Quran with Burmese translation - Surah At-Taubah ayat 73 - التوبَة - Page - Juz 10
﴿يَٰٓأَيُّهَا ٱلنَّبِيُّ جَٰهِدِ ٱلۡكُفَّارَ وَٱلۡمُنَٰفِقِينَ وَٱغۡلُظۡ عَلَيۡهِمۡۚ وَمَأۡوَىٰهُمۡ جَهَنَّمُۖ وَبِئۡسَ ٱلۡمَصِيرُ ﴾
[التوبَة: 73]
﴿ياأيها النبي جاهد الكفار والمنافقين واغلظ عليهم ومأواهم جهنم وبئس المصير﴾ [التوبَة: 73]
Ba Sein ၇၃။ အို-တမန်တော်၊ မိစ္ဆာဒိဋ္ဌိတို့နှင့် ယုံကြည်ဟန်ဆောင်သူတို့ကို တိုက်ခိုက်လော့၊ သူတို့အပေါ် ခက်ထန်ကြမ်းကြုတ် လော့။သူတို့၏ နောက်ဆုံးဗိမာန်သည် ငရဲဖြစ်၏။အလွန်ဆိုးဝါးယုတ်ည့ံလှသောခရီးဆုံးတည်း။ |
Ghazi Mohammad Hashim အို-နဗီတမန်တော်၊ အသင်သည် ‘ကာဖိရ်’ သွေဖည်ငြင်းပယ်သူတို့အားလည်းကောင်း၊ ‘မုနာဖစ်က်’ မုစ်လင်မ်အယောင်ဆောင်သူတို့အားလည်းကောင်း၊ ဂျိဟာဒ်ပြုပါလေ။ထို့ပြင် ၎င်းတို့အပေါ်၌ အသင် သည် ပြင်းထန်ကျပ်တည်းမှုကိုပြုပါလေ။ ထိုမှတစ်ပါး ၎င်းတို့၏ခိုကိုးရာဌာနသည် ‘ဂျဟန္နမ်’ငရဲဘုံသည်ပင်ဖြစ်သည်။ အမှန်သော်ကား၊ ထိုစခန်းသည်အလွန် ဆိုးရွားလှပေသည်တကား။ |
Hashim Tin Myint အို- တမန်တော်၊ အသင်သည် ကာဖိရ်များနှင့်မုနာဖိက်များကို ဂျိဟာဒ်ပြုလုပ်ပါ။* ထို့ပြင် သူတို့အပေါ်တွင် ပြင်းထန်ကျပ်တည်းမှုကို ပြုလုပ်ပါ။ ထို့ပြင် သူတို့၏ခိုကိုးရာဌာနသည် ဂျဟန္နမ်ငရဲဘုံပင်ဖြစ်သည်။ ထို့ပြင် ထိုစခန်းသည် အဘယ်မျှ ဆိုးရွားလိုက်သနည်း။ |