×

ထိုရွှေငွေ (ရတနာ) များကို ငရဲဘုံ၏မီးထဲ၌ ထည့်၍ အပူပေးရှို့မြိုက်ခြင်းခံရမည့်နေ့တွင် ယင်း (ရှို့မြိုက်ခြင်း ခံရသော ရွှေငွေရတနာများ) ဖြင့် သူတို့၏ 9:35 Burmese translation

Quran infoBurmeseSurah At-Taubah ⮕ (9:35) ayat 35 in Burmese

9:35 Surah At-Taubah ayat 35 in Burmese (البورمية)

Quran with Burmese translation - Surah At-Taubah ayat 35 - التوبَة - Page - Juz 10

﴿يَوۡمَ يُحۡمَىٰ عَلَيۡهَا فِي نَارِ جَهَنَّمَ فَتُكۡوَىٰ بِهَا جِبَاهُهُمۡ وَجُنُوبُهُمۡ وَظُهُورُهُمۡۖ هَٰذَا مَا كَنَزۡتُمۡ لِأَنفُسِكُمۡ فَذُوقُواْ مَا كُنتُمۡ تَكۡنِزُونَ ﴾
[التوبَة: 35]

ထိုရွှေငွေ (ရတနာ) များကို ငရဲဘုံ၏မီးထဲ၌ ထည့်၍ အပူပေးရှို့မြိုက်ခြင်းခံရမည့်နေ့တွင် ယင်း (ရှို့မြိုက်ခြင်း ခံရသော ရွှေငွေရတနာများ) ဖြင့် သူတို့၏ နဖူးများ၊ နံဘေးများနှင့်ကျောကုန်းများကို အမှတ်တံဆိပ် ခတ်နှိပ်စေတော်မူလိမ့်မည်။ “ဤသည် သင်တို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အ တိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များကို အရှင့်စည်းမျဉ်းတော်နှင့် အညီ အသုံးမချဘဲ သူတို့၏စိတ်အလိုဆန္ဒအတိုင်း အသုံးချလျက် စု ဆောင်းသိုလှောင်ထားသော အရာများဖြစ်သည့်အတွက် သင်တို့စုဆောင်းသိုလှောင်ထားခဲ့သမျှနှင့်အညီ (အပူပေးထားသော သင်တို့၏ရတနာဖြင့် ဒဏ်ခတ်အရေးယူခြင်းကိုလည်း) မြည်းစမ်းကြလော့။”

❮ Previous Next ❯

ترجمة: يوم يحمى عليها في نار جهنم فتكوى بها جباههم وجنوبهم وظهورهم هذا, باللغة البورمية

﴿يوم يحمى عليها في نار جهنم فتكوى بها جباههم وجنوبهم وظهورهم هذا﴾ [التوبَة: 35]

Ba Sein
၃၅။ သူတို့အားလုံးကို ငရဲမီး၌ မြိုက်တော်မူမည့်နေ့၊ သူတို့၏ နဖူး၊ ဘေးနှင့်ကျောများကို မီးသံပူကပ်တော်မူမည့်နေ့၊ ထိုနေ့၌ သူတို့အား ဤအရာသည် သင်တို့အတွက် စုဆောင်းထားသောရွှေငွေရတနာတည်း။ယခုသင်တို့ စုဆောင်းသိမ်းဆည်းထားလေ့ရှိသောအရာမှ မြည်းကြလော့ဟု ဗျာဒိတ်ပေးတော်မူ၏။
Ghazi Mohammad Hashim
(ယင်းပြစ်ဒဏ်သည် ၎င်းတို့၌ အကြင်နေ့တွင်ကျရောက်အံ့)။ ထိုနေ့တွင် ယင်း ရွှေ၊ ငွေ(ရတနာများ)သည်’ဂျဟန္နမ်’ ငရဲမီးတွင် ဖုတ်မြှိုက်ခြင်းခံရအံ့။ [ထို့နောက် ထိုသူတို့၏နဖူးများ (သည်လည်းကောင်း၊) ထိုသူတို့၏နံဘေးများ(သည်လည်းကောင်း၊) ထိုသူတို့ ၏ကျောက်ကုန်းများ(သည်လည်းကောင်း၊) ယင်း (မီးဖုတ်ထားပြီးဖြစ်သော) ရွှေငွေဖြင့်တံဆိပ်ခတ်နှိပ် ခြင်းကိုခံကြရလတ္တံ့။] [(တနည်း) ထို့နောက်ထိုသူတို့၏ နဖူး၊ နံဘေးနှင့် ထိုသူတို့၏ကျောက်ကုန်း တို့သည်ယင်း(မီးဖုတ်ပြီးဖြစ်သော)ရွှေ၊ ငွေဖြင့် တံဆိပ်ခတ်နှိပ်ခြင်းကိုခံကြရလတ္တံ့။] (ထို့ပြင် ၎င်းတို့အား ပြစ်ဒဏ်ပေးသော ‘မလာအီကဟ်’ ကောင်းကင်တမန်တို့က) ဤကား အသင်တို့သည်မိမိတို့အဖို့ သိုမှီးသိမ်းဆည်း၍ ထားရှိခဲ့ကြသည့် (ရတနာ)များပင်တည်း။ သို့ဖြစ်ပေရာ (ယခု အသင်တို့သည် မိမိတို့ သိုမှီးသိမ်းဆည်းခြင်း(၏ပြစ်ဒဏ်)ကို မြည်းစမ်းကြလေ ကုန် (ဟုပြောဆိုကြလတ္တံ့)။
Hashim Tin Myint
(ပြစ်ဒဏ်ကျ‌ရောက်မည့်)ထို‌နေ့တွင် ထို(‌ရွှေ‌ငွေရတနာများ)သည် ဂျဟန္နမ်ငရဲမီး၌ ‌လောင်မြှိုက်ခြင်းခံရမည်။ ထို့ပြင် ထိုသူများ၏နဖူးများ၊ နံ‌ဘေးများနှင့် ‌ကျောကုန်းများသည် ၎င်း(မီးဖုတ်ထား‌သော‌ရွှေ‌ငွေ)နှင့် တံဆိပ်ခတ်နှိပ်ခြင်းကို ခံကြရမည်။* (ပြစ်ဒဏ်ခတ်‌သော ‌ကောင်းကင်တမန်များက ‌ပြောဆိုကြမည်) “ဤသည် အသင်တို့အ‌နေနှင့် အသင်တို့အတွက် စု‌ဆောင်းထားခဲ့ကြ‌သောအရာ(ရတနာ)များပင်ဖြစ်သည်။ သို့ဖြစ်ရာ အသင်တို့သည် အသင်တို့စု‌ဆောင်းမှု(၏ ပြစ်ဒဏ်)ကို မြည်းစမ်းကြည့်ကြပါ။“
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek