×

မုချဧကန်၊ မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်တို့အား ဖွဲ့စည်းဖြစ်ပေါ်စေတော်မူခဲ့သည့် နေ့ရက်အချိန်ကာလ မှစ၍ (ယနေ့မျက်မှောက်ကာလအထိ) အလ္လာဟ်အရှင်မြတ်အမြင်တော်တွင် (တစ်နှစ်တွင်ရှိသည့်) လများ၏အရေအတွက်မှာ အလ္လာဟ်အရှင်မြတ်၏အမိန့်တော်အရ ပြဋ္ဌာန်းသတ်မှတ်ထားသည့် မှတ်တမ်း၌ 9:36 Burmese translation

Quran infoBurmeseSurah At-Taubah ⮕ (9:36) ayat 36 in Burmese

9:36 Surah At-Taubah ayat 36 in Burmese (البورمية)

Quran with Burmese translation - Surah At-Taubah ayat 36 - التوبَة - Page - Juz 10

﴿إِنَّ عِدَّةَ ٱلشُّهُورِ عِندَ ٱللَّهِ ٱثۡنَا عَشَرَ شَهۡرٗا فِي كِتَٰبِ ٱللَّهِ يَوۡمَ خَلَقَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ مِنۡهَآ أَرۡبَعَةٌ حُرُمٞۚ ذَٰلِكَ ٱلدِّينُ ٱلۡقَيِّمُۚ فَلَا تَظۡلِمُواْ فِيهِنَّ أَنفُسَكُمۡۚ وَقَٰتِلُواْ ٱلۡمُشۡرِكِينَ كَآفَّةٗ كَمَا يُقَٰتِلُونَكُمۡ كَآفَّةٗۚ وَٱعۡلَمُوٓاْ أَنَّ ٱللَّهَ مَعَ ٱلۡمُتَّقِينَ ﴾
[التوبَة: 36]

မုချဧကန်၊ မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်တို့အား ဖွဲ့စည်းဖြစ်ပေါ်စေတော်မူခဲ့သည့် နေ့ရက်အချိန်ကာလ မှစ၍ (ယနေ့မျက်မှောက်ကာလအထိ) အလ္လာဟ်အရှင်မြတ်အမြင်တော်တွင် (တစ်နှစ်တွင်ရှိသည့်) လများ၏အရေအတွက်မှာ အလ္လာဟ်အရှင်မြတ်၏အမိန့်တော်အရ ပြဋ္ဌာန်းသတ်မှတ်ထားသည့် မှတ်တမ်း၌ ဆယ့်နှစ်လဖြစ်ပြီး ယင်းတို့အနက်မှ လေးလသည် (စစ်မတိုက်ရန် တားမြစ်ထားသည့်) ထူးမြတ် သောလများပင် ဖြစ်၏။ ထိုသို့ပင် (စကြဝဠာကြီး၏လည်ပတ်လှုပ်ရှားမှုများနှင့်လူ့ဘဝဖြစ်စဉ်များကိုလည်း အရှင့်နိယာမနှင့်စီမံချက်ဖြင့် ပြဋ္ဌာန်း သတ်မှတ်ထားတော်မူပြီး) ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများ ပါဝင်သည့်ဘဝ တည် ဆောက်ရေးလမ်းစဉ်) သည်လည်း ဖြောင့်မတ်တည်ကြည်၍ အစဉ် တည်တံ့မည့် လမ်းစဉ်တော်ဖြစ်၏။ သို့ဖြစ်ပေရာ ထိုလများတွင် အသင်တို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များကို စိတ်အလိုဆန္ဒနှင့်အညီ အသုံးချ၍ အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်လျက် မဟုတ်မတရား မမှန်မကန် မပြုလုပ်ကြလေနှင့်။ အရှင် မြတ်နှင့်တုပြိုင်တွဲဖက်၍ အခြားသောအရာများကို နာခံကိုးကွယ်ကြသူတို့ အားလုံး စုစည်း၍ သင်တို့အား အလုံးအရင်းဖြင့် တိုက်ခိုက်ကြသကဲ့သို့ သင်တို့အားလုံးလည်း တစ်ညီလက်ညီ အလုံးအရင်းဖြင့် (ခုခံ) တိုက်ခိုက်ကြလော့။ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးကြသူတို့နှင့်အတူရှိတော်မူကြောင်း နှလုံးသွင်းသိမှတ်ကြလော့။

❮ Previous Next ❯

ترجمة: إن عدة الشهور عند الله اثنا عشر شهرا في كتاب الله يوم, باللغة البورمية

﴿إن عدة الشهور عند الله اثنا عشر شهرا في كتاب الله يوم﴾ [التوبَة: 36]

Ba Sein
၃၆။ မှတ်သားကြလော့။အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးကို ဖန်ဆင်းတော်မူသောနေ့၌ တစ်နှစ်လျှင် ဆယ့်နှစ်လရှိသည်ဟု ပြဋ္ဌာန်းတော်မူ၏။ထိုလများအနက် လေးလသည် ထူးမြတ်လှ၏။ထိုအရာ သည် မှန်ကန်သောဘာသာအယူဝါဒဖြစ်၏။ထို့ကြောင့်ထိုလထူးလမြတ်တို့၌ သင်တို့သည် မိမိကိုယ်ကို မပြစ်မှား ကြလင့်၊ သင်တို့ကို မိစ္ဆာဒိဋ္ဌိတို့က စစ်တိုက်လျှင် သင်တို့လည်း သူတို့အားလုံးကို တုံ့ပြန်တိုက်ခိုက်ကြလော့၊ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ အမှုတော်ကို ကျေပွန်သူတို့နှင့်အတူတကွရှိတော်မူသည်ကို မှတ်သားကြလော့။
Ghazi Mohammad Hashim
ဧကန်စင်စစ် လများ၏ အရေအတွက်သည်အလ္လာဟ်အရှင်မြတ်၏ အထံတော်တွင် အလ္လာဟ် အရှင်မြတ်၏ကျမ်းတော်၌ လာရှိသည့်အတိုင်း မိုးကောင်းကင်များနှင့်ပထဝီမြေကို ထိုအရှင်မြတ် ဖန်ဆင်းတော်မူသည့်နေ့မှစ၍ဆယ့်နှစ်လမျှသာ ဖြစ်ချေသည်။ ၎င်း(ဆယ့်နှစ်လ)အနက်မှလေးလသည် ထူးမြတ်သောလများပင် ဖြစ်ကြပေသည်။ ဤသည် ဖြောင့်မတ် မှန်ကန်သော ‘ဒီန်’ သာသနာတော်က(ညွှန်ကြားပြသသောလမ်းစဉ်)ပင်ဖြစ်လေသည်။ သို့ဖြစ်ပေရာအသင်တို့သည် ၎င်း (လများ)နှင့်စပ်လျဉ်း၍ မိမိတို့ကိုယ်ကိုနှိပ်စက်ကလူ မပြုကြကုန်လင့်။ ၎င်းပြင် အသင်တို့သည် ‘မွတ်ရှ်ရစ်က်’ အားလုံးတို့ကို ၎င်းတို့သည် အသင်တို့အားလုံးတို့အားတိုက်ခိုက်ကြသကဲ့သို့ပင် တိုက်ခိုက်ကြလေကုန်။ ထို့ပြင် ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် သူတော်စင်အပေါင်းတို့နှင့်အတူ ရှိတော်မူကြောင်း အသင်တို့သည် ကောင်းစွာ မှတ်ယူကြလေကုန်။
Hashim Tin Myint
အမှန်စင်စစ် လများ၏ အ‌ရေအတွက်သည် အလ္လာဟ်အရှင်မြတ်ထံ‌တော်တွင် အလ္လာဟ်အရှင်မြတ်၏ ကျမ်း‌တော်တွင် ပါရှိသည့်အတိုင်း မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီကို အရှင်မြတ်ဖန်ဆင်း‌တော်မူ‌သော‌နေ့မှစပြီး ဆယ့်နှစ်လပင်ဖြစ်သည်။ ထိုထဲမှ ‌လေးလသည် ထွတ်မြတ်‌သောလများပင်*ဖြစ်သည်။ ဤသည် ‌ဖြောင့်မတ်မှန်ကန်‌သော သာသနာ‌တော်(၏ ညွှန်ကြားပြသချက်)ပင်ဖြစ်သည်။ သို့ဖြစ်ရာ အသင်တို့သည် ထိုလများ၌ အသင်တို့ကိုယ်ကိုအသင်တို့ ညှဉ်းပန်းနှိပ်စက်မှု မပြုကြနှင့်။ ၎င်းပြင် မုရှ်ရိက်များသည် အသင်တို့အားလုံးအား တိုက်ခိုက်ကြသကဲ့သို့ အသင်တို့သည်လည်း သူတို့အားလုံးအား တိုက်ခိုက်ကြပါ။* ထို့ပြင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်သူများနှင့်အတူ ရှိ‌တော်မူသည်ကို အသင်တို့ (‌ကောင်းစွာ)သိမှတ်ထားကြပါ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek