဖြစ်ကြသည်။* ထို့ပြင် ငါအရှင်မြတ်သည် အာယသ်‌တော်များကို သိနားလည်သူများအတွက် အ‌သေးစိတ် ရှင်းလင်းမိန့်ကြား‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek